သတင္း

ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ဦးဝီရသူအတြက္ ဆုေတာင္းပြဲလုပ္

ရန္ကုန္ ၊ ေမ ၃၀ – ၂၀၁၉

သိဂႌ (VOM)

ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ဆရာေတာ္ ဦးဝီရသူအတြက္ ဆုေတာင္းပြဲကို အမ်ိဳးသားေရးလွဳပ္႐ွားသူေတြ ၊ မ်ိဳးခ်စ္ရဟန္းသံဃာေတြနဲ႔ ဆရာေတာ္ကို ခ်စ္ျမတ္ႏိုးတဲ့ လူပုဂၢိဳလ္ေပါင္း ေထာင္ဂဏန္းေက်ာ္ေလာက္က ဒီေန႕ရန္ကုန္ျမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။

အဲဒီဆုေတာင္းပြဲမွာ အမ်ိဳးသားေရဝါဒီဆရာေတာ္ ဦးဝီရသူဟာ သူပုန္၊ အၾကမ္းဖက္သမား၊ လက္နက္စြဲကိုင္ေတာ္လွန္ေနတဲ့ ေတာ္လွန္ေရးသမားမဟုတ္ဘဲ အမ်ိဳးဘာသာ၊ သာသနာကို ထိန္းသိမ္း ေစာင့္ေ႐ွာက္ေနတဲ့ ဓမၼတရားကို ကိုင္စြဲထားသူျဖစ္တယ္လို႔ ဆိုပါတယ္။

“ဘယ္သူေတြ ဘယ္ေနရာမွာ ထလုပ္မလဲမသိဘူး၊ ေနာက္ရက္ေတြမွာ ဆရာေတာ္ကို ခ်စ္ျမတ္ႏိုးတဲ့ အနယ္နယ္အရပ္ရပ္က သူေတြက ဒီကေန႔ျပဳလုပ္သလို ႐ိုး႐ိုးတန္းတန္းစီတန္း လွည့္လည္တာမ်ိဳးလည္း ႐ွိလာႏိုင္ေပမယ့္ တကယ္လို႔ ခုအေျခအေနထက္ ပိုဆိုးတဲ့ ျပသနာေတြ ျဖစ္လာခဲ့ရင္ေတာ့ ဒါဟာ ဆရာေတာ္ဦးဝီးရသူကို ဖမ္းဆီးေဆာင္ရြက္ဖို႔လုပ္တဲ့ အစိုးရရဲ႕တာဝန္သာျဖစ္တယ္။”လို႔ အမ်ိဳးသားေရးအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ကိုဝင္းကိုကိုလတ္က ေျပာဆိုခဲ့ပါတယ္။

ဒီေန႔ ရန္ကုန္ၿမိဳ႕ ေရႊတိဂုံဘုရားေအာင္ေျမမွာ အမ်ိဳးသားေရးလွဳပ္႐ွားသူေတြနဲ႔ ဆရာေတာ္ကို ခ်စ္ျမတ္ႏိုးသူေတြ ေထာင္ဂဏန္းေက်ာ္ ျပဳလုပ္တဲ့ ေမတၱာပို႔ဆုေတာင္းပြဲမွာ ဆရာေတာ္ကို ဖမ္းဆီးဖို႔ ဖမ္းဝရမ္းထုတ္ ထုတ္ထားတဲ့အေပၚ အခုလိုေျပာဆိုခဲ့တာပါ။

ဒါ့အျပင္ “ဆရာေတာ္က ၾသဝါဒ ေပးထားပါတယ္။ ေထာင္ကိုမေၾကာက္ပါဘူး၊ အေမွာင္ကိုပဲ ေၾကာက္တဲ့လူပါလို႔ ေျပာထားပါတယ္။ ဆရာေတာ္ကို ဖမ္းဆီးမယ္ဆိုရင္ ဝရမ္း႐ွိတယ္ဆိုတဲ့အေပၚဆရာေတာ္က ျပန္လည္ေျဖ႐ွင္းသြားမွာ ျဖစ္ပါတယ္။ ေ႐ွာင္ေျပးတာ၊ ထြက္ေျပးတာမလုပ္ဘူး။ ဒီလို လာဖို႔စီစဥ္ထားတဲ့သူကို သူတို႔ဘက္က ဆိုင္းင့ံလိုက္တယ္၊ ဆရာေတာ္ကို ဝရမ္းနဲ႔ ေတြ႔တဲ့ေနရာမွာ ဖမ္းဆီးခ်င္တယ္ဆိုတဲ့အေနအထား လုပ္လိုက္တယ္။ ရဲတပ္ဖြဲ႔ကေန လိုက္ဖမ္းရေလာက္ေအာင္လည္း ခက္ခဲတဲ့သူမဟုတ္ဘူး၊ တႏိုင္ငံလုံးက သိတဲ့ပုဂၢိဳလ္လည္းျဖစ္တယ္။” လို႔လည္း ဆိုပါတယ္။

ဆရာေတာ္ဦးဝီရသူကို ၾသဝါဒေပးဖို႔ ပင့္ဖိတ္စဥ္ကေတာ့ စာနဲ႔ေရာက္လာခဲ့ေပမယ့္ ယခုၾသဝါဒေပးဖို႔ ဆိုင္းငံ့တာကိုက် ကိုယ္တိုင္လာကပ္တာ၊ ဖုန္းနဲ႔ဆက္သြယ္အေၾကာင္းၾကားတာ၊ ႏိုင္ငံေတာ္သတင္းစာကေန ေၾကျငာတာ၊ ဝန္ၾကီးတပါးပါးကေနတဆင့္ မီဒီယာကိုေျဖၾကားတာမ်ိဳးမဟုတ္ဘဲ ဝက္ဆိုက္ဘ္တခု၊ ေပ့ခ်္ တခုကေန ေၾကျငာလိုက္တာပဲ႐ွိတယ္လို႔ ဆုိပါတယ္။

“ႏိုင္ငံေတာ္ရဲ႕ သတင္းစာကေန ေၾကျငာတာလည္း မဟုတ္ဘူး။ ဝန္ႀကီးတပါးကေန ႐ုပ္ပုံႀကီးနဲ႔ တိတိက်က် မီဒီယာ ကေနေျဖၾကားတာလည္း မဟုတ္ပါဘူး။ ဆရာေတာ္ဖုန္းေတြကို ဆက္သြယ္အေၾကာင္းၾကားတာလည္း မ႐ွိတဲ့အတြက္ ဆရာေတာ္လာမယ္လို႔ ယူဆၿပီး၊ ခုဆရာေတာ္မလာေတာ့ ဆရာေတာ္ဆီ စာေရာက္သြားတယ္လို႔လည္း ယူဆတယ္။ “လို႔ ကိုဝင္းကိုကိုလတ္က ေျပာပါတယ္။

ဆရာေတာ္ဦးဝီရသူကို ခုလို ဖမ္းဝရမ္းထုတ္ တရားစြဲဆိုထားတာဟာ ဥပေဒအရ ညီၫြတ္ျခင္း ႐ွိမ႐ွိ သုံးသပ္နိုင္ေၾကာင္းနဲ႔ ဥပေဒအရဆိုရင္ မွားယြင္းေနတာလား၊ မွန္ေနတာလားဆိုတာကို အမ်ိဳးသားေရးအဖြဲ႔ ကေန သုံးသပ္ထားတာ႐ွိတယ္လို႔ ဆိုပါတယ္။

ဒီေန႔လုပ္တဲ့ပြဲဟာ ကမ္ပိန္းမဟုတ္ဘဲ ဆရာေတာ္ကို ၾသဝါဒေပးဖို႔ေခၚတယ္ဆိုလို႔ လာတာျဖစ္ျပီး ဆရာေတာ္မလာျဖစ္လို႔ ခုလို ေမတၱာပို႔ဆုေတာင္းပြဲလုပ္တာလို႔ သိရပါတယ္။

အမ်ိဳးသားေရးအဖြဲ႔၊ အမ်ိဳးသားေရးလွဳပ္႐ွားသူေတြအေနနဲ႔က တရားဝင္ ၿငိမ္းစုစီတင္ သြားတာမ်ိဳးလည္း႐ွိရင္႐ွိႏိုင္သလို ဥပေဒအရ ကန္႔ကြက္႐ွဳတ္ခ်တာေတြ ႐ွိလာႏိုင္ေၾကာင္းနဲ႔ တရားဝင္လုပ္ရပ္ေတြသာလုပ္မွာျဖစ္ၿပီး ဥပေဒမဲ့ကိစၥေတြ လုပ္မွာမဟုတ္ဘူးလို႔ ဆိုပါတယ္။

အလားတူေရႊတိဂံုမွာ လုပ္မယ့္လွဳပ္ရွားမွဳမ်ိဳး မႏၱေလးမွာလည္း ဒီေန႔ညေနပိုင္းမွာ လုပ္မယ္လို႔ အမ်ိဳးဘာသာ၊ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔ဝင္တခ်ိဳ႕ဆီက သိရပါတယ္။

voiceofmyanmar # ဖမ္းဝရမ္းထုတ္ခံထားရတဲ့ဦးဝီရသူအတြက္ဆုေတာင္းပြဲလုပ္ #ရန္ကုန္

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူအတွက် ဆုတောင်းပွဲလုပ်

ရန်ကုန် ၊ မေ ၃၀ – ၂၀၁၉

သိင်္ဂီ (VOM)

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူအတွက် ဆုတောင်းပွဲကို အမျိုးသားရေးလှုပ်ရှားသူတွေ ၊ မျိုးချစ်ရဟန်းသံဃာတွေနဲ့ ဆရာတော်ကို ချစ်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်ပေါင်း ထောင်ဂဏန်းကျော်လောက်က ဒီနေ့ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆုတောင်းပွဲမှာ အမျိုးသားရေဝါဒီဆရာတော် ဦးဝီရသူဟာ သူပုန်၊ အကြမ်းဖက်သမား၊ လက်နက်စွဲကိုင်တော်လှန်နေတဲ့ တော်လှန်ရေးသမားမဟုတ်ဘဲ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ဓမ္မတရားကို ကိုင်စွဲထားသူဖြစ်တယ်လို့ ဆိုပါတယ်။

“ဘယ်သူတွေ ဘယ်နေရာမှာ ထလုပ်မလဲမသိဘူး၊ နောက်ရက်တွေမှာ ဆရာတော်ကို ချစ်မြတ်နိုးတဲ့ အနယ်နယ်အရပ်ရပ်က သူတွေက ဒီကနေ့ပြုလုပ်သလို ရိုးရိုးတန်းတန်းစီတန်း လှည့်လည်တာမျိုးလည်း ရှိလာနိုင်ပေမယ့် တကယ်လို့ ခုအခြေအနေထက် ပိုဆိုးတဲ့ ပြသနာတွေ ဖြစ်လာခဲ့ရင်တော့ ဒါဟာ ဆရာတော်ဦးဝီးရသူကို ဖမ်းဆီးဆောင်ရွက်ဖို့လုပ်တဲ့ အစိုးရရဲ့တာဝန်သာဖြစ်တယ်။”လို့ အမျိုးသားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းကိုကိုလတ်က ပြောဆိုခဲ့ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအောင်မြေမှာ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ဆရာတော်ကို ချစ်မြတ်နိုးသူတွေ ထောင်ဂဏန်းကျော် ပြုလုပ်တဲ့ မေတ္တာပို့ဆုတောင်းပွဲမှာ ဆရာတော်ကို ဖမ်းဆီးဖို့ ဖမ်းဝရမ်းထုတ် ထုတ်ထားတဲ့အပေါ် အခုလိုပြောဆိုခဲ့တာပါ။

ဒါ့အပြင် “ဆရာတော်က သြဝါဒ ပေးထားပါတယ်။ ထောင်ကိုမကြောက်ပါဘူး၊ အမှောင်ကိုပဲ ကြောက်တဲ့လူပါလို့ ပြောထားပါတယ်။ ဆရာတော်ကို ဖမ်းဆီးမယ်ဆိုရင် ဝရမ်းရှိတယ်ဆိုတဲ့အပေါ်ဆရာတော်က ပြန်လည်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ ရှောင်ပြေးတာ၊ ထွက်ပြေးတာမလုပ်ဘူး။ ဒီလို လာဖို့စီစဉ်ထားတဲ့သူကို သူတို့ဘက်က ဆိုင်းငံ့လိုက်တယ်၊ ဆရာတော်ကို ဝရမ်းနဲ့ တွေ့တဲ့နေရာမှာ ဖမ်းဆီးချင်တယ်ဆိုတဲ့အနေအထား လုပ်လိုက်တယ်။ ရဲတပ်ဖွဲ့ကနေ လိုက်ဖမ်းရလောက်အောင်လည်း ခက်ခဲတဲ့သူမဟုတ်ဘူး၊ တနိုင်ငံလုံးက သိတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်။” လို့လည်း ဆိုပါတယ်။

ဆရာတော်ဦးဝီရသူကို သြဝါဒပေးဖို့ ပင့်ဖိတ်စဉ်ကတော့ စာနဲ့ရောက်လာခဲ့ပေမယ့် ယခုသြဝါဒပေးဖို့ ဆိုင်းငံ့တာကိုကျ ကိုယ်တိုင်လာကပ်တာ၊ ဖုန်းနဲ့ဆက်သွယ်အကြောင်းကြားတာ၊ နိုင်ငံတော်သတင်းစာကနေ ကြေငြာတာ၊ ဝန်ကြီးတပါးပါးကနေတဆင့် မီဒီယာကိုဖြေကြားတာမျိုးမဟုတ်ဘဲ ဝက်ဆိုက်ဘ်တခု၊ ပေ့ချ် တခုကနေ ကြေငြာလိုက်တာပဲရှိတယ်လို့ ဆိုပါတယ်။

“နိုင်ငံတော်ရဲ့ သတင်းစာကနေ ကြေငြာတာလည်း မဟုတ်ဘူး။ ဝန်ကြီးတပါးကနေ ရုပ်ပုံကြီးနဲ့ တိတိကျကျ မီဒီယာ ကနေဖြေကြားတာလည်း မဟုတ်ပါဘူး။ ဆရာတော်ဖုန်းတွေကို ဆက်သွယ်အကြောင်းကြားတာလည်း မရှိတဲ့အတွက် ဆရာတော်လာမယ်လို့ ယူဆပြီး၊ ခုဆရာတော်မလာတော့ ဆရာတော်ဆီ စာရောက်သွားတယ်လို့လည်း ယူဆတယ်။ “လို့ ကိုဝင်းကိုကိုလတ်က ပြောပါတယ်။

ဆရာတော်ဦးဝီရသူကို ခုလို ဖမ်းဝရမ်းထုတ် တရားစွဲဆိုထားတာဟာ ဥပဒေအရ ညီညွတ်ခြင်း ရှိမရှိ သုံးသပ်နိုင်ကြောင်းနဲ့ ဥပဒေအရဆိုရင် မှားယွင်းနေတာလား၊ မှန်နေတာလားဆိုတာကို အမျိုးသားရေးအဖွဲ့ ကနေ သုံးသပ်ထားတာရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့လုပ်တဲ့ပွဲဟာ ကမ်ပိန်းမဟုတ်ဘဲ ဆရာတော်ကို သြဝါဒပေးဖို့ခေါ်တယ်ဆိုလို့ လာတာဖြစ်ပြီး ဆရာတော်မလာဖြစ်လို့ ခုလို မေတ္တာပို့ဆုတောင်းပွဲလုပ်တာလို့ သိရပါတယ်။

အမျိုးသားရေးအဖွဲ့၊ အမျိုးသားရေးလှုပ်ရှားသူတွေအနေနဲ့က တရားဝင် ငြိမ်းစုစီတင် သွားတာမျိုးလည်းရှိရင်ရှိနိုင်သလို ဥပဒေအရ ကန့်ကွက်ရှုတ်ချတာတွေ ရှိလာနိုင်ကြောင်းနဲ့ တရားဝင်လုပ်ရပ်တွေသာလုပ်မှာဖြစ်ပြီး ဥပဒေမဲ့ကိစ္စတွေ လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အလားတူရွှေတိဂုံမှာ လုပ်မယ့်လှုပ်ရှားမှုမျိုး မန္တလေးမှာလည်း ဒီနေ့ညနေပိုင်းမှာ လုပ်မယ်လို့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်တချို့ဆီက သိရပါတယ်။

voiceofmyanmar # ဖမ်းဝရမ်းထုတ်ခံထားရတဲ့ဦးဝီရသူအတွက်ဆုတောင်းပွဲလုပ် #ရန်ကုန်