သတင္း

ဦး၀ီရသူကို တရားစြဲဆိုမႈ ေနာက္ဆက္တြဲ အမ်ဳိးသားေရးျပႆနာကို NLD တာ၀န္ယူရမယ္

ဦးဝီရသူကို ေငြဒဏ္နဲ႔တကြ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းအထိ အျပစ္ေပးႏိုင္တဲ့ ရာဇသတ္ႀကီး ပုဒ္မ ၁၂၄ (က)နဲ႔ ေမလ ၂၇ ရက္ေန႔ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံးမွာ တရားစြဲဆိုခဲ့ၿပီး ဖမ္းဝရမ္းထုတ္ခဲ့တယ္ဆိုတဲ့ သတင္းဟာ အမ်ဳိးဘာသာသနာကို ခ်စ္ျမတ္ႏိုးသူေတြနဲ႔ အမ်ဳိးသားေရးသမားေတြရဲ႕ အသိုင္းအ၀ိုင္းေတြကို ပြတ္ေလာ႐ိုက္ခတ္ေစခဲ့ပါတယ္။

အစိုးရကို မနာလိုမုန္းထားေအာင္၊ မေလးစားေအာင္၊ ေမတၱာပ်က္ေအာင္ အားထုတ္လံႈ႕ေဆာ္မႈနဲ႔ တရားစြဲခဲ့တာျဖစ္ၿပီး ဖမ္းဝရမ္းရဲဲ႕ ေနာက္ဆုံးသတ္မွတ္ရက္မွာ ဇြန္လ ၄ ရက္ေန႔ျဖစ္တယ္လို႔ သိရပါတယ္။

အခုလက္ရွိအခ်ိန္ဟာ ျမန္မာႏိုင္ငံမွာ ဘာသာေရးထိလြယ္ရွလြယ္တဲ့ အခက္အခဲေတြရွိေနတဲ့ၾကားက အခုလို တစ္သက္တစ္ကၽြန္းက်ခံႏိုင္ေစတဲ့ ပုဒ္မနဲ႔ တရားစြဲဆိုမႈဟာ ျမန္မာႏိုင္ငံအတြက္ေရာ ဘာသာေရးအတြက္ပါ စိုးရိမ္စရာအေျခအေနကို ေရာက္ရွိေနၿပီလို႔ သံုးသပ္မိပါတယ္။

အမ်ဳိးဘာသာသာသနာကို ခ်စ္ျမတ္ႏိုးသူေတြနဲ႔ အမ်ဳိးသားေရးသမားေတြဟာ ဒီကိစၥကို စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ဆိုင္းေနၾကၿပီး ျဖစ္ေပၚလာတဲ့ အေျခအေနအေပၚ မူတည္ၿပီးေတာ့ လမ္းေပၚထြက္သင့္က ထြက္ဖုိ႔ အသင့္ရွိေနၾကၿပီျဖစ္တယ္လို႔ အမ်ဳိးသားေရးအသိုင္းအ၀ုိင္းဆီက သိရပါတယ္။

၂၀၀၃ ခုႏွစ္ ေမလမွာ ေက်ာက္ဆည္ၿမိဳ႕ ေလးမ်က္နာဘုရားမွာ အမ်ိဳးသားေရးတရား (NLD ပါတီစည္း႐ံုးေရး)တရားေဟာၾကားခဲ့ၿပီး ေနာက္ပိုင္းတြင္ အဓိက႐ုဏ္းျဖစ္ပြားခဲ့တာေၾကာင့္ ကိုယ္တိုင္ကိုယ္က် ပါ၀င္ပတ္သက္ျခင္းနဲ႔ လံႈ႕ေဆာ္စည္း႐ံုးခဲ့မႈနဲ႔ ဦးသန္းေရႊအစိုးရက ေထာင္ဒဏ္ ၂၅ ႏွစ္ ခ်ျခင္းကို ခံခဲ့ရပါတယ္။ အဲဒီေနာက္ ဦးသိန္းစိန္အစိုးရလက္ထက္ ၂၀၁၂ ခုႏွစ္ ဇန္န၀ါရလ ၁၃ ရက္ေန႔မွာ ျမစ္ႀကီးနားေထာင္ ျပန္လည္လြတ္ေျမာက္ခြင့္လည္း ရခဲ့ပါတယ္။

စစ္အစိုးရကို ေတာ္လွန္ၿပီး ေဒၚစုကို ေထာက္ခံလို႔ စစ္အစိုးရက ဆရာေတာ္ကို ၂၅ ႏွစ္ (ဦးသိန္းစိန္ရဲ႕ လြတ္ၿငိမ္းခ်မ္းသာနဲ႔ဆို ၉ ႏွစ္ပဲ က်ခဲ့တာ) ႏွစ္ ေထာင္ခ်ခဲ့ေပမယ့္ အခုအခါမွာေတာ့ ေထာင္က်တဲ့အထိ ေထာက္ခံခဲ့တဲ့ ဆရာေတာ္ကို ေဒၚစုၾကည္ရဲ႕ အစိုးရ ျပန္ၿပီးေတာ့ တစ္သက္တစ္ကၽြန္းထိ ေထာင္ခ်ပါေတာ့မယ္။

စစ္အစိုးရက ဆရာေတာ္ကို ေထာင္ခ်ခဲ့ေပမယ့္ ျပန္လြတ္လာခ်ိန္မွာ တစ္ႀကိမ္တစ္ခါမွ တရားေဟာခြင့္ကို ပိတ္ပင္မႈမခဲ့ရဘဲ ဆရာေတာ္ ေထာက္ခံ၀ုိင္းရံေပးခဲ့တဲ့ NLD အစိုးရလက္ထက္ကို ေရာက္လာမွ တရားေဟာခြင့္ေတြကို ႏွစ္နဲ႔ခ်ီ ပိတ္ပင္ခဲ့တာလည္း အားလံုးအသိပဲ ျဖစ္မွာပါ။ ဘာသာေရးအေပၚမွာ ခံယူမႈ ကြာဟတဲ့ အခ်က္ပါ။

ေမလ ၅ ရက္ေန႔က အေျခခံဥပေဒ ပုဒ္မ ၅၉ (စ) ကာကြယ္ေစာင့္ေရွာက္ေရး ရန္ကုန္ ၿမိဳ႕ေတာ္ခန္းမေရွ႕ ေဟာေျပာပြဲမွာ ဦးဝီရသူရဲ႕ ေဟာေျပာခဲ့မႈေၾကာင့္ လူမႈေရးလုပ္ငန္းေတြကို မလုပ္ေဆာင္ဖုိ႔ ေမလ ၃၀ ရက္ေန႔မွာ ေရႊတိဂံုေစတီေတာင္အနီး ရန္ကုန္တိုင္းသံဃာ့နာယကအဖြဲ႕႐ံုးကို လာေရာက္ၾသ၀ါဒခံဖို႔ အေၾကာင္းထားေပမယ့္ မေန႔က ေခတၱဆိုင္းငံ့ထားလိုက္ပါတယ္။

အဲဒီေတာ့ ေမးလိုတာက NLDကုိ ေထာက္ခံေနၾကတဲ့ ဆရာေတာ္ေတြျဖစ္တဲ့ -တရားပလႅင္ထက္က ေဒၚစုၾကည္ရဲ႕ ခ်ိတ္ထမီအေၾကာင္းကို ဘုန္းေတာ္ဖြဲ႕ခဲ့တဲ့ ေရႊပါရမီေတာရ အရွင္ဆႏၵာဓိက -ေရႊညဝါ ဆရာေတာ္ -ဒယ္အုိေလး ဆရာေတာ္တို႔ဟာ ဦး၀ီရသူကို သံဃာ့နာယကအဖြဲ႕က သတိေပးေနတဲ့ လူမႈေရးလုပ္ေဆာင္မႈေတြနဲ႔ ကင္းလြတ္ၾကပါရဲ႕လားလို႔ ေမးခြန္းထုတ္ရမလိုေတာင္ ျဖစ္ေနပါၿပီ။

အဲဒီဆရာေတာ္ေတြကို ျပစ္မွားတာမဟုတ္ပါဘူး။ သံဃာ့နာယကအဖြဲ႕ကေျပာတဲ့ စကားဟာ ဆရာေတာ္တစ္ပါးတည္းဆီမွာပဲ သက္ေရာက္တာမဟုတ္ဘဲနဲ႔ သံဃာထုတစ္ခုလံုးကို တရားမွ်တစြာ ထိေရာက္ေစဖို႔အတြက္ ေထာက္ျပရျခင္း သတ္သတ္သာ ျဖစ္ပါတယ္။

ဩဝါဒခံယူဖို႔ အေၾကာင္းၾကားလာတဲ့ တိုင္းသာသနာေရးဦးစီးဌာနက တာဝန္ရွိသူကို ဦးဝီရသူက ခင္ဗ်ားတို႔လည္း ေျပာလိုက္ပါ။ သံဃာ့နာယက ဆိုတာက သံဃာေတြကို အကာအကြယ္ေပးရမွာ။ သံဃာေတြကို နွိပ္ကြပ္တာမ်ဳိးကို ဝီရသူက လက္ခံမွာ မဟုတ္ဘူးလို႔ တုံ႔ျပန္ေျပာဆိုလိုက္ပါေသးတယ္။ ထားလိုက္ပါ ဒါကေတာ့ သံဃာ့နာယကအဖြဲ႕ရဲ႕ လုပ္ေဆာင္ခ်က္ပါ။ ကၽြန္ေတာ္ေျပာလိုတဲ့ ရည္ရြယ္ခ်က္မဟုတ္ဘူး။

ေနာက္တစ္ခ်က္ရွိေသးတယ္ လက္ရွိျမန္မာႏိုင္ငံမွာ ဆူညံစြာပြတ္ေလာ႐ိုက္ေနတဲ့ ျမစ္ဆံုကိစၥ၊ ၅၉(စ)ကိစၥ၊ စစ္တပ္နဲ႔ ႀကံ့ခုိင္ေရးနဲ႔ ေပါင္းၿပီး တင္သြင္းတဲ့ ဖြဲ႔စည္းပံုျပင္ဆင္ေရး ပုဒ္မႏွစ္ခုကိစၥ၊ လက္ရွိအေနာက္တံခါးမွာ ျပည္သူေတြ မသိေအာင္ လက္ခံေနတဲ့ ဘဂၤါလီကိစၥေတြကို ေပ်ာက္ပ်က္သြားေအာင္ ဒီကိစၥကို သတ္သတ္ဖန္တီးေနတာမ်ားလားဆိုတဲ့တစ္ခ်က္ပါ။ ဒါကိုလည္း ေျပာခ်င္တာမဟုတ္ေပမယ့္ စာဖတ္သူေတြနဲ႔ အေနနဲ႔ သတိခ်ပ္မိေအာင္ ေျပာဆိုရျခင္းသား ျဖစ္ပါတယ္။

ေျပာခ်င္တာ NLD အစိုးရဟာ အခုအခ်ိန္မွာ ငါနဲ႔ မတူ ငါ့ရန္သူ၊ ငါ့ကိုေ၀ဖန္ ေထာင္ထဲျပန္(သြား)ဆိုတဲ့ အာဏာရွင္၀ါဒကို အတိအလင္း လက္ခံက်င့္သံုးေနပါၿပီ။ လုပ္ရမယ္လို႔ေတြးမိတာနဲ႔ ျဖစ္သင့္မျဖစ္သင့္ မေတြ႕ေတာ့ဘဲ အာဏာရွင္ဆန္ဆန္ လုပ္ေဆာင္ေနပါၿပီ။

ဥပမာ – ေဒါက္တာေအးေမာင္တို႔လို အမႈမ်ဳိးေပါ့ဗ်ာ။ ေဒါက္တာေအးေမာင္နဲ႔ ရခိုင္ေတြဟာ ဒီအစိုးရလက္ထက္မွာမွ ဒီလိုစကားေတြကို ေျပာဆိုခဲ့တာမဟုတ္ဘူး။ စစ္အစိုးရေခတ္၊ ဦးသိန္းစိန္အစိုးရေခတ္ေတြမွာ အခုလိုေျပာဆိုမႈထက္ ပိုဆုိးဆိုး၀ါး၀ါး ေျပာဆိုခဲ့တာပဲ။ ဒါေတြကို ရခိုင္ေတြရဲ႕ ခံစားခ်က္ေတြကို ငဲ့ၿပီး မ်က္စိပိတ္ နားပိတ္ေနခဲ့ေပမယ့္ အခု NLD အစိုးရကေတာ့ သူတို႔ပံုစံအတုိင္းပဲ ငါကိုမထိနဲ႔ ထိတာနဲ႔ မီးပြင့္သြားမယ္ဆိုတဲ့အတုိင္း ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်လိုက္ေတာ့မယ္။ အခုလက္ရွိ ရခိုင္က တုိက္ပြဲေတြဟာ ေဒါက္တာေအးေမာင္ကို ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္လိုက္တဲ့အခ်ိန္ကစလို႔ ပိုမိုဆိုး၀ါးခဲ့တာကို အားလံုး သတိထားမိၾကမယ္ထင္ပါတယ္။

အခုလည္း ဆရာေတာ္ကို တစ္သက္တစ္ကၽြန္းခ်တဲ့အထိ ျပစ္ဒဏ္ေပးခဲ့ရင္ ေနာက္ဆက္တြဲျဖစ္လာမယ့္ အမ်ဳိးသားေရးျပႆနာေတြ၊ ဘာသာေရးျပႆနာေတြကို အစိုးရအေနနဲ႔ တာ၀န္ယူေပးႏိုင္မလား။

လက္နက္ကိုင္ၿပီး တိုက္ခိုက္ေနသူေတြက်ေတာ့ ေနျပည္ေတာ္မွာ အထူးစပါယ္ရွယ္ ျပဳစုၿပီး ထားတယ္။ ဘုန္းႀကီးနဲ႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကိုက်ေတာ့ သူတို႔ ေဝဖန္လို႔တ့ဲဗ်ာ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္တယ္ ဆိုၿပီး ဝရမ္းထုက္ၿပီး ဖမ္းခိုင္းတယ္။ ကဲ့ ျဖစ္သင့္သလား မျဖစ္သင့္ဘူးလား စာဖတ္သူေတြပဲ စဥ္းစားၾကည့္ၾကေပေတာ့။

အခုအခ်ိန္မွာ ဘာသာေရးအရ ပြဲလန္႔တုန္း ဖ်ာခင္းမယ့္ တရားမ၀င္လူမ်ဳိးစုတစ္စု ရွိေနၾကတယ္ဆိုတာလည္း ေမ့ထားလို႔မရပါဘူး။ ဆရာေတာ္နဲ႔ ပတ္သက္ၿပီး သတင္းတုေတြကို #ျမန္မာမူဆင္မီဒီယာ ဆိုတဲ့ Facebook Page တစ္ခုက ေဒၚလာသံုးၿပီး Boost တြန္းေနတာေတြလည္း ေတြ႕ရတယ္။

ေနာက္တစ္ခါ တြဲဘက္ေရႊက်င္သာသနာပိုင္ သီတဂူဆရာေတာ္ ေဒါက္တာ အရွင္ဉာဏိသရက မႏၲေလး၊ ဝီရသူက ငါ့ရဲေဘာ္ဆိုၿပီး ေျပာၾကားမႈေၾကာင့္ NLD ပါတီ၀င္ေတြနဲ႔ တရားမ၀င္လူမ်ဳိးစုေတြက ပက္ပက္စက္စက္ရစရာမရွေအာင္ ဆဲဆိုေနၾကတာ ျမင္ရေတာ့ ဗုဒၶဘာသာ၀င္တစ္ေယာက္အဖို႔ ရင္ဆို႔နင္ဖြယ္ ျမင္ေနေတြ႕ေနရတယ္။

ဒါေပမယ့္ ဦး၀ီရသူကေတာ့ “အစြန္းေရာက္လို႔ အေခၚခံရတာ အစကေတာ့ နားခါးတာေပါ့ ေနာက္ေတာ့ခ်ိဳးၿမိန္လာတယ္။ ကိုယ့္လူမ်ိဳးကိုခ်စ္တာ အေပၚယံခ်စ္တာ မဟုတ္ဘူး။ အစြန္းေရာက္ေအာင္ကို ခ်စ္တာ။ ႏိုင္ငံေရးသမားေတြလို အာဏာလိုခ်င္လို႔ ေနရာလိုခ်င္လို႔ ခ်စ္ျပတာမဟုတ္ဘူး။ ကိုယ့္လူမ်ိဳးကို အတြင္းက်က်ခ်စ္တာ ကိုယ့္လူမ်ိဳးကို ခ်စ္တာကို အစြန္းေရာက္လို႔သတ္မွတ္ခ်င္လည္း ေက်နပ္ပါတယ္”လို႔ သူ႔ရဲ႕ မ်ဳိးခ်စ္စိတ္ဓာတ္ကို ပြင့္ပြင့္လင္းလင္း ေျပာထားၿပီးသားလည္း ျဖစ္ပါတယ္။

အဲဒီေတာ့ အားလံုးကို ၿခံဳငံုေျပာဆိုရင္ ေဒၚစုၾကည္နဲ႔ NLD အစိုးရအဟာ စိတ္ထင္တုိင္း ေလွ်ာက္ေနၿပီး ပါတီရဲ႕ နဂိုလ္ေသာက္က်င့္ျဖစ္တဲ့ လမ္းေပၚထြက္ယဥ္ေက်းမႈကို ဆက္လက္ေဖာ္ေဆာင္ေနမယ္ဆိုရင္ ျဖစ္လာမယ့္ လူမ်ဳိးေရးျပႆနာေတြ၊ ဘာသာေရးျပႆနာေတြအေပၚမွာ လံုး၀တာ၀န္ယူေပးရလိမ့္မယ္လို႔ အမ်ဳိးသားေရးစိတ္ဓာတ္အျပည့္နဲ႔ သတိေပးေျပာဆိုလိုက္ရပါေၾကာင္း။

ေလေပြ႐ိုင္း
30.5.2019

https://www.facebook.com/search/top/?q=%E1%80%A5%E1%80%AE%E1%80%B8%E1%81%80%E1%80%AE%E1%80%9B%E1%80%9E%E1%80%B0%E1%80%80%E1%80%AD%E1%80%AF%20%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%85%E1%80%BC%E1%80%B2%E1%80%86%E1%80%AD%E1%80%AF%E1%80%99%E1%82%88%20%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%86%E1%80%80%E1%80%B9%E1%80%90%E1%80%BC%E1%80%B2%20&epa=SEARCH_BOX

ဦးဝီရသူကို တရားစွဲဆိုမှု နောက်ဆက်တွဲ အမျိုးသားရေးပြဿနာကို NLD တာဝန်ယူရမယ်

ဦးဝီရသူကို ငွေဒဏ်နဲ့တကွ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ အပြစ်ပေးနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က)နဲ့ မေလ ၂၇ ရက်နေ့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့ပြီး ဖမ်းဝရမ်းထုတ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ အမျိုးဘာသာသနာကို ချစ်မြတ်နိုးသူတွေနဲ့ အမျိုးသားရေးသမားတွေရဲ့ အသိုင်းအဝိုင်းတွေကို ပွတ်လောရိုက်ခတ်စေခဲ့ပါတယ်။

အစိုးရကို မနာလိုမုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် အားထုတ်လှုံ့ဆော်မှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး ဖမ်းဝရမ်းရဲ့ နောက်ဆုံးသတ်မှတ်ရက်မှာ ဇွန်လ ၄ ရက်နေ့ဖြစ်တယ်လို့ သိရပါတယ်။

အခုလက်ရှိအချိန်ဟာ မြန်မာနိုင်ငံမှာ ဘာသာရေးထိလွယ်ရှလွယ်တဲ့ အခက်အခဲတွေရှိနေတဲ့ကြားက အခုလို တစ်သက်တစ်ကျွန်းကျခံနိုင်စေတဲ့ ပုဒ်မနဲ့ တရားစွဲဆိုမှုဟာ မြန်မာနိုင်ငံအတွက်ရော ဘာသာရေးအတွက်ပါ စိုးရိမ်စရာအခြေအနေကို ရောက်ရှိနေပြီလို့ သုံးသပ်မိပါတယ်။

အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသူတွေနဲ့ အမျိုးသားရေးသမားတွေဟာ ဒီကိစ္စကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေကြပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ လမ်းပေါ်ထွက်သင့်က ထွက်ဖို့ အသင့်ရှိနေကြပြီဖြစ်တယ်လို့ အမျိုးသားရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

၂၀၀၃ ခုနှစ် မေလမှာ ကျောက်ဆည်မြို့ လေးမျက်နာဘုရားမှာ အမျိုးသားရေးတရား (NLD ပါတီစည်းရုံးရေး)တရားဟောကြားခဲ့ပြီး နောက်ပိုင်းတွင် အဓိကရုဏ်းဖြစ်ပွားခဲ့တာကြောင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခြင်းနဲ့ လှုံ့ဆော်စည်းရုံးခဲ့မှုနဲ့ ဦးသန်းရွှေအစိုးရက ထောင်ဒဏ် ၂၅ နှစ် ချခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရလ ၁၃ ရက်နေ့မှာ မြစ်ကြီးနားထောင် ပြန်လည်လွတ်မြောက်ခွင့်လည်း ရခဲ့ပါတယ်။

စစ်အစိုးရကို တော်လှန်ပြီး ဒေါ်စုကို ထောက်ခံလို့ စစ်အစိုးရက ဆရာတော်ကို ၂၅ နှစ် (ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာနဲ့ဆို ၉ နှစ်ပဲ ကျခဲ့တာ) နှစ် ထောင်ချခဲ့ပေမယ့် အခုအခါမှာတော့ ထောင်ကျတဲ့အထိ ထောက်ခံခဲ့တဲ့ ဆရာတော်ကို ဒေါ်စုကြည်ရဲ့ အစိုးရ ပြန်ပြီးတော့ တစ်သက်တစ်ကျွန်းထိ ထောင်ချပါတော့မယ်။

စစ်အစိုးရက ဆရာတော်ကို ထောင်ချခဲ့ပေမယ့် ပြန်လွတ်လာချိန်မှာ တစ်ကြိမ်တစ်ခါမှ တရားဟောခွင့်ကို ပိတ်ပင်မှုမခဲ့ရဘဲ ဆရာတော် ထောက်ခံဝိုင်းရံပေးခဲ့တဲ့ NLD အစိုးရလက်ထက်ကို ရောက်လာမှ တရားဟောခွင့်တွေကို နှစ်နဲ့ချီ ပိတ်ပင်ခဲ့တာလည်း အားလုံးအသိပဲ ဖြစ်မှာပါ။ ဘာသာရေးအပေါ်မှာ ခံယူမှု ကွာဟတဲ့ အချက်ပါ။

မေလ ၅ ရက်နေ့က အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး ရန်ကုန် မြို့တော်ခန်းမရှေ့ ဟောပြောပွဲမှာ ဦးဝီရသူရဲ့ ဟောပြောခဲ့မှုကြောင့် လူမှုရေးလုပ်ငန်းတွေကို မလုပ်ဆောင်ဖို့ မေလ ၃၀ ရက်နေ့မှာ ရွှေတိဂုံစေတီတောင်အနီး ရန်ကုန်တိုင်းသံဃာ့နာယကအဖွဲ့ရုံးကို လာရောက်သြဝါဒခံဖို့ အကြောင်းထားပေမယ့် မနေ့က ခေတ္တဆိုင်းငံ့ထားလိုက်ပါတယ်။

အဲဒီတော့ မေးလိုတာက NLDကို ထောက်ခံနေကြတဲ့ ဆရာတော်တွေဖြစ်တဲ့ -တရားပလ္လင်ထက်က ဒေါ်စုကြည်ရဲ့ ချိတ်ထမီအကြောင်းကို ဘုန်းတော်ဖွဲ့ခဲ့တဲ့ ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက -ရွှေညဝါ ဆရာတော် -ဒယ်အိုလေး ဆရာတော်တို့ဟာ ဦးဝီရသူကို သံဃာ့နာယကအဖွဲ့က သတိပေးနေတဲ့ လူမှုရေးလုပ်ဆောင်မှုတွေနဲ့ ကင်းလွတ်ကြပါရဲ့လားလို့ မေးခွန်းထုတ်ရမလိုတောင် ဖြစ်နေပါပြီ။

အဲဒီဆရာတော်တွေကို ပြစ်မှားတာမဟုတ်ပါဘူး။ သံဃာ့နာယကအဖွဲ့ကပြောတဲ့ စကားဟာ ဆရာတော်တစ်ပါးတည်းဆီမှာပဲ သက်ရောက်တာမဟုတ်ဘဲနဲ့ သံဃာထုတစ်ခုလုံးကို တရားမျှတစွာ ထိရောက်စေဖို့အတွက် ထောက်ပြရခြင်း သတ်သတ်သာ ဖြစ်ပါတယ်။

ဩဝါဒခံယူဖို့ အကြောင်းကြားလာတဲ့ တိုင်းသာသနာရေးဦးစီးဌာနက တာဝန်ရှိသူကို ဦးဝီရသူက ခင်ဗျားတို့လည်း ပြောလိုက်ပါ။ သံဃာ့နာယက ဆိုတာက သံဃာတွေကို အကာအကွယ်ပေးရမှာ။ သံဃာတွေကို နှိပ်ကွပ်တာမျိုးကို ဝီရသူက လက်ခံမှာ မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုလိုက်ပါသေးတယ်။ ထားလိုက်ပါ ဒါကတော့ သံဃာ့နာယကအဖွဲ့ရဲ့ လုပ်ဆောင်ချက်ပါ။ ကျွန်တော်ပြောလိုတဲ့ ရည်ရွယ်ချက်မဟုတ်ဘူး။

နောက်တစ်ချက်ရှိသေးတယ် လက်ရှိမြန်မာနိုင်ငံမှာ ဆူညံစွာပွတ်လောရိုက်နေတဲ့ မြစ်ဆုံကိစ္စ၊ ၅၉(စ)ကိစ္စ၊ စစ်တပ်နဲ့ ကြံ့ခိုင်ရေးနဲ့ ပေါင်းပြီး တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မနှစ်ခုကိစ္စ၊ လက်ရှိအနောက်တံခါးမှာ ပြည်သူတွေ မသိအောင် လက်ခံနေတဲ့ ဘင်္ဂါလီကိစ္စတွေကို ပျောက်ပျက်သွားအောင် ဒီကိစ္စကို သတ်သတ်ဖန်တီးနေတာများလားဆိုတဲ့တစ်ချက်ပါ။ ဒါကိုလည်း ပြောချင်တာမဟုတ်ပေမယ့် စာဖတ်သူတွေနဲ့ အနေနဲ့ သတိချပ်မိအောင် ပြောဆိုရခြင်းသား ဖြစ်ပါတယ်။

ပြောချင်တာ NLD အစိုးရဟာ အခုအချိန်မှာ ငါနဲ့ မတူ ငါ့ရန်သူ၊ ငါ့ကိုဝေဖန် ထောင်ထဲပြန်(သွား)ဆိုတဲ့ အာဏာရှင်ဝါဒကို အတိအလင်း လက်ခံကျင့်သုံးနေပါပြီ။ လုပ်ရမယ်လို့တွေးမိတာနဲ့ ဖြစ်သင့်မဖြစ်သင့် မတွေ့တော့ဘဲ အာဏာရှင်ဆန်ဆန် လုပ်ဆောင်နေပါပြီ။

ဥပမာ – ဒေါက်တာအေးမောင်တို့လို အမှုမျိုးပေါ့ဗျာ။ ဒေါက်တာအေးမောင်နဲ့ ရခိုင်တွေဟာ ဒီအစိုးရလက်ထက်မှာမှ ဒီလိုစကားတွေကို ပြောဆိုခဲ့တာမဟုတ်ဘူး။ စစ်အစိုးရခေတ်၊ ဦးသိန်းစိန်အစိုးရခေတ်တွေမှာ အခုလိုပြောဆိုမှုထက် ပိုဆိုးဆိုးဝါးဝါး ပြောဆိုခဲ့တာပဲ။ ဒါတွေကို ရခိုင်တွေရဲ့ ခံစားချက်တွေကို ငဲ့ပြီး မျက်စိပိတ် နားပိတ်နေခဲ့ပေမယ့် အခု NLD အစိုးရကတော့ သူတို့ပုံစံအတိုင်းပဲ ငါကိုမထိနဲ့ ထိတာနဲ့ မီးပွင့်သွားမယ်ဆိုတဲ့အတိုင်း ထောင်ဒဏ် နှစ် ၂၀ ချလိုက်တော့မယ်။ အခုလက်ရှိ ရခိုင်က တိုက်ပွဲတွေဟာ ဒေါက်တာအေးမောင်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တဲ့အချိန်ကစလို့ ပိုမိုဆိုးဝါးခဲ့တာကို အားလုံး သတိထားမိကြမယ်ထင်ပါတယ်။

အခုလည်း ဆရာတော်ကို တစ်သက်တစ်ကျွန်းချတဲ့အထိ ပြစ်ဒဏ်ပေးခဲ့ရင် နောက်ဆက်တွဲဖြစ်လာမယ့် အမျိုးသားရေးပြဿနာတွေ၊ ဘာသာရေးပြဿနာတွေကို အစိုးရအနေနဲ့ တာဝန်ယူပေးနိုင်မလား။

လက်နက်ကိုင်ပြီး တိုက်ခိုက်နေသူတွေကျတော့ နေပြည်တော်မှာ အထူးစပါယ်ရှယ် ပြုစုပြီး ထားတယ်။ ဘုန်းကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုကျတော့ သူတို့ ဝေဖန်လို့တဲ့ဗျာ နိုင်ငံတော် အကြည်ညိုပျက်တယ် ဆိုပြီး ဝရမ်းထုက်ပြီး ဖမ်းခိုင်းတယ်။ ကဲ့ ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား စာဖတ်သူတွေပဲ စဉ်းစားကြည့်ကြပေတော့။

အခုအချိန်မှာ ဘာသာရေးအရ ပွဲလန့်တုန်း ဖျာခင်းမယ့် တရားမဝင်လူမျိုးစုတစ်စု ရှိနေကြတယ်ဆိုတာလည်း မေ့ထားလို့မရပါဘူး။ ဆရာတော်နဲ့ ပတ်သက်ပြီး သတင်းတုတွေကို #မြန်မာမူဆင်မီဒီယာ ဆိုတဲ့ Facebook Page တစ်ခုက ဒေါ်လာသုံးပြီး Boost တွန်းနေတာတွေလည်း တွေ့ရတယ်။

နောက်တစ်ခါ တွဲဘက်ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိသရက မန္တလေး၊ ဝီရသူက ငါ့ရဲဘော်ဆိုပြီး ပြောကြားမှုကြောင့် NLD ပါတီဝင်တွေနဲ့ တရားမဝင်လူမျိုးစုတွေက ပက်ပက်စက်စက်ရစရာမရှအောင် ဆဲဆိုနေကြတာ မြင်ရတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ရင်ဆို့နင်ဖွယ် မြင်နေတွေ့နေရတယ်။

ဒါပေမယ့် ဦးဝီရသူကတော့ “အစွန်းရောက်လို့ အခေါ်ခံရတာ အစကတော့ နားခါးတာပေါ့ နောက်တော့ချိုးမြိန်လာတယ်။ ကိုယ့်လူမျိုးကိုချစ်တာ အပေါ်ယံချစ်တာ မဟုတ်ဘူး။ အစွန်းရောက်အောင်ကို ချစ်တာ။ နိုင်ငံရေးသမားတွေလို အာဏာလိုချင်လို့ နေရာလိုချင်လို့ ချစ်ပြတာမဟုတ်ဘူး။ ကိုယ့်လူမျိုးကို အတွင်းကျကျချစ်တာ ကိုယ့်လူမျိုးကို ချစ်တာကို အစွန်းရောက်လို့သတ်မှတ်ချင်လည်း ကျေနပ်ပါတယ်”လို့ သူ့ရဲ့ မျိုးချစ်စိတ်ဓာတ်ကို ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားလည်း ဖြစ်ပါတယ်။

အဲဒီတော့ အားလုံးကို ခြုံငုံပြောဆိုရင် ဒေါ်စုကြည်နဲ့ NLD အစိုးရအဟာ စိတ်ထင်တိုင်း လျှောက်နေပြီး ပါတီရဲ့ နဂိုလ်သောက်ကျင့်ဖြစ်တဲ့ လမ်းပေါ်ထွက်ယဉ်ကျေးမှုကို ဆက်လက်ဖော်ဆောင်နေမယ်ဆိုရင် ဖြစ်လာမယ့် လူမျိုးရေးပြဿနာတွေ၊ ဘာသာရေးပြဿနာတွေအပေါ်မှာ လုံးဝတာဝန်ယူပေးရလိမ့်မယ်လို့ အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ သတိပေးပြောဆိုလိုက်ရပါကြောင်း။

လေပွေရိုင်း
30.5.2019

https://www.facebook.com/search/top/?q=%E1%80%A5%E1%80%AE%E1%80%B8%E1%81%80%E1%80%AE%E1%80%9B%E1%80%9E%E1%80%B0%E1%80%80%E1%80%AD%E1%80%AF%20%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%85%E1%80%BC%E1%80%B2%E1%80%86%E1%80%AD%E1%80%AF%E1%80%99%E1%82%88%20%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%86%E1%80%80%E1%80%B9%E1%80%90%E1%80%BC%E1%80%B2%20&epa=SEARCH_BOX