ထုုတ္ျပန္ေၾကညာခ်က္သတင္း

ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း(ဗဟို) သေဘာထားထုတ္ျပန္ခ်က္

၂၀၁၆-၂၀၁၉ အထိ ယခုလက္ရွိအစုိးရလက္ထက္၌ တရားေရးလုပ္ငန္းအပါအဝင္ ေဆာင္ရြက္ခ်က္အေတာ္မ်ားမ်ားမွာ ဥပေဒမဲ့ကာ အတုိက္အခံဘဝက အထပ္ထပ္ဆိုခဲ့ေသာ Rule of law ႏွင့္ ေျဖာင့္ေျဖာင့္ႀကီး ဆန္႔က်င္ေနသည္ကို ေတြရရသည္။ အထူးအားျဖင့္ သာသနာေရးကိစၥမ်ားကို ေဆာင္ရြက္ရာ၌ ယခုလက္ရွိ ျမန္မာႏိုင္ငံေတာ္မွာ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔အပါအဝင္ သံဃာ့အဖြဲ႔အစည္းအဆင့္ဆင့္ျဖင့္ ေဆာင္ရြက္သည့္ ဓမၼဝိနယလမ္းေၾကာင္းရွိေနပါလ်က္ ဓမၼဝိနယလမ္းေၾကာင္းေခၚ ဓမၼစက္လမ္းေၾကာင္းကို လံုးဝ အသိအမွတ္မျပဳဘဲ ေဘးဖယ္ထားၿပီး မိမိတုိ႔လုပ္ခ်င္သလို ဥပေဒမဲ့လုပ္ေနသည္မ်ားကိုသာ ေတြ႔ရသည္။

ဥပမာ – မေကြးေက်ာင္းဆရာေတာ္ ဦးပါေမာကၡအမႈ၊ မိတၳီလာ ေတာင္သာေလးဆရာေတာ္ ဦးအဂၢဓမၼအမႈ၊ ယခုေလာေလာဆယ္ ဆရာေတာ္ဦးဝီရသူအမႈ စသည္တုိ႔သည္ လူသတ္မႈ၊ မုဒိမ္းမႈ၊ ဓားျပမႈ စေသာ ရဲအေရးပိုင္ေသာ ရာဇဝတ္မႈမ်ားမဟုတ္ဘဲ အမွန္တကယ္ ျဖစ္သင့္ျဖစ္ထုိက္ေသာ ႏိုင္ငံေတာ္တာဝန္ယူထားသူတို႔၏ လုိအပ္ခ်က္ကို ဒီမိုကေရစီက်က် ေထာက္ျပေဝဖန္ျခင္းသာ ျဖစ္သျဖင့္ ရဲအေရးပိုင္ေသာ ရာဇဝတ္မႈႏွင့္ မဆုိင္ပါ။ အမွန္တကယ္ေတာ့ ဓမၼဝိနယလမ္းေၾကာင္း ဓမၼစက္ျဖင့္ သြားၿပီးမွသာ ဓမၼစက္၏ခြင့္ျပဳခ်က္ျဖင့္ လူ႔တရားရုံးက တည္ဆဲဥပေဒမ်ားႏွင့္အညီ ေဆာင္ရြက္ရမည္သာ ျဖစ္သည္။

ယခုလက္ရွိ ဓမၼဝိနယဥပေဒမ်ားသည္ သာမန္ဥပေဒကို လႊမ္းမိုးၿပီးသားျဖစ္သည္။ တပ္မေတာ္သားတစ္ဦးဦး က်ဴးလြန္သည့္ျပစ္မႈကို တပ္မေတာ္၏ ဆံုးျဖတ္ခ်က္ ခြင့္ျပဳခ်က္ရၿပီးမွ သက္ဆုိင္ရာျပင္ပတရားရုံးက စီရင္ပိုင္ခြင့္ရွိသည္။ ဒါသည္ပင္ လူ႔စည္း ဘီလူးစည္း ခြဲျခားထားျခင္းျဖစ္သည္။ ယင္းသုိ႔မဟုတ္လွ်င္ ငါ့ျမင္းငါစုိင္း စစ္ကိုင္းေရာက္ရာက္ ဆိုသလို ဥပေဒမဲ့ လုပ္ရပ္သာျဖစ္ေပသည္။ ၎အျပင္ ႏိုင္ငံေတာ္တာဝန္ယူထားသူတုိ႔၏ လုိအပ္ခ်က္ကို ဒီမိုကေရစီက်က် ေထာက္ျပေဝဖန္မႈမ်ားအတြက္ ကာယကံရွင္မ်ား မိမိတုိ႔လုိအပ္ခ်က္ကို ျပင္ဆင္ျဖည့္ဆည္းဖို႔ မႀကဳိးစားဘဲ အာဏာရွင္ဆန္ဆန္ ျပဳမူျခင္းသည္ လူႀကီးလူေကာင္းတုိ႔၏ အျပဳအမူမဟုတ္ဟု မွတ္ယူရမည္ျဖစ္သည္။

ထိုသည္သာမက ဘာအျပစ္မွမရွိသည့္ မိတၳီလာမွ ဗုဒၶဘာသာရဟန္းေတာ္ ဦးေဘာဘိတကို ရက္ရက္စက္စက္ လူမဆန္စြာ ဝိုင္းဝန္းရိုက္ႏွက္ၿပီး မီးရႈိ႕သတ္ေသာ ျပစ္မႈႀကီးကို ေထာင္ ၇ ႏွစ္မျပည့္မီ ခ်က္ခ်င္းလႊတ္ေပးလုိက္ၿပီး တုိင္းျပည္ႏွင့္ လူမ်ဳိး ဘာသာ သာသနာအတြက္ အႏၲရာယ္ရွိသူ ဦးကိုနီ(အစၥလာမ္ဘာသာဝင္)ကို သတ္ရာမွာေတာ့ ေသဒဏ္ေပးထားျခင္း စသည္မွာလည္း ဥပေဒကို လိုသလို သံုးေနျခင္းသာ ျဖစ္သည္။ ဥပေဒအထက္မွာ မည္သူမွ် မရွိရ ဟုလည္းေကာင္း၊ ဥပေဒစုိးမုိးေရးဟုလည္းေကာင္း တြင္တြင္ေျပာေနသည့္ ႏုိင္ငံေတာ္တာဝန္ယူထားသူမ်ားက “လူခင္ မူျပင္” “လူမုန္း မူသံုး” ေနျခင္းေပေလာ ဟု ေမးခြန္းထုတ္စရာပင္ ျဖစ္သည္။ ဤစနစ္သည္ အာဏာရွင္လက္ထက္မွာသာ ရွိသည္။

ထုိ႔ေၾကာင့္ ယခုလက္ရွိ ဦးဝီရသူႏွင့္ သက္ဆုိင္သည့္ မတရားအေရးယူမႈကို ျပင္းျပင္းထန္ထန္ ရႈံ႕ခ်ကန္႔ကြက္ေၾကာင္း တရားဥပေဒစုိးမုိးေရးကိုလုိလားသူ ျမန္မာႏိုင္ငံသားမ်ားကိုယ္စား အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး(မဘသ/ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း)အဖြဲ႔ႀကီးက သေဘာထား ထုတ္ျပန္လိုက္သည္။

ဦးေဆာင္တာဝန္ခံ နာယကအဖြဲ႔
အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္းႀကီး
စာအမွတ္။ ၀၀၀၃/ စီမံ၊ ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း/ ၂၀၁၉
ေန႔စြဲ။ ၁၃၈၁-ခုႏွစ္၊ ကဆုန္လကြယ္ေန႔၊ (ဇြန္ ၂၊ ၂၀၁၉) တနဂၤေႏြေန႔

ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) သဘောထားထုတ်ပြန်ချက်

၂၀၁၆-၂၀၁၉ အထိ ယခုလက်ရှိအစိုးရလက်ထက်၌ တရားရေးလုပ်ငန်းအပါအဝင် ဆောင်ရွက်ချက်အတော်များများမှာ ဥပဒေမဲ့ကာ အတိုက်အခံဘဝက အထပ်ထပ်ဆိုခဲ့သော Rule of law နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ကို တွေရရသည်။ အထူးအားဖြင့် သာသနာရေးကိစ္စများကို ဆောင်ရွက်ရာ၌ ယခုလက်ရှိ မြန်မာနိုင်ငံတော်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အပါအဝင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဖြင့် ဆောင်ရွက်သည့် ဓမ္မဝိနယလမ်းကြောင်းရှိနေပါလျက် ဓမ္မဝိနယလမ်းကြောင်းခေါ် ဓမ္မစက်လမ်းကြောင်းကို လုံးဝ အသိအမှတ်မပြုဘဲ ဘေးဖယ်ထားပြီး မိမိတို့လုပ်ချင်သလို ဥပဒေမဲ့လုပ်နေသည်များကိုသာ တွေ့ရသည်။

ဥပမာ – မကွေးကျောင်းဆရာတော် ဦးပါမောက္ခအမှု၊ မိတ္ထီလာ တောင်သာလေးဆရာတော် ဦးအဂ္ဂဓမ္မအမှု၊ ယခုလောလောဆယ် ဆရာတော်ဦးဝီရသူအမှု စသည်တို့သည် လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှု စသော ရဲအရေးပိုင်သော ရာဇဝတ်မှုများမဟုတ်ဘဲ အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်သော နိုင်ငံတော်တာဝန်ယူထားသူတို့၏ လိုအပ်ချက်ကို ဒီမိုကရေစီကျကျ ထောက်ပြဝေဖန်ခြင်းသာ ဖြစ်သဖြင့် ရဲအရေးပိုင်သော ရာဇဝတ်မှုနှင့် မဆိုင်ပါ။ အမှန်တကယ်တော့ ဓမ္မဝိနယလမ်းကြောင်း ဓမ္မစက်ဖြင့် သွားပြီးမှသာ ဓမ္မစက်၏ခွင့်ပြုချက်ဖြင့် လူ့တရားရုံးက တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်သာ ဖြစ်သည်။

ယခုလက်ရှိ ဓမ္မဝိနယဥပဒေများသည် သာမန်ဥပဒေကို လွှမ်းမိုးပြီးသားဖြစ်သည်။ တပ်မတော်သားတစ်ဦးဦး ကျူးလွန်သည့်ပြစ်မှုကို တပ်မတော်၏ ဆုံးဖြတ်ချက် ခွင့်ပြုချက်ရပြီးမှ သက်ဆိုင်ရာပြင်ပတရားရုံးက စီရင်ပိုင်ခွင့်ရှိသည်။ ဒါသည်ပင် လူ့စည်း ဘီလူးစည်း ခွဲခြားထားခြင်းဖြစ်သည်။ ယင်းသို့မဟုတ်လျှင် ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရာက် ဆိုသလို ဥပဒေမဲ့ လုပ်ရပ်သာဖြစ်ပေသည်။ ၎င်းအပြင် နိုင်ငံတော်တာဝန်ယူထားသူတို့၏ လိုအပ်ချက်ကို ဒီမိုကရေစီကျကျ ထောက်ပြဝေဖန်မှုများအတွက် ကာယကံရှင်များ မိမိတို့လိုအပ်ချက်ကို ပြင်ဆင်ဖြည့်ဆည်းဖို့ မကြိုးစားဘဲ အာဏာရှင်ဆန်ဆန် ပြုမူခြင်းသည် လူကြီးလူကောင်းတို့၏ အပြုအမူမဟုတ်ဟု မှတ်ယူရမည်ဖြစ်သည်။

ထိုသည်သာမက ဘာအပြစ်မှမရှိသည့် မိတ္ထီလာမှ ဗုဒ္ဓဘာသာရဟန်းတော် ဦးဘောဘိတကို ရက်ရက်စက်စက် လူမဆန်စွာ ဝိုင်းဝန်းရိုက်နှက်ပြီး မီးရှို့သတ်သော ပြစ်မှုကြီးကို ထောင် ၇ နှစ်မပြည့်မီ ချက်ချင်းလွှတ်ပေးလိုက်ပြီး တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာအတွက် အန္တရာယ်ရှိသူ ဦးကိုနီ(အစ္စလာမ်ဘာသာဝင်)ကို သတ်ရာမှာတော့ သေဒဏ်ပေးထားခြင်း စသည်မှာလည်း ဥပဒေကို လိုသလို သုံးနေခြင်းသာ ဖြစ်သည်။ ဥပဒေအထက်မှာ မည်သူမျှ မရှိရ ဟုလည်းကောင်း၊ ဥပဒေစိုးမိုးရေးဟုလည်းကောင်း တွင်တွင်ပြောနေသည့် နိုင်ငံတော်တာဝန်ယူထားသူများက “လူခင် မူပြင်” “လူမုန်း မူသုံး” နေခြင်းပေလော ဟု မေးခွန်းထုတ်စရာပင် ဖြစ်သည်။ ဤစနစ်သည် အာဏာရှင်လက်ထက်မှာသာ ရှိသည်။
ထို့ကြောင့် ယခုလက်ရှိ ဦးဝီရသူနှင့် သက်ဆိုင်သည့် မတရားအရေးယူမှုကို ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်ကြောင်း တရားဥပဒေစိုးမိုးရေးကိုလိုလားသူ မြန်မာနိုင်ငံသားများကိုယ်စား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ/ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း)အဖွဲ့ကြီးက သဘောထား ထုတ်ပြန်လိုက်သည်။

ဦးဆောင်တာဝန်ခံ နာယကအဖွဲ့
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကြီး
စာအမှတ်။ ၀၀၀၃/ စီမံ၊ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း/ ၂၀၁၉
နေ့စွဲ။ ၁၃၈၁-ခုနှစ်၊ ကဆုန်လကွယ်နေ့၊ (ဇွန် ၂၊ ၂၀၁၉) တနင်္ဂနွေနေ့