သတင္း

မဂၤလာဆြမ္း တရားေတာ္

9.2.2019 ရက္ေန႔၊ မနက္ ၆း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ ေနအိမ္တစ္ခုမွာ ေဟာၾကားပါတယ္။ သတုိ႔သားက ရန္ကုန္မွာေနတဲ့ ၿမိတ္သားပါ။ မိသားစုလုိက္ ရိုးသားႀကဳိးစားတဲ့ ေတာသူေတာင္သားေတြပါပဲ။ သတုိ႔သမီးကေတာ့ မေဟာ္သဓာေက်ာ္စြာရဲ႕ ႏွမအငယ္ျဖစ္ပါတယ္။

အရုဏ္ဆြမ္းကပ္ၿပီး အႏုေမာဒနာတရား နာယူၾကတဲ့အခါ မယား ခုနစ္မ်ဳိးႏွင့္ လင္ရွစ္မ်ဳိးတရား ေဟာၾကားခဲ့ပါတယ္။ တရားေဟာအၿပီးမွာ သံဃာေတာ္မ်ားေရွ႕ေမွာက္မွာပဲ လက္မွတ္ေရးထုိးၾကပါတယ္။ ေရွ႕ေနကိုဖိတ္ထားတာ အခ်ိန္မီမေရာက္တာေၾကာင့္ မဂၤလာအခ်ိန္အခါအတုိင္း သံဃာေတာ္မ်ားေရွ႕ေမွာက္မွာ လက္မွတ္ေရးထုိးလုိက္တာပဲ ျဖစ္ပါတယ္။

“မယားခုနစ္မ်ဳိး”
မယား ခုနစ္မ်ဳိး၊ ယွိၿမဲရိုးတြင္၊ ခိုးသူ အရွင္၊ သူသတ္သြင္သို႔၊ အၾကင္မယား၊ လား၏ငရဲ၊ အၿမဲမွတ္ဘိ၊ အမိတမွ်၊ ႏွမ မယြန္း၊ ခင္ပြန္းသဖြယ္၊ ကၽြန္႔ႏွယ္ေလးျဖာ၊ မယားမွာကား၊ နိမၼာနတ္ျပည္၊ လားၿမဲမည္၏၊ ယင္းသည္ေလးသြယ္၊ မယားဝယ္လည္း၊ ကၽြန္႔ႏွယ္အလား၊ ထိုးမယားမူ၊ ေယာက်္ားဆုပန္၊ နိဗၺာန္ဆုေကာင္း၊ ေတာင္းကမလြတ္၊ မခၽြတ္ တူးတည္၊ ျပည့္ၿမဲမည္၏။
“လင္ရွစ္မ်ဳိး”
လင္မြဲ လင္နာ၊ လင္သုရာၾကိဳက္၊ လင္မိုက္လင္ဖ်င္း၊ လင္ပ်င္းလင္အို၊ အလိုမျဖည့္၊ မျပည့္ဆႏၵ၊ ရွိတံုကလ်ွင္၊ မိန္းမဟူသည္၊ ဤရွစ္မည္ေၾကာင့္၊ မၾကည္မသာ၊ အနာဒရ၊ ျပဳတတ္စြရွင့္။
(မဃေဒဝ -၂၉၇)

“မင်္ဂလာဆွမ်း တရားတော်”

9.2.2019 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ နေအိမ်တစ်ခုမှာ ဟောကြားပါတယ်။ သတို့သားက ရန်ကုန်မှာနေတဲ့ မြိတ်သားပါ။ မိသားစုလိုက် ရိုးသားကြိုးစားတဲ့ တောသူတောင်သားတွေပါပဲ။ သတို့သမီးကတော့ မဟော်သဓာကျော်စွာရဲ့ နှမအငယ်ဖြစ်ပါတယ်။

အရုဏ်ဆွမ်းကပ်ပြီး အနုမောဒနာတရား နာယူကြတဲ့အခါ မယား ခုနစ်မျိုးနှင့် လင်ရှစ်မျိုးတရား ဟောကြားခဲ့ပါတယ်။ တရားဟောအပြီးမှာ သံဃာတော်များရှေ့မှောက်မှာပဲ လက်မှတ်ရေးထိုးကြပါတယ်။ ရှေ့နေကိုဖိတ်ထားတာ အချိန်မီမရောက်တာကြောင့် မင်္ဂလာအချိန်အခါအတိုင်း သံဃာတော်များရှေ့မှောက်မှာ လက်မှတ်ရေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။

“မယားခုနစ်မျိုး”
မယား ခုနစ်မျိုး၊ ယှိမြဲရိုးတွင်၊ ခိုးသူ အရှင်၊ သူသတ်သွင်သို့၊ အကြင်မယား၊ လား၏ငရဲ၊ အမြဲမှတ်ဘိ၊ အမိတမျှ၊ နှမ မယွန်း၊ ခင်ပွန်းသဖွယ်၊ ကျွန့်နှယ်လေးဖြာ၊ မယားမှာကား၊ နိမ္မာနတ်ပြည်၊ လားမြဲမည်၏၊ ယင်းသည်လေးသွယ်၊ မယားဝယ်လည်း၊ ကျွန့်နှယ်အလား၊ ထိုးမယားမူ၊ ယောကျ်ားဆုပန်၊ နိဗ္ဗာန်ဆုကောင်း၊ တောင်းကမလွတ်၊ မချွတ် တူးတည်၊ ပြည့်မြဲမည်၏။
“လင်ရှစ်မျိုး”
လင်မွဲ လင်နာ၊ လင်သုရာကြိုက်၊ လင်မိုက်လင်ဖျင်း၊ လင်ပျင်းလင်အို၊ အလိုမဖြည့်၊ မပြည့်ဆန္ဒ၊ ရှိတုံကလျှင်၊ မိန်းမဟူသည်၊ ဤရှစ်မည်ကြောင့်၊ မကြည်မသာ၊ အနာဒရ၊ ပြုတတ်စွရှင့်။
(မဃဒေဝ -၂၉၇)