သတင္း

ဝီရသူစပြန္ဆာနဲ႔ ကြန္ပ်ဴတာဘြဲ႔ရရွိသြားသူေလးပါ

9.2.2019 ရက္ေန႔မွာ စာေရးသူေထာက္ပံ့ေငြနဲ႔ ေက်ာင္းတက္ခဲ့တဲ့ ကြန္ပ်ဴတာေက်ာင္းသူေလးတစ္ေယာက္ မိဘမ်ားႏွင့္အတူ ေရာက္ရွိလာပါတယ္။ ဒီကေန႔ပဲ ဘြဲ႔ရရွိခဲ့လုိ႔ ဘြဲ႔ယူအၿပီးမွာ လာေရာက္ကန္ေတာ့တာပါ။ စစ္ကိုင္းတုိင္းေဒသႀကီး၊ ေကာလင္းၿမဳိ႕နယ္၊ ခေမာက္ေတာင္ေျခ၊ ေဂြးခ်ဳိရြာ၊ ဦးထြန္းမင္း+ေဒၚႏြယ္မာဦးတို႔ရဲ႕ တစ္ဦးတည္ေသာ သမီးေလးပါ။ အမည္က ေမႊးေမႊးႀကဳိင္ျဖစ္ပါတယ္။

2015 ခုႏွစ္ ေရေဘးသင့္တဲ့အခ်ိန္မွာ ေက်ာင္းဆက္မထားႏိုင္လုိ႔ ဘုရားႀကီးတုိက္ ထီးျဖဴဆရာေတာ္ အရွင္သူရိယမွတစ္ဆင့္ စာေရးသူထံ ေရာက္ရွိလာခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ေက်ာင္းတက္ေနတာ တစ္ႏွစ္ခြဲရွိပါၿပီ။

က်န္တဲ့သံုးႏွစ္ခြဲအတြက္ စာေရးသူက ဆက္လက္ေထာက္ပံ့ခဲ့တာပါ။ ေအာင္ျမင္သြားတဲ့အခါမွာ မာစတာတန္းတက္ခြင့္ရေပမယ့္ ဆက္မတက္ေတာ့ဘဲ မိဘေတြကို လုပ္ေကၽြးေတာ့မယ္လုိ႔ ဆုိပါတယ္။ မိဘေတြက ေတာင္သူလယ္သမားေတြပါ။ မာစတာတန္းဆက္မထားႏိုင္ေတာ့ပါဘူး။
မာစတာတန္းတက္မယ္ဆုိရင္လည္း ဆက္ေထာက္ပံ့မယ္လုိ႔ေျပာေပမယ့္ မိဘေကာ သမီးကပါ ဆက္မတက္ေတာ့ဘူးလုိ႔ ဆံုးျဖတ္ၿပီးျဖစ္ေနပါတယ္။

ကြန္ပ်ဴတာတကၠသိုလ္ကို (၅)ႏွစ္တက္ရပါတယ္။ ေမႊးေမႊးႀကဳိင္ရရွိခဲ့တဲ့ဘြဲ႔ကေတာ့ BC sc ျဖစ္ပါတယ္။ လိမၼာေရးျခားရွိတဲ့ကေလးမေလးပါ။ ေက်းဇူးတရားသိတတ္တဲ့မိသားစုပါ။ စာေရးသူကေတာ့ အခုမွပဲ လူျမင္ဖူးတာပါ။ စာေရးသူစပြန္ဆာနဲ႔ ဆရာဝန္ဘြဲ႔ရတဲ့ သံုးေယာက္ထဲမွာ အမ်ဳိးသားႏွစ္္ေယာက္က လာေရာက္ကန္ေတာ့ၿပီးသြားပါၿပီ။

အမ်ဳိးသမီးတစ္ေယာက္ကေတာ့ ခုခ်ိန္အထိ လူလည္းမျမင္ဖူးပါ။ လာလည္းမကန္ေတာ့ေသးပါ။
၎၏ညီမျဖစ္သူကိုလည္း ဆက္လက္ေထာက္ပံ့ေနပါတယ္။ ၎တုိ႔ညီအစ္မသည္ ႏိုင္ငံေရးသမားရဲ႕ သမီးမ်ားျဖစ္ၾကပါတယ္။ သူတုိ႔ေလးေတြလည္း လိမၼာေရးျခားရွိၾကပါေစ။ ေက်းဇူးတရား သိတတ္ၾကပါေစ။ ေအာင္ျမင္ၾကပါေစ။

ဝီရသူ(မစုိးရိမ္)
9.2.2019

“ဝီရသူစပွန်ဆာနဲ့ ကွန်ပျူတာဘွဲ့ရရှိသွားသူလေးပါ”

9.2.2019 ရက်နေ့မှာ စာရေးသူထောက်ပံ့ငွေနဲ့ ကျောင်းတက်ခဲ့တဲ့ ကွန်ပျူတာကျောင်းသူလေးတစ်ယောက် မိဘများနှင့်အတူ ရောက်ရှိလာပါတယ်။ ဒီကနေ့ပဲ ဘွဲ့ရရှိခဲ့လို့ ဘွဲ့ယူအပြီးမှာ လာရောက်ကန်တော့တာပါ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ခမောက်တောင်ခြေ၊ ဂွေးချိုရွာ၊ ဦးထွန်းမင်း+ဒေါ်နွယ်မာဦးတို့ရဲ့ တစ်ဦးတည်သော သမီးလေးပါ။ အမည်က မွှေးမွှေးကြိုင်ဖြစ်ပါတယ်။

2015 ခုနှစ် ရေဘေးသင့်တဲ့အချိန်မှာ ကျောင်းဆက်မထားနိုင်လို့ ဘုရားကြီးတိုက် ထီးဖြူဆရာတော် အရှင်သူရိယမှတစ်ဆင့် စာရေးသူထံ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျောင်းတက်နေတာ တစ်နှစ်ခွဲရှိပါပြီ။

ကျန်တဲ့သုံးနှစ်ခွဲအတွက် စာရေးသူက ဆက်လက်ထောက်ပံ့ခဲ့တာပါ။ အောင်မြင်သွားတဲ့အခါမှာ မာစတာတန်းတက်ခွင့်ရပေမယ့် ဆက်မတက်တော့ဘဲ မိဘတွေကို လုပ်ကျွေးတော့မယ်လို့ ဆိုပါတယ်။ မိဘတွေက တောင်သူလယ်သမားတွေပါ။ မာစတာတန်းဆက်မထားနိုင်တော့ပါဘူး။
မာစတာတန်းတက်မယ်ဆိုရင်လည်း ဆက်ထောက်ပံ့မယ်လို့ပြောပေမယ့် မိဘကော သမီးကပါ ဆက်မတက်တော့ဘူးလို့ ဆုံးဖြတ်ပြီးဖြစ်နေပါတယ်။

ကွန်ပျူတာတက္ကသိုလ်ကို (၅)နှစ်တက်ရပါတယ်။ မွှေးမွှေးကြိုင်ရရှိခဲ့တဲ့ဘွဲ့ကတော့ BC sc ဖြစ်ပါတယ်။ လိမ္မာရေးခြားရှိတဲ့ကလေးမလေးပါ။ ကျေးဇူးတရားသိတတ်တဲ့မိသားစုပါ။ စာရေးသူကတော့ အခုမှပဲ လူမြင်ဖူးတာပါ။ စာရေးသူစပွန်ဆာနဲ့ ဆရာဝန်ဘွဲ့ရတဲ့ သုံးယောက်ထဲမှာ အမျိုးသားနှစ်ယောက်က လာရောက်ကန်တော့ပြီးသွားပါပြီ။

အမျိုးသမီးတစ်ယောက်ကတော့ ခုချိန်အထိ လူလည်းမမြင်ဖူးပါ။ လာလည်းမကန်တော့သေးပါ။
၎င်း၏ညီမဖြစ်သူကိုလည်း ဆက်လက်ထောက်ပံ့နေပါတယ်။ ၎င်းတို့ညီအစ်မသည် နိုင်ငံရေးသမားရဲ့ သမီးများဖြစ်ကြပါတယ်။ သူတို့လေးတွေလည်း လိမ္မာရေးခြားရှိကြပါစေ။
ကျေးဇူးတရား သိတတ်ကြပါစေ။ အောင်မြင်ကြပါစေ။

ဝီရသူ(မစိုးရိမ်)
9.2.2019