Uncategorized
အစော်ကားခံရတာချင်းအတူတူ အလကားစော်ကားခံရမယ့်အစား ဒေါ်လာတစ်သောင်းဖိုး အစော်ကားခံရတယ်ဆိုရင် တော်သေးတာပေါ့ဗျာ။
“မှတ်တမ်းရုပ်ရှင်(ဂျပန်) လာတော့မည်”
5.2.2019 ရက်နေ့ Vice Japan သတင်းဌာန Documentary အစီအစဉ်အတွက် သတင်းထောက် Hirokazu Kishida က ဒုတိယအကြိမ် လာရောက်ရိုက်ကူးပါတယ်။
Documentary မှတ်တမ်းရုပ်ရှင်အတွက် ပြင်ဆင်နေတာ မပြီးသေးပါဘူး။ ၂၀၁၈ ဇူလိုင်လကတည်းက ရိုက်ကူးခဲ့တာပါ။ ကြားမှာ အခြားအရေးပေါ်အစီအစဉ်တွေဝင်သွားလို့ အခုလိုမပြီးပြတ်သေးတာပါပဲ။ ၂၀၁၉ ဧပြီးလမှာ ပြီးပြတ်အောင် တည်းဖြတ်သွားမယ်လို့ ပြောပါတယ်။
စာရေးသူက ၎င်းသတင်းထောက်ထံမှ အမေရိကန်ဒေါ်လာ ၃၀၀၀ အပေါင်ယူထားပါတယ်။
အားလုံးတည်းဖြတ်ပြီး စာရေးသူကို လာပြရပါမယ်။ စာရေးသူအတည်ပြုလိုက်တာကိုပဲ လွှင့်ရပါမယ်။ ပိုသွားတာ၊ မကောင်းတာပါသွားတာမျိုးဆိုရင် အပေါင်ငွေ အဆုံးသတ်မှတ်ထားပါတယ်။
မူရင်းအတိုင်းပဲ လွှင့်မယ်ဆိုရင်တော့ အပေါင်ငွေသုံးထောင်လုံး ပြန်ပေးမှာပါ။ သူကလည်း သဘောတူပါတယ်။ နှစ်ဦးနှစ်ဖက်လည်း လက်မှတ်ထိုးထားပါတယ်။
ဥရောပတို့ အမေရိကတို့ဆိုရင်တော့ အပေါင်ငွေ တစ်သောင်းပါမှ လက်ခံဖြေကြားပေးမှာပါ။
အစော်ကားခံရတာချင်းအတူူတူ အလကားစော်ကားခံရမယ့်အစား ဒေါ်လာတစ်သောင်းဖိုး အစော်ကားခံရတယ်ဆိုရင် တော်သေးတာပေါ့ဗျာ။