သတင်း







“၂၀၁၉ ပဉ္စပဓမ္မသဘင် (ရန်ကုန်-လမ်းမတော်)”

ပြာသိုလပြည့်ကျော် ၁၄ (3.2.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်မိသားစုများ၏ (၁၂)ကြိမ်မြောက် ဓမ္မသဘင်။

၂၀၁၉ ခုနှစ်ရဲ့ ၅ခုမြောက် တရားပွဲပါ။
မျိုးချစ်သမဂ္ဂ(ရန်ကုန်)မှ ဦးကေတုမာလာတို့ ခက်ခက်ခဲခဲကြိုးစားခဲ့လို့ ဟောခွင့်ရခဲ့တဲ့တရားပွဲလေးပါ။

စာရေးသူက တတိယမြောက်ဖြစ်ပြီး စတုတ္ထညမှာ နောင်တော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ဟောကြားမှာပါ။
စာရေးသူက ငြိမ်းချမ်းရေးပွဲမှအပြန် လမ်းမတော်ဓမ္မာရုံမှာ ခဏနားကာ တရားပွဲစီစဉ်သူများ၊ ရပ်မိရပ်ဖများ၊ သံဃာတော်များနှင့် တွေ့စကားပြောပြီးမှ ပလ္လင်ပေါ်တက်ပါတယ်။
အိုးမလုံ အုံပွင့်တတ်သူများက သူတို့အကြောင်း ထည့်ဟောမှာစိုးလို့ အကြောက်အကန်တားဆီးပိတ်ပင်ကြကြောင်း သိရပါတယ်။

ပရဟိတနဲ့ပတ်သက်တဲ့ တရားလေးပဲ ဟောကြားလိုက်ပါတယ်။
တရားတော်ရဲ့အမည်ကတော့ အသည်းလေးတွေပေးထိုက်သူ တရားပါ။
အမေ့အိမ်ပညာဒါနစာသင်ကျောင်းတွေနဲ့ လောကအလင်းပညာဒါနစာသင်ကျောင်း နှိုင်းယှဉ်ဟောကြားခဲ့ပါတယ်။
ဘယ်သူက စေတနာမှန်သလဲ၊ စိတ်သန့်သလဲဆိုတာတွေ သိစေချင်လို့ပါ။

အသည်းလေးတွေပေးရအောင်၊ လက်မလေးတွေထောင်။
ပရဟိတဆောင်ရွက်သူ၊ အသည်းပေးထိုက်သူ။
ပရဟိတဆောင်ရွက်က၊ အသည်းပေးလိုက်ကြ။