သတင်း




“နေပြည်တော်မစိုးရိမ်တိုက်သစ် ကျောင်းရေစက်ချပွဲ”

တော်သလင်းလဆန်း ၁၃ ရက် (22.9.2018)ရက်နေ့၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မကေတုကကျောင်းဆောင် ရေစက်ချပွဲပါ။ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် နာယကဆရာတော်လေးများ၊ နေပြည်တော်မှ ဆရာတော်သံဃာတော်များ၊ ကျောင်းဒကာ ဒကာမများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။

မစိုးရိမ်တိုက်သစ်၊ မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသက ငါးပါးသီလချီးမြှင့်ခြင်း၊ သံဃိကကျောင်းအဖြစ် လှူဒါန်းပုံများကို ပါဠိလိုတိုင်ပေးကာ ရေစက်ချကြပါတယ်။
ညောင်လေးပင်ဆရတော်က အနုမောဒနာတရားဟောကြားပါတယ်။

ကျောင်းဒကာ ဒကာမများကတော့ ရှေ့နေဦးကြည်လင်း+ဒေါ်ခင်ခင်ထူး၊ သား ဒေါက်တာငြိမ်းချမ်းတို့ဖြစ်ပါတယ်။ ကျောင်းထိုင်ဆရာတော်လေး ဦးအဂ္ဂဓမ္မကတော့ စာရေးသူတို့နှင့် စာလုပ်ဖက် ဆရာတူတပည့် သူငယ်ချင်းတွေပါ။