Daily Archives: September 25, 2018

သတင်း

အရေးပေါ် အရော်ပေး

24.9.2018 ရက်နေ့၊ ညဦးပိုင်းမှာ မန်းမဟော်သဓာမှ အပြန်လမ်း အတွေ့အကြုံလေးပါ။စာရေးသူတို့ ၁၀ မိုင် ၅ ဖာလုံလောက်ရောက်တဲ့အခါ ဆိုင်ကယ်တစ်စီး ကန့်လန့်ဖြတ် လဲနေပြီး အမျိုးသားတစ်ယောက်မှောက်နေကာ အမျိုးသမီးတစ်ယောက် အော်ဟစ်အကူအညီတောင်းနေတာနဲ့ ကြုံပါတယ်။ဒါနဲ့ တပည့်များအောက်ဆင်းပြီး အကူအညီပေးကြပါတယ်။တိုက်သွားတဲ့ကားက ကြောက်အားလန့်အားနဲ့ ထွက်ပြေးသွားပါပြီ။ စာရေးသူလည်း ဖုန်းထဲ မှတ်ထားတဲ့အတိုင်း မန္တလေးအရေးပေါ် ရဲဌာနတွေကို ဖုန်းဆက်ပါတယ်။ဖုန်းဝင်သော်လည်း မကိုင်ကြပါ။ခဏခဏဆက်လည်း ကိုင်သူမရှိပါ။အရေးပေါ် Hot Line လို့ မှတ်ထားတဲ့ဖုန်းကိုလည်း ခေါ်ပါတယ်။မကိုင်ကြပါ။ ပုသိမ်ကြီးမြို့နယ်မှူးရုံးမှတစ်ဆင့် ပုသိမ်ကြီးစခန်းမှူးကို ဆက်သွယ်ရာမှ အနီးစပ်ဆုံး ရဲစခန်းနှစ်ခုဖြစ်သည့် ကျောက်မီးနှင့် ...
သတင်း

တော်သလင်းလပြည့်နေ့ သီလပွဲ

တော်သလင်းလပြည့်နေ့ (24.9.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်း သူရဲကျော်ရပ်ကွက်၊ မဟာသူရဲကျော်ဓမ္မာရုံမှာ ကျင်းပပါတယ်။သီလပွဲကုသိုလ်ရှင်ကတော့ ကိုအောင်အောင်+မနီလာစိုး၊ သား ဆင့်လေးတင်၊ သမီး ဟန်နွေဦး မိသားစုတို့ ဖြစ်ပါတယ်။ စာရေးသူ မော်စကိုမရောက်ခင်ကတည်းက နှစ်စဉ် တော်သလင်းလပြည့်နေ့တိုင်း သီလပွဲပင့်နေကျ ဒကာ ဒကာမတွေပါ။ပြီးခဲ့တဲ့နှစ်က ခရီးလွန်နေတာနဲ့ ကိုယ်စားပဲထည့်လိုက်ရပါတယ်။ဒီနှစ်လည်း မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ဖွင့်ပွဲရက်နှင့် တိုက်ဆိုင်နေလို့ ဖွင့်ပွဲရက်ကို အဖိတ်နေ့ပြောင်းရွှေ့လိုက်ရတာပါ။ သီလပွဲမှာ ဝီရသူဖောင်ဒေးရှင်း ပေါ်ပေါက်လာရခြင်းအကြောင်းကို အတ္တဟိတ၊ ပရဟိတ၊ အတ္တဟိတ ပရဟိတ၊ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

ပညာရေးအကယ်ဒမီကျောင်းဖွင့်ပွဲအခမ်းအနား (၁)

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်အတွင်းမှာ ဖွင့်လှစ်ထားသည့် ပညာရေးအကယ်ဒမီကျောင်းဖွင့်ပွဲကို တော်သလင်းလဆန်း (၁၄)ရက် (23.9.2018)ရက်နေ့မှာ ကျင်းပပါသည်။မနက် အရုဏ်ဆွမ်းအဖြစ် မုန့်ဟင်းခါးလှူဒါန်းပါသည်။  အလှူရှင်သည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)အမှူးပြုသော တပည့် ဒကာ ဒကာမများ ဖြစ်ပါသည်။ဆရာတော်ကြီးဦးကုသလသည် မန်းမဘသ အတွင်းရေးမှူးချုပ်ဖြစ်ပြီး အမျိုးဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်း ပညာရေးလုပ်ငန်းတွေမှာ လွန်စွာစိတ်အားထက်သန်သော ဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားအကြို 22.9.2018 ရက်နေ့ ညနေပိုင်း၌လည်း ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများအား အသိအလိမ္မာ ဉာဏ်ပညာဆိုင်ရာ သြဝါဒတရားများ ဟောကြားဆုံးမတော်မူပါသည်။ဆရာတော်ကြီးဦးကုသလ ...
ဝီရသူဖောင်ဒေးရှင်းမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော် – ၈)

ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဦးမြကို+ဒေါ်သောင်းကြည် မိသားစုက အလှူငွေ (၁၂)လစာအတွက် အလှူငွေ ၆၀၀၀၀ိ (ခြောက်သောင်းကျပ်)လှူဒါန်းပါသည်။ (23.9.2018) ယခုဆိုလျှင်ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁၅၀၀၀၀ ကျပ်၊အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစုတို့က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်၊ကိုဇော်ဇော်ထွန်း+မတင်တင်မြိုင်၊ သား-ထူးမြတ်ဇေယျာ၊ သမီး-သိင်္ဂီဝင့်ဇော်၊ ကျောက်ဝိုင်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး မိသားစုက အလှူငွေ ၅၀၀၀၀၀ိ (ငါးသိန်းကျပ်)၊ဦးသန်းဝင်း+ဒေါ်ခင်ချိုဝင်း၊ သမီး ခင်ဇာခြည်ဝင်း၊ သား စည်သူဝင်း၊ ...
ဝီရသူဖောင်ဒေးရှင်းမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော် – ၇)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မယူလေး ကျောက်ဝိုင်း မိသားစုက အလှူငွေ ၁၀၀၀၀ိ (တစ်သောင်းကျပ်) လှူဒါန်းပါသည်။ (21.9.2018) ယခုဆိုလျှင် ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁၅၀၀၀၀ ကျပ်၊ အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစုတို့က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်၊ ကိုဇော်ဇော်ထွန်း+မတင်တင်မြိုင်၊ သား-ထူးမြတ်ဇေယျာ၊ သမီး-သိင်္ဂီဝင့်ဇော်၊ ကျောက်ဝိုင်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး မိသားစုက အလှူငွေ ၅၀၀၀၀၀ိ (ငါးသိန်းကျပ်)၊ ဦးသန်းဝင်း+ဒေါ်ခင်ချိုဝင်း၊ ...
သတင်း


တော်သလင်းလဆန်း ၁၃ ရက် (22.9.2018)ရက်နေ့၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မကေတုကကျောင်းဆောင် ရေစက်ချပွဲပါ။မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် နာယကဆရာတော်လေးများ၊ နေပြည်တော်မှ ဆရာတော်သံဃာတော်များ၊ ကျောင်းဒကာ ဒကာမများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။ မစိုးရိမ်တိုက်သစ်၊ မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသက ငါးပါးသီလချီးမြှင့်ခြင်း၊ သံဃိကကျောင်းအဖြစ် လှူဒါန်းပုံများကို ပါဠိလိုတိုင်ပေးကာ ရေစက်ချကြပါတယ်။ညောင်လေးပင်ဆရတော်က အနုမောဒနာတရားဟောကြားပါတယ်။ကျောင်းဒကာ ဒကာမများကတော့ ရှေ့နေဦးကြည်လင်း+ဒေါ်ခင်ခင်ထူး၊ သား ဒေါက်တာငြိမ်းချမ်းတို့ဖြစ်ပါတယ်။ကျောင်းထိုင်ဆရာတော်လေး ဦးအဂ္ဂဓမ္မကတော့ စာရေးသူတို့နှင့် စာလုပ်ဖက် ဆရာတူတပည့် သူငယ်ချင်းတွေပါ။ “နေပြည်တော်မစိုးရိမ်တိုက်သစ် ကျောင်းရေစက်ချပွဲ” ...
ဝီရသူဖောင်ဒေးရှင်းမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော် – ၆)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဦးထွန်းဇော်+ဒေါ်မီမီလွင်၊ ကျောက်ဝိုင်း မိသားစုက အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (21.9.2018) ယခုဆိုလျှင် ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁၅၀၀၀၀ ကျပ်၊ အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစုတို့က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်၊ ကိုဇော်ဇော်ထွန်း+မတင်တင်မြိုင်၊ သား-ထူးမြတ်ဇေယျာ၊ သမီး-သိင်္ဂီဝင့်ဇော်၊ ကျောက်ဝိုင်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး မိသားစုက အလှူငွေ ၅၀၀၀၀၀ိ (ငါးသိန်းကျပ်)၊ ဦးသန်းဝင်း+ဒေါ်ခင်ချိုဝင်း၊ ...