သတင်း





“တော်သလင်းလပြည့်နေ့ သီလပွဲ”

တော်သလင်းလပြည့်နေ့ (24.9.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်း သူရဲကျော်ရပ်ကွက်၊ မဟာသူရဲကျော်ဓမ္မာရုံမှာ ကျင်းပပါတယ်။
သီလပွဲကုသိုလ်ရှင်ကတော့ ကိုအောင်အောင်+မနီလာစိုး၊ သား ဆင့်လေးတင်၊ သမီး ဟန်နွေဦး မိသားစုတို့ ဖြစ်ပါတယ်။

စာရေးသူ မော်စကိုမရောက်ခင်ကတည်းက နှစ်စဉ် တော်သလင်းလပြည့်နေ့တိုင်း သီလပွဲပင့်နေကျ ဒကာ ဒကာမတွေပါ။ ပြီးခဲ့တဲ့နှစ်က ခရီးလွန်နေတာနဲ့ ကိုယ်စားပဲထည့်လိုက်ရပါတယ်။
ဒီနှစ်လည်း မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ဖွင့်ပွဲရက်နှင့် တိုက်ဆိုင်နေလို့ ဖွင့်ပွဲရက်ကို အဖိတ်နေ့ပြောင်းရွှေ့လိုက်ရတာပါ။

သီလပွဲမှာ ဝီရသူဖောင်ဒေးရှင်း ပေါ်ပေါက်လာရခြင်းအကြောင်းကို အတ္တဟိတ၊ ပရဟိတ၊ အတ္တဟိတ ပရဟိတ၊ အတ္တဟိတလည်းမဟုတ် ပရဟိတလည်းမဟုတ် ပုဂ္ဂိုလ်လေးမျိုး အခြေခံပြီး ဟောကြားခဲ့ပါတယ်။ မစိုးရိမ်အကြောင်းပြောချင်ရင် မစိုးရိမ်ကျောင်းရှေ့လောက်တော့ ဖြတ်လျှောက်သွားသင့်တယ်။ ဝီရသူအကြောင်းပြောချင်ရင် ဝီရသူကျောင်းကို တစ်ခေါက်လောက်တော့ အရောက်လာသင့်တယ်။
ဒါမှ အမှန်တရားနှင့်နီးစပ်မှာပါ။