မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီေက်ာင္းဖြင့္ပြဲအခမ္းအနား (၁)

စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ဓမၼေစတီေက်ာင္းတုိုက္အတြင္းမွာ ဖြင့္လွစ္ထားသည့္ ပညာေရးအကယ္ဒမီေက်ာင္းဖြင့္ပြဲကို ေတာ္သလင္းလဆန္း (၁၄)ရက္ (23.9.2018)ရက္ေန႔မွာ က်င္းပပါသည္။မနက္ အရုဏ္ဆြမ္းအျဖစ္ မုန္႔ဟင္းခါးလွဴဒါန္းပါသည္။ 

အလွဴရွင္သည္ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ဘုရားႀကီးတုိက္၊ ေဇယ်ာေရႊေျမေက်ာင္းဆရာေတာ္ႀကီး ဘဒၵႏၲကုသလ(ပါဠိပါရဂူ)အမွဴးျပဳေသာ တပည့္ ဒကာ ဒကာမမ်ား ျဖစ္ပါသည္။ဆရာေတာ္ႀကီးဦးကုသလသည္ မန္းမဘသ အတြင္းေရးမွဴးခ်ဳပ္ျဖစ္ၿပီး အမ်ဳိးဘာသာ သာသနာအေရးႏွင့္ ပရဟိ္တလုပ္ငန္း ပညာေရးလုပ္ငန္းေတြမွာ လြန္စြာစိတ္အားထက္သန္ေသာ ဆရာေတာ္ႀကီးတစ္ပါးျဖစ္ပါသည္။

ဖြင့္ပြဲအခမ္းအနားအႀကဳိ 22.9.2018 ရက္ေန႔ ညေနပိုင္း၌လည္း ဆရာ ဆရာမမ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ားအား အသိအလိမၼာ ဉာဏ္ပညာဆုိင္ရာ ၾသဝါဒတရားမ်ား ေဟာၾကားဆံုးမေတာ္မူပါသည္။ဆရာေတာ္ႀကီးဦးကုသလ လွဴဒါန္းေကၽြးေမြးေသာ မုန္႔ဟင္းခါးဆြမ္းကို ေခ်ာင္းမႀကီး ဘကေက်ာင္းမွ ကိုရင္ေလးမ်ားႏွင့္ အျခားဘကေက်ာင္းမွ ကိုရင္ေလးမ်ားလည္း လာေရာက္ဘုဥ္းေပးၾကပါသည္။ ေက်ာင္းသူေက်ာင္းသားမ်ားလည္း အားပါးတရ စားေသာက္ၾကပါသည္။

ေနာက္တစ္ခါဆုိလွ်င္ ဒံေပါက္ဆြမ္းကပ္မည္ဟု ဆရာေတာ္ႀကီးဦးကုသလက မိန္႔ေတာ္မူပါသည္။ကေလးမ်ား အားရပါးရ စားေသာက္ၾကတာကိုၾကည့္ၿပီး သေဘာက်ကာ ဒံေပါက္ေကၽြးမည္ ႀကဳိက္လားဟု ေမးသည့္အခါ ကေလးမ်ားက တညီတညြတ္တည္း ႀကဳိက္တယ္ဟု ေျဖဆုိရာမွ ဒံေပါက္ေကၽြးဖုိ႔ သဒၶါေပါက္သြားျခင္းျဖစ္ပါသည္။ဆရာေတာ္ႀကီးဦးကုသလႏွင့္ တပည့္ ဒကာ ဒကာမမ်ားအားလံုး က်န္းမာ ခ်မ္းသာ ေဘးရန္ကြာ၍ လုိရာဆႏၵျပည့္ဝၾကပါေစ…။

“ပညာရေးအကယ်ဒမီကျောင်းဖွင့်ပွဲအခမ်းအနား (၁)”

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်အတွင်းမှာ ဖွင့်လှစ်ထားသည့် ပညာရေးအကယ်ဒမီကျောင်းဖွင့်ပွဲကို တော်သလင်းလဆန်း (၁၄)ရက် (23.9.2018)ရက်နေ့မှာ ကျင်းပပါသည်။ မနက် အရုဏ်ဆွမ်းအဖြစ် မုန့်ဟင်းခါးလှူဒါန်းပါသည်။

အလှူရှင်သည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)အမှူးပြုသော တပည့် ဒကာ ဒကာမများ ဖြစ်ပါသည်။
ဆရာတော်ကြီးဦးကုသလသည် မန်းမဘသ အတွင်းရေးမှူးချုပ်ဖြစ်ပြီး အမျိုးဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်း ပညာရေးလုပ်ငန်းတွေမှာ လွန်စွာစိတ်အားထက်သန်သော ဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားအကြို 22.9.2018 ရက်နေ့ ညနေပိုင်း၌လည်း ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများအား အသိအလိမ္မာ ဉာဏ်ပညာဆိုင်ရာ သြဝါဒတရားများ ဟောကြားဆုံးမတော်မူပါသည်။ ဆရာတော်ကြီးဦးကုသလ လှူဒါန်းကျွေးမွေးသော မုန့်ဟင်းခါးဆွမ်းကို ချောင်းမကြီး ဘကကျောင်းမှ ကိုရင်လေးများနှင့် အခြားဘကကျောင်းမှ ကိုရင်လေးများလည်း လာရောက်ဘုဉ်းပေးကြပါသည်။ ကျောင်းသူကျောင်းသားများလည်း အားပါးတရ စားသောက်ကြပါသည်။

နောက်တစ်ခါဆိုလျှင် ဒံပေါက်ဆွမ်းကပ်မည်ဟု ဆရာတော်ကြီးဦးကုသလက မိန့်တော်မူပါသည်။ ကလေးများ အားရပါးရ စားသောက်ကြတာကိုကြည့်ပြီး သဘောကျကာ ဒံပေါက်ကျွေးမည် ကြိုက်လားဟု မေးသည့်အခါ ကလေးများက တညီတညွတ်တည်း ကြိုက်တယ်ဟု ဖြေဆိုရာမှ ဒံပေါက်ကျွေးဖို့ သဒ္ဓါပေါက်သွားခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးဦးကုသလနှင့် တပည့် ဒကာ ဒကာမများအားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။