သတင်း
အရေးပေါ် အရော်ပေး
“အရေးပေါ် အရော်ပေး”
24.9.2018 ရက်နေ့၊ ညဦးပိုင်းမှာ မန်းမဟော်သဓာမှ အပြန်လမ်း အတွေ့အကြုံလေးပါ။
စာရေးသူတို့ ၁၀ မိုင် ၅ ဖာလုံလောက်ရောက်တဲ့အခါ ဆိုင်ကယ်တစ်စီး ကန့်လန့်ဖြတ် လဲနေပြီး အမျိုးသားတစ်ယောက်မှောက်နေကာ အမျိုးသမီးတစ်ယောက် အော်ဟစ်အကူအညီတောင်းနေတာနဲ့ ကြုံပါတယ်။ ဒါနဲ့ တပည့်များအောက်ဆင်းပြီး အကူအညီပေးကြပါတယ်။ တိုက်သွားတဲ့ကားက ကြောက်အားလန့်အားနဲ့ ထွက်ပြေးသွားပါပြီ။
စာရေးသူလည်း ဖုန်းထဲ မှတ်ထားတဲ့အတိုင်း မန္တလေးအရေးပေါ် ရဲဌာနတွေကို ဖုန်းဆက်ပါတယ်။ ဖုန်းဝင်သော်လည်း မကိုင်ကြပါ။ ခဏခဏဆက်လည်း ကိုင်သူမရှိပါ။ အရေးပေါ် Hot Line လို့ မှတ်ထားတဲ့ဖုန်းကိုလည်း ခေါ်ပါတယ်။ မကိုင်ကြပါ။
ပုသိမ်ကြီးမြို့နယ်မှူးရုံးမှတစ်ဆင့် ပုသိမ်ကြီးစခန်းမှူးကို ဆက်သွယ်ရာမှ အနီးစပ်ဆုံး ရဲစခန်းနှစ်ခုဖြစ်သည့် ကျောက်မီးနှင့် အောင်ပင်လယ်တို့ ရောက်လာကာ လူနာကိုလည်း ဆေးရုံပို့ဖို့လုပ်၊ တိုက်သွားတဲ့ကားကိုလည်း ဘီးခွန်ဂိတ်မှာ ဖမ်းဆီးပြီး စစ်ဆေးပေးကြပါတယ်။ အရေးပေါ်လို့ ကြေညာထားပြီး ဘာကြောင့်ဖုန်းမကိုင်ကြရတာပါလဲ။ အရေးအကြောင်းဆိုရင် သေပြီပေါ့ဗျာ။
ဒါကြောင့် အရေးပေါ်ဌာနကို တောင်းဆိုပါတယ်။ အရော်ပေးကြပါဟု ။
စာရေးသူဆက်သောဖုန်းနံပါတ်များ
0227199
024027199 – အရေးပေါ် Hot Line