သတင္း

ဆရာေတာ္ဦးဝီရသူႏွင့္သက္၍ သီတဂူဗုဒၶတကၠသိုလ္(သန္လွ်င္)ပါခ်ဳပ္ဆရာေတာ္မွ တာဝန္ရိွပုဂၢိဳလ္မ်ားအား အထူးသတိေပးတိုက္တြန္း


လူမုိက္ႀကီးမ်ား မျဖစ္ေစခ်င္
*******************
* လုပ္သင့္တာကုိ မလုပ္ရင္ လူမုိက္ေျပာသင့္တာကုိ မေျပာရင္ လူမုိက္
* မလုပ္သင့္တာကုိ လုပ္ရင္ လူမုိက္မေျပာသင့္တာကုိ ေျပာရင္ လူမုိက္
ျမန္မာႏုိင္ငံမွာ သံဃာ့အဖြဲ႕အစည္းေတြ အခုိင္အမာ ရွိတယ္ ဗုဒၶဘာသာဝင္ေတြ ရာခုိင္ႏွဳန္း မ်ားတယ္ ေအာင္ျမင္တဲ့ စာသင္တုိက္ေတြ တကၠသုိလ္ေတြ ရိပ္သာေတြ ပရဟိတေက်ာင္းေတြ အမ်ားႀကီးရွိတယ္။

ဒါေပမဲ့
ေခတ္အဆက္ဆက္မွာ ႏုိင္ငံအတြက္ သာသနာ အတြက္ အသက္စြန္႔ခဲ့သူေတြ ေထာင္တန္းမေၾကာက္ပဲ ေျပာခဲ့ လုပ္ခဲ့သူေတြ ေပၚခဲ့ဖူးေပမဲ့ အသုံးခ်ခံအေနနဲ႔ ဆက္ဆံၿပီး အထီးက်န္ဘဝနဲ႔ အဆုံးသတ္ၾကရတယ္ ဒီလုိ ထိေရာက္မွဳက နည္းၿပီး ရင္းႏွွီးမွဳနဲ႔ရလာဘ္က မတန္ေတာ့ ေနာက္ေနာင္မွာ လူစြမ္းေကာင္းေတြ ေပၚေပါက္မလာေတာ့ပဲ တိမ္ျမဳတ္ေနၾကရေတာ့တယ္။ ဒါဟာ ေခါင္းေဆာင္ေတြက ကုိယ္က်ဳိးထိမွာစုိးၿပီး ၿငိမ္ေနၾကလုိ႔ တာဝန္ရွိသူ ဝန္ထမ္းေတြက အရုိးကုိမက္ၿပီး လူေကာင္းကုိေတာင္ ကုိက္တတ္ၾကလုိ႔ပဲ။

သာသနာဘက္ကဆုိရင္ မဟနေတြ သံဃနာယကေတြ စာသင္တုိက္ တကၠသုိလ္ ရိပ္သာ ပရဟိတေတြမွာ ေအာင္ျမင္ေနတဲ့ ေခါင္းေဆာင္ေတြ တရားဝင္ မေျပာၾကဘူး စာမထုတ္ၾကဘူး လုပ္သင့္တာ မလုပ္ၾကဘူး။

ႏုိင္ငံေခါင္းေဆာင္ဘက္ကဆုိရင္လည္း လႊတ္ေတာ္အမတ္ေတြ အစုိးရေတြ လုပ္ပုိင္ခြင့္ရွိသူေတြက အမ်ားကုိးကြယ္တဲ့ ဘာသာသာသနာကုိ သူတုိ႔နဲ႔ မဆုိင္သလုိ ေနေနၾကတယ္။ အမ်ားအတြက္ ၾကည့္တတ္တဲ့သူေတြဟာ ကုိယ္တုိင္ လူစြမ္းေကာင္းလမ္းစဥ္ လုိက္ခ်င္လုိက္ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မလုိက္ႏုိင္ရင္လည္း အားေပး ခ်ီးေျမွာက္ ေထာက္ခံရမယ္။

ဦးဝီရသူဟာ ညစာမစားဘူး ကြမ္းမစား ေဆးမေသာက္ဘူး ေငြေၾကးမမက္ဘူး အခြင့္အေရး မေမွ်ာ္ဘူး ႏုိင္ငံ နဲ႔ သာသနာအတြက္ဆုိရင္ ကုိယ္နဲ႔အသက္ မငဲ့ကြက္ပဲ လုပ္တယ္ တုိင္းျပည္အေပၚ ေစတနာရွိတယ္ သတၱိသာမက ဗ်တၱိလည္း ရွိတယ္ စာေကာင္းေကာင္း ပုိ႔ခ်တယ္ ပရဟိတ ပီပီျပင္ျပင္ လုပ္တယ္ တခါတရံ စကားၾကမ္းတတ္ေပမဲ့ အေၾကာင္းရင္းေစတနာကုိ ျမင္ေအာင္ၾကည့္တတ္ရင္ နားလည္ေပးလုိ႔ ရတယ္ စကားမ်ားမ်ား ေျပာရသူတုိင္း စကားမမွားသူ ဘယ္သူရွိမလဲ ႏုိင္ငံျခားမီဒီယာေတြ ပုံဖ်က္ထားသလုိ မူစလင္မုန္းသူ မဟုတ္ဘူး အဓမၼကုိပဲ မုန္းတာ မိတၳီလာအေရးအခင္းမွာ ဦးဝီရသူ ကယ္ခဲ့တဲ့ မူစလင္ေတြ အမ်ားႀကီး။

အခု ဦးဝီရသူကုိ မထုိက္တန္တဲ့ပုဒ္မေတြနဲ႔ တရားစြဲ ေထာင္ခ်ဖုိ႔ လုပ္ေနျပီ အစုိးရနဲ႔ ႏုိင္ငံေတာ္သံဃနာယကက ကာကြယ္မေပးေတာ့ဘူးလား ဘာသာဝင္ေတြ မကူညီေတာ့ဘူးလား သံဃာေတြအတြက္ (ရကၡ) ေစာင့္ေရွာက္ေရး (အာဝရဏ) ကာကြယ္ေရး (ဂုတၱိ) လုံၿခဳံေရးဟာ ႏုိင္ငံအစုိးရ သာသနာ့ေခါင္းေဆာင္ နဲ႔ ျပည္သူေတြမွာ တာဝန္အျပည့္ ရွိပါတယ္။

ခုေတာ့
ဦးဝီရသူကုိလည္း ပစ္ထားၾကတယ္
ေျပာသင့္တာကုိ ေျပာေပးတတ္တဲ့ သီတဂူဆရာေတာ္ကုိလည္း ဝုိင္းတြယ္ၾကတယ္
ျပည္တြင္းအင္အားဟာ ျပည္တြင္းမွာပဲ ရွိပါတယ္
ေျပာသင့္တာ မေျပာ လုပ္သင့္တာ မလုပ္မိတဲ့ လူမုိက္ႀကီးမ်ား မျဖစ္ၾကပါေစနဲ႔ လုိ႔ပဲ ေျပာလုိက္ပါရေစ . . . .
သီဟ(သီတဂူ)
ေဒါက္တာသီဟဥာဏာလကၤာရာဘိဝံသဓမၼဒီပ ဘ.ကေက်ာင္းအုပ္ဗုဒၶတကၠသိုလ္(သန္လွ်င္)ပါခ်ဳပ္ဆရာေတာ္
Crd – – -nayminkhine(မ်ိဳး​ေစာင္​့လူငယ္​မ်ားကြန္​ယက္​)ရန္​ကုန္

ဆရာတော်ဦးဝီရသူနှင့်သက်၍ သီတဂူဗုဒ္ဓတက္ကသိုလ်(သန်လျှင်)ပါချုပ်ဆရာတော်မှ တာဝန်ရှိပုဂ္ဂိုလ်များအား အထူးသတိပေးတိုက်တွန်း

လူမိုက်ကြီးများ မဖြစ်စေချင်


  • လုပ်သင့်တာကို မလုပ်ရင် လူမိုက်
    ပြောသင့်တာကို မပြောရင် လူမိုက်
  • မလုပ်သင့်တာကို လုပ်ရင် လူမိုက်
    မပြောသင့်တာကို ပြောရင် လူမိုက်

မြန်မာနိုင်ငံမှာ သံဃာ့အဖွဲ့အစည်းတွေ အခိုင်အမာ ရှိတယ် ဗုဒ္ဓဘာသာဝင်တွေ ရာခိုင်နှုန်း များတယ် အောင်မြင်တဲ့ စာသင်တိုက်တွေ တက္ကသိုလ်တွေ ရိပ်သာတွေ ပရဟိတကျောင်းတွေ အများကြီးရှိတယ်။

ဒါပေမဲ့

ခေတ်အဆက်ဆက်မှာ နိုင်ငံအတွက် သာသနာ အတွက် အသက်စွန့်ခဲ့သူတွေ ထောင်တန်းမကြောက်ပဲ ပြောခဲ့ လုပ်ခဲ့သူတွေ ပေါ်ခဲ့ဖူးပေမဲ့ အသုံးချခံအနေနဲ့ ဆက်ဆံပြီး အထီးကျန်ဘဝနဲ့ အဆုံးသတ်ကြရတယ် ဒီလို ထိရောက်မှုက နည်းပြီး ရင်းနှီးမှုနဲ့ရလာဘ်က မတန်တော့ နောက်နောင်မှာ လူစွမ်းကောင်းတွေ ပေါ်ပေါက်မလာတော့ပဲ တိမ်မြုတ်နေကြရတော့တယ်။

ဒါဟာ ခေါင်းဆောင်တွေက ကိုယ်ကျိုးထိမှာစိုးပြီး ငြိမ်နေကြလို့ တာဝန်ရှိသူ ဝန်ထမ်းတွေက အရိုးကိုမက်ပြီး လူကောင်းကိုတောင် ကိုက်တတ်ကြလို့ပဲ။

သာသနာဘက်ကဆိုရင် မဟနတွေ သံဃနာယကတွေ စာသင်တိုက် တက္ကသိုလ် ရိပ်သာ ပရဟိတတွေမှာ အောင်မြင်နေတဲ့ ခေါင်းဆောင်တွေ တရားဝင် မပြောကြဘူး စာမထုတ်ကြဘူး လုပ်သင့်တာ မလုပ်ကြဘူး။

နိုင်ငံခေါင်းဆောင်ဘက်ကဆိုရင်လည်း လွှတ်တော်အမတ်တွေ အစိုးရတွေ လုပ်ပိုင်ခွင့်ရှိသူတွေက အများကိုးကွယ်တဲ့ ဘာသာသာသနာကို သူတို့နဲ့ မဆိုင်သလို နေနေကြတယ်။

အများအတွက် ကြည့်တတ်တဲ့သူတွေဟာ ကိုယ်တိုင် လူစွမ်းကောင်းလမ်းစဉ် လိုက်ချင်လိုက် အကြောင်းအမျိုးမျိုးကြောင့် မလိုက်နိုင်ရင်လည်း အားပေး ချီးမြှောက် ထောက်ခံရမယ်။

ဦးဝီရသူဟာ ညစာမစားဘူး ကွမ်းမစား ဆေးမသောက်ဘူး ငွေကြေးမမက်ဘူး အခွင့်အရေး မမျှော်ဘူး နိုင်ငံ နဲ့ သာသနာအတွက်ဆိုရင် ကိုယ်နဲ့အသက် မငဲ့ကွက်ပဲ လုပ်တယ် တိုင်းပြည်အပေါ် စေတနာရှိတယ် သတ္တိသာမက ဗျတ္တိလည်း ရှိတယ် စာကောင်းကောင်း ပို့ချတယ် ပရဟိတ ပီပီပြင်ပြင် လုပ်တယ် တခါတရံ စကားကြမ်းတတ်ပေမဲ့ အကြောင်းရင်းစေတနာကို မြင်အောင်ကြည့်တတ်ရင် နားလည်ပေးလို့ ရတယ် စကားများများ ပြောရသူတိုင်း စကားမမှားသူ ဘယ်သူရှိမလဲ နိုင်ငံခြားမီဒီယာတွေ ပုံဖျက်ထားသလို မူစလင်မုန်းသူ မဟုတ်ဘူး အဓမ္မကိုပဲ မုန်းတာ မိတ္ထီလာအရေးအခင်းမှာ ဦးဝီရသူ ကယ်ခဲ့တဲ့ မူစလင်တွေ အများကြီး။

အခု ဦးဝီရသူကို မထိုက်တန်တဲ့ပုဒ်မတွေနဲ့ တရားစွဲ ထောင်ချဖို့ လုပ်နေပြီ အစိုးရနဲ့ နိုင်ငံတော်သံဃနာယကက ကာကွယ်မပေးတော့ဘူးလား ဘာသာဝင်တွေ မကူညီတော့ဘူးလား သံဃာတွေအတွက် (ရက္ခ) စောင့်ရှောက်ရေး (အာဝရဏ) ကာကွယ်ရေး (ဂုတ္တိ) လုံခြုံရေးဟာ နိုင်ငံအစိုးရ သာသနာ့ခေါင်းဆောင် နဲ့ ပြည်သူတွေမှာ တာဝန်အပြည့် ရှိပါတယ်။

ခုတော့

ဦးဝီရသူကိုလည်း ပစ်ထားကြတယ်

ပြောသင့်တာကို ပြောပေးတတ်တဲ့ သီတဂူဆရာတော်ကိုလည်း ဝိုင်းတွယ်ကြတယ်

ပြည်တွင်းအင်အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်

ပြောသင့်တာ မပြော လုပ်သင့်တာ မလုပ်မိတဲ့ လူမိုက်ကြီးများ မဖြစ်ကြပါစေနဲ့ လို့ပဲ ပြောလိုက်ပါရစေ . . . .

သီဟ(သီတဂူ)

ဒေါက်တာသီဟဉာဏာလင်္ကာရာဘိဝံသ
ဓမ္မဒီပ ဘ.ကကျောင်းအုပ်
ဗုဒ္ဓတက္ကသိုလ်(သန်လျှင်)ပါချုပ်ဆရာတော်

Crd – – -nayminkhine(မျိုးစောင့်လူငယ်များကွန်ယက်)ရန်ကုန်