ထုုတ္ျပန္ေၾကညာခ်က္သတင္း

ေငြတြင္း မဘသ သေဘာထားထုတ္ျပန္ခ်က္

ရက္စြဲ။ ။ ၁၃၈၁-ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ (၁၅)ရက္၊ ၂၀၁၉-ခုႏွစ္၊ ဇြန္လ ၂၊ တနဂၤေႏြေန႔

အမ်ဳိးသားေရးဦးေဆာင္ဆရာေတာ္တစ္ပါးျဖစ္သည့္ ဘဒၵႏၲဝိစိတၱာဘိဝံသ (ဦးဝီရသူ-မစိုးရိမ္)အား ႏုိင္ငံေတာ္အစုိးရမွ ပုဒ္မ ၁၂၄-ကျဖင့္ အမႈဖြင့္လွစ္၍ ဖမ္းဝရမ္းထုတ္ထားေၾကာင္း သိရွိရပါသည္။

မိမိတုိ႔အရပ္သားအစုိးရအေနျဖင့္ တရားဥပေဒစုိးမိုးေရးဆိုၿပီး ေၾကြးေၾကာ္လာခဲ့ရာ ဥပေဒကို မထီမဲ့ျမင္ မေလးမစား မိမိတုိ႔လုိရာဆြဲ၍ အသံုးျပဳေနျခင္း၊ အမ်ဳိးသားေရးသမားမ်ားကို နည္းအမ်ဳိးမ်ဳိးျဖင့္ ဖိႏွိပ္ေနျခင္း၊ ဆရာေတာ္ဦးဝီရသူအား မတရားသျဖင့္ အမႈဖြင့္လွစ္၍ ဖမ္းဝရမ္းထုတ္ျခင္းကို မလုပ္သင့္ပါေၾကာင္း၊ တရားေရးမ႑ဳိင္ကလည္း မွ်တမွန္ကန္စြာ ဆံုးျဖတ္သင့္ပါေၾကာင္း မိမိတုိ႔ ေငြတြင္းအမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔အေနျဖင့္ သေဘာထားထုတ္ျပန္လုိက္ပါသည္။

ငွေတွင်း မဘသ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ ၁၃၈၁-ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၅)ရက်၊ ၂၀၁၉-ခုနှစ်၊ ဇွန်လ ၂၊ တနင်္ဂနွေနေ့

အမျိုးသားရေးဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ-မစိုးရိမ်)အား နိုင်ငံတော်အစိုးရမှ ပုဒ်မ ၁၂၄-ကဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဝရမ်းထုတ်ထားကြောင်း သိရှိရပါသည်။

မိမိတို့အရပ်သားအစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုပြီး ကြွေးကြော်လာခဲ့ရာ ဥပဒေကို မထီမဲ့မြင် မလေးမစား မိမိတို့လိုရာဆွဲ၍ အသုံးပြုနေခြင်း၊ အမျိုးသားရေးသမားများကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်နေခြင်း၊ ဆရာတော်ဦးဝီရသူအား မတရားသဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဝရမ်းထုတ်ခြင်းကို မလုပ်သင့်ပါကြောင်း၊ တရားရေးမဏ္ဍိုင်ကလည်း မျှတမှန်ကန်စွာ ဆုံးဖြတ်သင့်ပါကြောင်း မိမိတို့ ငွေတွင်းအမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် သဘောထားထုတ်ပြန်လိုက်ပါသည်။