သတင္းအင္တာဗ်ဴး

ဘယ္ေသာအခါမွ အလံမလွဲတဲ့စနစ္ကုိသုံးၿပီး ေနာက္ဆုံးထြက္သက္အထိ ခုခံကာကြယ္သြားမယ္လုိ႔ အတိအလင္းေၾကညာလုိက္ပါတယ္ (အပုိင္း-၂ နိဂုံး)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ေမး- ဆရာေတာ္မင္းသုညတို႔ တရား၀င္ေၾကညာထားတဲ့ သတင္းစာရွင္းလင္းပြဲကေတာ့ ပ်က္သြားတယ္။ ဒါပေမယ့္ တိတ္တဆိတ္လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဟိုဘက္က ေျပာထားတာေတြနဲ႔ ပတ္သက္ၿပီး အရွင္ဘုးအေနနဲ႔ ဘာေျပာစရာရွိမလဲဘုရား။

ေျဖ – ေျပာစရာေတြကေတာ့ အမ်ားႀကီးပါ။ သူ႕ဘက္က ေျပာသမွ်ေတြက တစ္ဖက္သတ္စြပ္စြဲခ်က္ေတြျဖစ္ေနတာေပါ့ေနာ္။ အဲဒါေတြက ရဟန္းအခ်င္းခ်င္းဆိုေတာ့ ေျပာရခက္တာေပါ့။ ေနာက္ၿပီးေတာ့ စြပ္စြဲတဲ့သူက အရည္အခ်င္းမရွိေတာ့ ပိုၿပီး တံု႔ျပန္ရခက္တယ္ေလ။ တကယ္တမ္း ျဖစ္ရမွာက ဦး၀ီရသူရဲ႕ ကို္ယ္အမူအရာႏုတ္အမူအရာေတြမွ ဘယ္စကားလံုးေၾကာင့္ ဘယ္သိကၡာပုဒ္ကို ထိခိုက္ၿပီး ဘယ္အာပတ္သင့္တယ္။ ဘယ္လို အၾကည္ညိဳပ်က္ေစႏုိင္တယ္၊ ဘယ္လို သာသနာကို ထိခိုက္ေစႏုိင္တယ္။ ဒါမ်ိဳးေတြကို အေထာက္အထားေတြနဲ႔ ျပရမွာေပါ့ေနာ္။ အဲဒီအဆင့္ကေနမွ ၿမိဳ႕နယ္ သံဃာနာယကေသာ္လည္းေကာင္း၊ တိုင္းသံဃနာယကေသာ္လည္းေကာင္း၊ ဒါမွမဟုတ္ ႏုိင္ငံေတာ္သံဃမဟာနာယကေသာ္လည္းေကာင္း အဲဒီလို တင္ရမွာေလ။ အဲဒီလိုတင္မွ ဒီအမူအရာ၊ ဒီအမူရာေတြက သူေျပာတဲ့အတုိင္းမွန္တယ္၊ ဒီ အာပတ္ေလးေတြ သင့္ေနတယ္။ အာပတ္ေလးေတြကေတာ့ အေသးအမႊားေလးေတြျဖစ္ေသာ္လည္းပဲ အၾကည္အညိဳပ်က္ေစတာေတာ့မွန္တယ္။ ကိုယ့္အမူအရာေၾကာင့္ ကိုယ့္သာသနာလည္း အကဲ့ရဲ႕ခံရႏုိင္တယ္၊ ထိခိုက္နစ္နာႏုိင္တယ္။ ဒါေၾကာင့္ ေနာက္ေနာင္ ေစာင့္စည္းဖို႔ ေရွာင္ၾကဥ္ဖို႔ဆိုၿပီးေတာ့ ဆရာေတာ္ႀကီးေတြက ေခၚဆံုးမမွာေပါ့ေနာ့။

အခုဟာက ဘယ္စကားလံုးေၾကာင့္ ဘယ္အာပတ္သင့္တယ္ ဘယ္သိကၡာပုဒ္နဲ႔ ၿငိတယ္ သူတို႔ မေျပာႏုိင္ဘူးေလ။ ဒါကို ေထာက္ေသာအားျဖင့္ ဒီကိုယ္ေတာ္ေလးေတြက ၀ိနည္းကို တကယ္မသိဘူး။ ၀ိနည္းမသိဘဲနဲ႔ ၀ိနည္းဘယ္လိုလိုက္နာမလဲေပါ့။ ၀ိနည္းမလိုက္နာရင္ ရဟန္းအစစ္ဟုတ္ပါဦးမလားေပါ့။အဲဒီအထိကုိေတြးၿပီးေတာ့ သူတုိ႔အစားရွက္မိသလုိ သူတို႔ကိုၾကည္ညိဳကိုးကြယ္ဆည္းကပ္ေနတဲ့သူေတြရဲ႕အနာဂတ္အတြက္လည္း ရင္ေလးေနမိတယ္။ ကုိးကြယ္ရက်ဳိး မနပ္ဘဲ အလကားျဖစ္သြားမွာစုိးရိမ္လုိ႔ ႏွေျမာတသျဖစ္မိသြားတယ္။ သနားလည္း သနားမိတာေပါ့ေနာ္။

ေမး- အရွင္ဘုရားကုိေစာ္ကားတာ မခံႏုိင္လုိ႔ ကိုေက်ာ္မ်ိဳးေရႊက တရားလိုလုပ္ၿပီး ကိုေဆြ၀င္းကို တရားစြဲဆုိထားတဲ့ အမႈရဲ႕ အမႈသြား အမႈလာအေျခအေနကေရာ ဘယ္လိုအေျခအေနရွိပါသလဲဘုရား။

ေျဖ – သူတို႔တေတြကလည္း ခုခံကာကြယ္ခြင့္ရွိတယ္။ ျငင္းဆိုပိုင္ခြင့္ရွိတယ္ဆိုတဲ့ အခြင့္အေရးႀကီးနဲ႔ပဲ ေျပာင္ေျပာင္တင္းတင္း ျငင္းဆန္ေနတာေတြ႔ရတာေပါ့ေနာ္။ အဲေတာ့ အမႈသည္အတြက္ သိကၡာက်တာေပါ့ကြာ။ သူကိုယ္တုိင္လည္း ဒါကိုေရးခဲ့တယ္၊ ေရးခဲ့တဲ့အတြက္ ဒါကိုေတာင္းပန္ပါဆိုေတာ့ မေတာင္းပန္ႏိုင္ဘူးလို႔ ျပန္ေရးတယ္။ ၿပီးရင္ ဒီလိုေရးလို႔ ဒီလိုအတုိင္အခံရတဲ့အေၾကာင္း၊ ေတာင္းပန္ခိုင္းတာကို မေတာင္းပန္ႏုိင္တဲ့အေၾကာင္း၊ ဘာေၾကာင့္ မေတာင္းပန္ႏုိင္ဘူးဆိုတဲ့ အတုိင္းအတာေတြနဲ႔ အရင္ထက္ ပိုၿပီး ၾကမ္းတမ္းတဲ့ စကားလံုးေတြနဲ႔ ပစ္မွားေစာ္ကားတာေတြလည္း ရွိတယ္ေလ။ အဲဒါေတြကလည္း ရုပ္သံဖိုင္ေတြ ရွိေနတာကိုး။ အဲဒီလိုရုပ္သံဖိုင္ႀကီးဖြင့္ျပပါလ်က္နဲ႔ ဒီအသံဟာ ကာယကံရွင္ရဲ႕အသံအစစ္အမွန္ ဟုတ္မဟုတ္ စစ္ေဆးၿပီးၿပီလားလို႔ ျပန္ၿပီး ေမးခြန္းထုတ္ေနတာမ်ိဳးက်ေတာ့ တရားသူႀကီးအတြက္ ရယ္စရာႀကီး ျဖစ္သြားတာေပါ့ေနာ့။

ေျပာရမယ္ဆိုရင္ သူ႔ကုိ အာမခံေပးခြင့္မရွိတဲ့အခ်ိန္မ်ဳိးမွာေတာင္ အာမခံေပးခဲ့တဲ့ တရားသူႀကီးကေတာင္ ရယ္တယ္ဆိုမွေတာ့ ဒီေရွ႕ေန၊ ဒီဥပေဒအႀကံေပးဟာ ဘယ္ေလာက္ေတာင္ ညံ့ဖ်င္းတယ္ဆုိတာ ေပၚလြင္သြားတာေပါ့ေနာ္။ သူ႔ကို စၿပီးေခၚကတည္းကိုက အမွားႀကီးမွားေနတာေတြဟာ ဒီကေန႔အထိ မွားေနတုန္းပဲ၊ ဒါေၾကာင့္ အမႈဟာ မၾကာသင့္ဘဲ ၾကာသြားတယ္လို႔ပဲ ေျပာရမွာေပါ့ေနာ္။ ဒါေၾကာင့္မို႔လို႔ ခုခ်ိန္အထိ သူတို႔တေတြ ရုန္းထြက္ေနတဲ့အဆင့္ပဲ ရွိပါေသးတယ္။ တရားလိုနဲ႔ပတ္သက္ၿပီးစစ္ေဆးေနတဲ့ အခန္းက႑ေတာင္ မကုန္ေသးပါဘူး။

ေမး – ေနာက္တစ္ခုကေတာ့ အခုရက္ပိုင္းေတြမွာပဲ ေတာက္ေလွ်ာက္ဆိုသလို ႏုိင္ငံပိုင္သတင္းစာေတြကေနတစ္ဆင့္ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈဆိုတဲ့ဟာေတြ ေဖာ္ျပတာကိုေတြ႕ရပါတယ္။ ဒါကို ႏိုင္ငံေရးအရ၊ အရွင္ဘုရားအေနနဲ႔ဆိုရင္ ဘယ္လိုမ်ား သံုးသပ္ခ်င္ပါသလဲဘုရား။

ေျဖ- အဓိကကေတာ့ သူတို႔တေတြ အႀကံႀကီး ႀကံစည္ေနၾကၿပီေလ။ အခ်ီႀကီး ကိုင္ေတာ့မွာေပါ့။ အဲေတာ့ အေကာင္ႀကီးပါသြားမွာေပါ့။ အဲဒီအေကာင္ႀကီးကေတာ့ တျခားေတာ့မဟုတ္ဘူး။ ရြာျပင္ထုတ္ခံရသူႀကီးေပါ့။ သူက ရြာျပင္ထုတ္ခံရသူႀကီးကိုကိုင္မွ ကုန္ေစ်းႏႈန္းေတြ တဟုန္ထိုး ထိုးက်သြားမွာကိုး။ ၿပီးေတာ့ စီးပြားေရးေတြလည္း တာ၀တႎသာအထိ ေထာင္တက္သြားမွာကိုး။ ၿပီးေတာ့ အခြန္ေကာက္တာေတြ လံုး၀ မရွိေတာ့ေလာက္ေအာင္ ပေပ်ာက္သြားမွာကိုး။ ဟို လူ႕အခြင့္အေရးေတြေကာ တရားဥပေဒစိုးမိုးေရးေတြ အကုန္လံုးက ရြာျပင္ထုတ္ခံရသူႀကီးကို ဖမ္းမွ အရာရာအားလံုး ၿပီးျပည့္စံုသြားမယ့္ ႏုိင္ငံေတာ္ႀကီးျဖစ္သြားမွာကိုး။ ဆိုၾကပါစို႔၊ ဖက္ဒရယ္ျပည္ေထာင္စုႀကီးနဲ႔ 21 ပင္လံုညီလာခံႀကီးလည္း အၿပီးတုိင္ ေအာင္ျမင္ၿပီးေတာ့ တကယ့္ကို ၿပီးျပည့္စံုတဲ့ ႏုိင္ငံေတာ္ႀကီးတစ္ခု ျဖစ္ေတာ့ မွာမို႔ ဒီအေကာင္ႀကီးကို အပီကိုင္ေတာ့မယ္လို႔ ယူဆရတာေပါ့ေလ။ အဲဒီလို ၿပီးျပည့္စံုတဲ့ ႏုိင္ငံေတာ္ႀကီးျဖစ္မယ္ ဆိုလို႔ရွိရင္ ဒီအေကာင္ႀကီးကလည္း အခ်ီခံခ်င္ေနတာပါလို႔ပဲေျပာခ်င္ပါတယ္။

ေမး- ေနာက္တစ္ခုကေတာ့ ရခိုင္အေရးေပါ့ဘုရား၊ ဘဂၤလားေဒ့ရွ္က ျပန္လာတဲ့ သူေတြကို လက္ခံဖို႔ ကိစၥေတြ၊ ေနာက္ နယ္ျခားမ်ဥ္းမွာႏွစ္ဘက္ ျပႆနာတင္းမာေနတာေတြ၊ ဒီလိုအခ်ိန္မွာ အမ်ိဳးသားေရးအင္အားစုေတြဘက္က ရခိုင္အေရးနဲ႔ပတ္သက္ၿပီးေတာ့ နည္းနည္းေလးမ်ား အသံတိတ္ေနသလားလို႔ပါဘုရား။ တိတ္ေနတယ္ဆိုရင္ တိတ္ေနတာနဲ႔ပတ္သက္ၿပီး ဘာေျပာစရာရွိမလဲဘုရား။

ေျဖ – အဲဒါကေတာ့ တိတ္ေနတယ္လို႔ ေျပာလို႔မရဘူးေပါ့ေနာ္။ ဒါႀကီးက အျဖဴအမည္းသည္းကြဲေအာင္ ေစာင့္ၾကည့္ေနရတာကိုး။ ႏုိင္ငံတကာကလည္း ဖိအားေပးေနတယ္။ နယ္စပ္မွာလည္း ျပႆနာျဖစ္ေနတယ္။ အစိုးရကလည္း ဘယ္လိုကိုင္တြယ္မယ္ဆိုတာ မသိရေသးဘူး။ အဲေတာ့ အစိုးရက ဘက္လိုက္မႈေတြ ရွိလာမလား အေလွ်ာ့ေပးမႈေတြလုပ္မလား။ ဆိုၾကပါစို႔ တုိင္းရင္းသားအေရး ကို ေခ်ာင္ထိုးထားၿပီးေတာ့ ခိုး၀င္ေတြကိုပဲ ဦးစားေပးေလမလား။ ဒါေတြကို ေစာင့္ၾကည့္ရတာေပါ့ေနာ္။ အဲဒါေတြ ေျခေျချမစ္ျမစ္နဲ႔ အေျဖအတိအက်သိရင္ေတာ့ အမ်ိဳးသားေရးသမားေတြက လက္မေႏွးဘဲ လုပ္သင့္လုပ္ထုိက္တာေတြ လုပ္ၾကပါလိမ့္မယ္။

ေမး- လက္ရွိ ႏုိင္ငံေရးအခင္းအက်င္းက ပိုၿပီးရႈပ္လာသလို အရွင္ဘုရားကိုလည္းပဲ အစိုးရပိုင္းေရာ၊ မီဒီယာေတြေကာ၊ တျခားတျခားေသာ အဖြဲ႕အစည္းေတာ္ေတာ္မ်ားမ်ားကပါ ဖိအားေပးလာတာေတြ႕ရပါတယ္။ ဆိုေတာ့ အရွင္ဘုရားလုပ္ေနတဲ့ အမ်ိဳးႏုိင္ငံေရးေတြကို ဘယ္အခ်ိန္ထိ ဆက္လုပ္သြားမလဲဘုရား။ နားဖို႔ေရာ အစီအစဥ္ေတြဘာေတြ ရွိလားဘုရား။

ေျဖ – တက္မရွိရင္ လက္နဲ႔ေလွာ္မယ္ဆိုတဲ့ ေဆာင္ပုဒ္အတုိင္းပါပဲေလ။ ေဖ့ဘုတ္စ္အပိတ္ခံရေတာ့ အင္တာနက္ေရဒီယိုေထာင္မွာေပါ့ကြာ။ တစ္နည္းနည္းနဲ႔ ခုခံကာကြယ္ေနရမွာေပါ့။ က်ဆံုးသြားလို႔ေတာ့မျဖစ္ဘူးေလ။ ဗႏၶဳလက်ဆံုးသြားတာနဲ႔ပဲ ဓႏုျဖဴခံတပ္ႀကီးက်ၿပီးေတာ့ ေအာက္ဗမာျပည္က ကၽြန္ျဖစ္ခဲ့ရတယ္၊ ကေနာင္ က်ဆုံးသြားတာနဲ႔ပဲ ျမန္မာတစ္ျပည္လုံး ကၽြန္ျဖစ္ခဲ့ရတယ္။ ဝီရသူဆုိတာ ဗႏၶဳလနဲ႔ ကေနာင္ေသြး ေရာစပ္ထားတဲ့ ဗႏၶဳကေနာင္ မ်ဳိးဆက္ပါ။ ၀ီရသူက်ဆံုးသြားရင္ေတာ့ ျမန္မာျပည္ဟာ အလံနက္အလႊင့္ခံရမွာ ေသခ်ာတာေပါ့။ အဲေတာ့ ဘယ္ေသာအခါမွ မက်ဆံုးႏုိင္တဲ့နည္းေတြနဲ႔ ဘယ္ေသာအခါမွ အလံမလွဲတဲ့ စနစ္ကိုသံုးၿပီး ေနာက္ဆံုးထြက္သက္အထိ ခုခံကာကြယ္သြားမယ္လို႔ အတိအလင္းေၾကညာလိုက္ပါတယ္။

ေမး- ဒီတစ္ပတ္အတြက္ ၾသ၀ါဒစကားေလး မိန္႔ေပးပါဦးဘုရား။

ေျဖ- R2P ဆုိတာႀကီးကုိ မေၾကာက္ၾကပါနဲ႔။ ဒါေတြဟာ ႏုိင္ငံေရးကစားကြက္ေတြပါ။ OIC ကေငြေပါေတာ့ အစၥလာမ္မုိက္ေဇးရွင္းအတြက္ဆုိရင္ ရက္ေရာတတ္တယ္။ အေနာက္ႏုိင္ငံေတြက ငတ္ႀကီးက်ေတာ့ သူ႔ဆန္စားၿပီး ရဲရတယ္။ တကယ္ေတာ့ OIC ကုိ ႏုိင္ငံေရးသမားေတြက လိမ္စားေနၾကသလုိ OIC ကလည္း ကမၻာႀကီးကုိ လွည့္စားေနတဲ့အကြက္ေတြပါ။ ပုဒ္မအႀကီးႀကီးတပ္ၿပီး ျပစ္မႈမျပႏုိင္တဲ့ စြဲခ်က္ဆုိတာ စ.မ.က တစ္ခုပဲရွိတယ္။ ဒါေၾကာင့္ သႀကၤန္အေျမာက္ႀကီးလုိ႔ မွတ္လုိက္ပါ။ လုံးဝမေၾကာက္ပါနဲ႔။ R2P လာရင္ ဝီရသူကုိယ္တုိင္ လက္နက္ကုိင္ၿပီး ရခုိင္ျပည္သူေတြနဲ႔အတူ အမိေျမကုိခုခံကာကြယ္သြားမယ္လုိ႔ ေျပာလုိက္ပါ။

ၿငိမ္းခ်မ္းသာ-ဆက္သြယ္ေမးျမန္းသည္

 

“ဘယ်သောအခါမှ အလံမလှဲတဲ့စနစ်ကိုသုံးပြီး နောက်ဆုံးထွက်သက်အထိ ခုခံကာကွယ်သွားမယ်လို့ အတိအလင်းကြေညာလိုက်ပါတယ် (အပိုင်း-၂ နိဂုံး)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- ဆရာတော်မင်းသုညတို့ တရားဝင်ကြေညာထားတဲ့ သတင်းစာရှင်းလင်းပွဲကတော့ ပျက်သွားတယ်။ ဒါပမေယ့် တိတ်တဆိတ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟိုဘက်က ပြောထားတာတွေနဲ့ ပတ်သက်ပြီး အရှင်ဘုးအနေနဲ့ ဘာပြောစရာရှိမလဲဘုရား။

ဖြေ – ပြောစရာတွေကတော့ အများကြီးပါ။ သူ့ဘက်က ပြောသမျှတွေက တစ်ဖက်သတ်စွပ်စွဲချက်တွေဖြစ်နေတာပေါ့နော်။ အဲဒါတွေက ရဟန်းအချင်းချင်းဆိုတော့ ပြောရခက်တာပေါ့။ နောက်ပြီးတော့ စွပ်စွဲတဲ့သူက အရည်အချင်းမရှိတော့ ပိုပြီး တုံ့ပြန်ရခက်တယ်လေ။ တကယ်တမ်း ဖြစ်ရမှာက ဦးဝီရသူရဲ့ ကိုယ်အမူအရာနုတ်အမူအရာတွေမှ ဘယ်စကားလုံးကြောင့် ဘယ်သိက္ခာပုဒ်ကို ထိခိုက်ပြီး ဘယ်အာပတ်သင့်တယ်။ ဘယ်လို အကြည်ညိုပျက်စေနိုင်တယ်၊ ဘယ်လို သာသနာကို ထိခိုက်စေနိုင်တယ်။ ဒါမျိုးတွေကို အထောက်အထားတွေနဲ့ ပြရမှာပေါ့နော်။ အဲဒီအဆင့်ကနေမှ မြို့နယ် သံဃာနာယကသော်လည်းကောင်း၊ တိုင်းသံဃနာယကသော်လည်းကောင်း၊ ဒါမှမဟုတ် နိုင်ငံတော်သံဃမဟာနာယကသော်လည်းကောင်း အဲဒီလို တင်ရမှာလေ။ အဲဒီလိုတင်မှ ဒီအမူအရာ၊ ဒီအမူရာတွေက သူပြောတဲ့အတိုင်းမှန်တယ်၊ ဒီ အာပတ်လေးတွေ သင့်နေတယ်။ အာပတ်လေးတွေကတော့ အသေးအမွှားလေးတွေဖြစ်သော်လည်းပဲ အကြည်အညိုပျက်စေတာတော့မှန်တယ်။ ကိုယ့်အမူအရာကြောင့် ကိုယ့်သာသနာလည်း အကဲ့ရဲ့ခံရနိုင်တယ်၊ ထိခိုက်နစ်နာနိုင်တယ်။ ဒါကြောင့် နောက်နောင် စောင့်စည်းဖို့ ရှောင်ကြဉ်ဖို့ဆိုပြီးတော့ ဆရာတော်ကြီးတွေက ခေါ်ဆုံးမမှာပေါ့နော့။

အခုဟာက ဘယ်စကားလုံးကြောင့် ဘယ်အာပတ်သင့်တယ် ဘယ်သိက္ခာပုဒ်နဲ့ ငြိတယ် သူတို့ မပြောနိုင်ဘူးလေ။ ဒါကို ထောက်သောအားဖြင့် ဒီကိုယ်တော်လေးတွေက ဝိနည်းကို တကယ်မသိဘူး။ ဝိနည်းမသိဘဲနဲ့ ဝိနည်းဘယ်လိုလိုက်နာမလဲပေါ့။ ဝိနည်းမလိုက်နာရင် ရဟန်းအစစ်ဟုတ်ပါဦးမလားပေါ့။အဲဒီအထိကိုတွေးပြီးတော့ သူတို့အစားရှက်မိသလို သူတို့ကိုကြည်ညိုကိုးကွယ်ဆည်းကပ်နေတဲ့သူတွေရဲ့အနာဂတ်အတွက်လည်း ရင်လေးနေမိတယ်။ ကိုးကွယ်ရကျိုး မနပ်ဘဲ အလကားဖြစ်သွားမှာစိုးရိမ်လို့ နှမြောတသဖြစ်မိသွားတယ်။ သနားလည်း သနားမိတာပေါ့နော်။

မေး- အရှင်ဘုရားကိုစော်ကားတာ မခံနိုင်လို့ ကိုကျော်မျိုးရွှေက တရားလိုလုပ်ပြီး ကိုဆွေဝင်းကို တရားစွဲဆိုထားတဲ့ အမှုရဲ့ အမှုသွား အမှုလာအခြေအနေကရော ဘယ်လိုအခြေအနေရှိပါသလဲဘုရား။

ဖြေ – သူတို့တတွေကလည်း ခုခံကာကွယ်ခွင့်ရှိတယ်။ ငြင်းဆိုပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးကြီးနဲ့ပဲ ပြောင်ပြောင်တင်းတင်း ငြင်းဆန်နေတာတွေ့ရတာပေါ့နော်။ အဲတော့ အမှုသည်အတွက် သိက္ခာကျတာပေါ့ကွာ။ သူကိုယ်တိုင်လည်း ဒါကိုရေးခဲ့တယ်၊ ရေးခဲ့တဲ့အတွက် ဒါကိုတောင်းပန်ပါဆိုတော့ မတောင်းပန်နိုင်ဘူးလို့ ပြန်ရေးတယ်။ ပြီးရင် ဒီလိုရေးလို့ ဒီလိုအတိုင်အခံရတဲ့အကြောင်း၊ တောင်းပန်ခိုင်းတာကို မတောင်းပန်နိုင်တဲ့အကြောင်း၊ ဘာကြောင့် မတောင်းပန်နိုင်ဘူးဆိုတဲ့ အတိုင်းအတာတွေနဲ့ အရင်ထက် ပိုပြီး ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပစ်မှားစော်ကားတာတွေလည်း ရှိတယ်လေ။ အဲဒါတွေကလည်း ရုပ်သံဖိုင်တွေ ရှိနေတာကိုး။ အဲဒီလိုရုပ်သံဖိုင်ကြီးဖွင့်ပြပါလျက်နဲ့ ဒီအသံဟာ ကာယကံရှင်ရဲ့အသံအစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးပြီးပြီလားလို့ ပြန်ပြီး မေးခွန်းထုတ်နေတာမျိုးကျတော့ တရားသူကြီးအတွက် ရယ်စရာကြီး ဖြစ်သွားတာပေါ့နော့။

ပြောရမယ်ဆိုရင် သူ့ကို အာမခံပေးခွင့်မရှိတဲ့အချိန်မျိုးမှာတောင် အာမခံပေးခဲ့တဲ့ တရားသူကြီးကတောင် ရယ်တယ်ဆိုမှတော့ ဒီရှေ့နေ၊ ဒီဥပဒေအကြံပေးဟာ ဘယ်လောက်တောင် ညံ့ဖျင်းတယ်ဆိုတာ ပေါ်လွင်သွားတာပေါ့နော်။ သူ့ကို စပြီးခေါ်ကတည်းကိုက အမှားကြီးမှားနေတာတွေဟာ ဒီကနေ့အထိ မှားနေတုန်းပဲ၊ ဒါကြောင့် အမှုဟာ မကြာသင့်ဘဲ ကြာသွားတယ်လို့ပဲ ပြောရမှာပေါ့နော်။ ဒါကြောင့်မို့လို့ ခုချိန်အထိ သူတို့တတွေ ရုန်းထွက်နေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ တရားလိုနဲ့ပတ်သက်ပြီးစစ်ဆေးနေတဲ့ အခန်းကဏ္ဍတောင် မကုန်သေးပါဘူး။

မေး – နောက်တစ်ခုကတော့ အခုရက်ပိုင်းတွေမှာပဲ တောက်လျှောက်ဆိုသလို နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတဲ့ဟာတွေ ဖော်ပြတာကိုတွေ့ရပါတယ်။ ဒါကို နိုင်ငံရေးအရ၊ အရှင်ဘုရားအနေနဲ့ဆိုရင် ဘယ်လိုများ သုံးသပ်ချင်ပါသလဲဘုရား။

ဖြေ- အဓိကကတော့ သူတို့တတွေ အကြံကြီး ကြံစည်နေကြပြီလေ။ အချီကြီး ကိုင်တော့မှာပေါ့။ အဲတော့ အကောင်ကြီးပါသွားမှာပေါ့။ အဲဒီအကောင်ကြီးကတော့ တခြားတော့မဟုတ်ဘူး။ ရွာပြင်ထုတ်ခံရသူကြီးပေါ့။ သူက ရွာပြင်ထုတ်ခံရသူကြီးကိုကိုင်မှ ကုန်ဈေးနှုန်းတွေ တဟုန်ထိုး ထိုးကျသွားမှာကိုး။ ပြီးတော့ စီးပွားရေးတွေလည်း တာဝတိံသာအထိ ထောင်တက်သွားမှာကိုး။ ပြီးတော့ အခွန်ကောက်တာတွေ လုံး၀ မရှိတော့လောက်အောင် ပပျောက်သွားမှာကိုး။ ဟို လူ့အခွင့်အရေးတွေကော တရားဥပဒေစိုးမိုးရေးတွေ အကုန်လုံးက ရွာပြင်ထုတ်ခံရသူကြီးကို ဖမ်းမှ အရာရာအားလုံး ပြီးပြည့်စုံသွားမယ့် နိုင်ငံတော်ကြီးဖြစ်သွားမှာကိုး။ ဆိုကြပါစို့၊ ဖက်ဒရယ်ပြည်ထောင်စုကြီးနဲ့ 21 ပင်လုံညီလာခံကြီးလည်း အပြီးတိုင် အောင်မြင်ပြီးတော့ တကယ့်ကို ပြီးပြည့်စုံတဲ့ နိုင်ငံတော်ကြီးတစ်ခု ဖြစ်တော့ မှာမို့ ဒီအကောင်ကြီးကို အပီကိုင်တော့မယ်လို့ ယူဆရတာပေါ့လေ။ အဲဒီလို ပြီးပြည့်စုံတဲ့ နိုင်ငံတော်ကြီးဖြစ်မယ် ဆိုလို့ရှိရင် ဒီအကောင်ကြီးကလည်း အချီခံချင်နေတာပါလို့ပဲပြောချင်ပါတယ်။

မေး- နောက်တစ်ခုကတော့ ရခိုင်အရေးပေါ့ဘုရား၊ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ သူတွေကို လက်ခံဖို့ ကိစ္စတွေ၊ နောက် နယ်ခြားမျဉ်းမှာနှစ်ဘက် ပြဿနာတင်းမာနေတာတွေ၊ ဒီလိုအချိန်မှာ အမျိုးသားရေးအင်အားစုတွေဘက်က ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေးများ အသံတိတ်နေသလားလို့ပါဘုရား။ တိတ်နေတယ်ဆိုရင် တိတ်နေတာနဲ့ပတ်သက်ပြီး ဘာပြောစရာရှိမလဲဘုရား။

ဖြေ – အဲဒါကတော့ တိတ်နေတယ်လို့ ပြောလို့မရဘူးပေါ့နော်။ ဒါကြီးက အဖြူအမည်းသည်းကွဲအောင် စောင့်ကြည့်နေရတာကိုး။ နိုင်ငံတကာကလည်း ဖိအားပေးနေတယ်။ နယ်စပ်မှာလည်း ပြဿနာဖြစ်နေတယ်။ အစိုးရကလည်း ဘယ်လိုကိုင်တွယ်မယ်ဆိုတာ မသိရသေးဘူး။ အဲတော့ အစိုးရက ဘက်လိုက်မှုတွေ ရှိလာမလား အလျှော့ပေးမှုတွေလုပ်မလား။ ဆိုကြပါစို့ တိုင်းရင်းသားအရေး ကို ချောင်ထိုးထားပြီးတော့ ခိုးဝင်တွေကိုပဲ ဦးစားပေးလေမလား။ ဒါတွေကို စောင့်ကြည့်ရတာပေါ့နော်။ အဲဒါတွေ ခြေခြေမြစ်မြစ်နဲ့ အဖြေအတိအကျသိရင်တော့ အမျိုးသားရေးသမားတွေက လက်မနှေးဘဲ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြပါလိမ့်မယ်။

မေး- လက်ရှိ နိုင်ငံရေးအခင်းအကျင်းက ပိုပြီးရှုပ်လာသလို အရှင်ဘုရားကိုလည်းပဲ အစိုးရပိုင်းရော၊ မီဒီယာတွေကော၊ တခြားတခြားသော အဖွဲ့အစည်းတော်တော်များများကပါ ဖိအားပေးလာတာတွေ့ရပါတယ်။ ဆိုတော့ အရှင်ဘုရားလုပ်နေတဲ့ အမျိုးနိုင်ငံရေးတွေကို ဘယ်အချိန်ထိ ဆက်လုပ်သွားမလဲဘုရား။ နားဖို့ရော အစီအစဉ်တွေဘာတွေ ရှိလားဘုရား။

ဖြေ – တက်မရှိရင် လက်နဲ့လှော်မယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပါပဲလေ။ ဖေ့ဘုတ်စ်အပိတ်ခံရတော့ အင်တာနက်ရေဒီယိုထောင်မှာပေါ့ကွာ။ တစ်နည်းနည်းနဲ့ ခုခံကာကွယ်နေရမှာပေါ့။ ကျဆုံးသွားလို့တော့မဖြစ်ဘူးလေ။ ဗန္ဓုလကျဆုံးသွားတာနဲ့ပဲ ဓနုဖြူခံတပ်ကြီးကျပြီးတော့ အောက်ဗမာပြည်က ကျွန်ဖြစ်ခဲ့ရတယ်၊ ကနောင် ကျဆုံးသွားတာနဲ့ပဲ မြန်မာတစ်ပြည်လုံး ကျွန်ဖြစ်ခဲ့ရတယ်။ ဝီရသူဆိုတာ ဗန္ဓုလနဲ့ ကနောင်သွေး ရောစပ်ထားတဲ့ ဗန္ဓုကနောင် မျိုးဆက်ပါ။ ဝီရသူကျဆုံးသွားရင်တော့ မြန်မာပြည်ဟာ အလံနက်အလွှင့်ခံရမှာ သေချာတာပေါ့။ အဲတော့ ဘယ်သောအခါမှ မကျဆုံးနိုင်တဲ့နည်းတွေနဲ့ ဘယ်သောအခါမှ အလံမလှဲတဲ့ စနစ်ကိုသုံးပြီး နောက်ဆုံးထွက်သက်အထိ ခုခံကာကွယ်သွားမယ်လို့ အတိအလင်းကြေညာလိုက်ပါတယ်။

မေး- ဒီတစ်ပတ်အတွက် သြဝါဒစကားလေး မိန့်ပေးပါဦးဘုရား။

ဖြေ- R2P ဆိုတာကြီးကို မကြောက်ကြပါနဲ့။ ဒါတွေဟာ နိုင်ငံရေးကစားကွက်တွေပါ။ OIC ကငွေပေါတော့ အစ္စလာမ်မိုက်ဇေးရှင်းအတွက်ဆိုရင် ရက်ရောတတ်တယ်။ အနောက်နိုင်ငံတွေက ငတ်ကြီးကျတော့ သူ့ဆန်စားပြီး ရဲရတယ်။ တကယ်တော့ OIC ကို နိုင်ငံရေးသမားတွေက လိမ်စားနေကြသလို OIC ကလည်း ကမ္ဘာကြီးကို လှည့်စားနေတဲ့အကွက်တွေပါ။ ပုဒ်မအကြီးကြီးတပ်ပြီး ပြစ်မှုမပြနိုင်တဲ့ စွဲချက်ဆိုတာ စ.မ.က တစ်ခုပဲရှိတယ်။ ဒါကြောင့် သင်္ကြန်အမြောက်ကြီးလို့ မှတ်လိုက်ပါ။ လုံးဝမကြောက်ပါနဲ့။ R2P လာရင် ဝီရသူကိုယ်တိုင် လက်နက်ကိုင်ပြီး ရခိုင်ပြည်သူတွေနဲ့အတူ အမိမြေကိုခုခံကာကွယ်သွားမယ်လို့ ပြောလိုက်ပါ။

ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်