မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း


မင်းကွန်း ဇွန် ၃၀





-စိုင်းယဉ်ကျေး

“မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ ဆရာတော်ဦးနာဂိန္ဒာလင်္ကာရ(ဓမ္မစေတီ)မှ ဆန်အိတ် ၉၀ လှူဒါန်း”

မင်းကွန်း ဇွန် ၃၀
မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် ဆန်အိတ် (၉၀)ကို အကယ်ဒမီကျောင်း၏ သြဝါဒါစရိယဆရာတော်တစ်ပါးဖြစ်သည့် ဦးနာဂိန္ဒာလင်္ကာရ(ဆယ်ဘွဲ့ရ၊ ပြည်တွင်းပြည်ပသာသနာပြု)မှ 30.6.2019 ရက်နေ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့သစ်၊ မြနန္ဒာဈေးမှ သစ္စာအားမာန် ပရဟိတနှင့် သာရေးနာရေး ကူညီမှုအဖွဲ့မှ ဦးမျိုးကိုဦး ဦးဆောင်သော ဈေးသူဈေးသားများမှ အလှူငွေ ၇၀၀၀၀ဝိ (ခုနစ်သိန်းကျပ်)နှင့် စားသုံးကုန်းကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းရွာ၊ ဓမ္မနာဒစာသင်တိုက်ဆရာတော် ဦးတိက္ခသာရမှ ခရမ်းသီး နှစ်အိတ်၊ ပဲသီး တစ်အိတ်၊ ကန်စွန်းရွက် တစ်အိတ်တို့ကို လှူဒါန်းခဲ့ကြကြောင်း ကျောင်းအုပ်ဆရာတော်ဦး ဥက္ကဋ္ဌက မိန့်ကြားသည်။

ယခုကဲ့သို့ အလှူရှင်များ မကြာခဏ လှူဒါန်းနေကြပြီး အလှူရှင်များကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် လှူဒါန်းလိုသူများအနေဖြင့်လည်း ဦးဥက္ကဋ္ဌ ကျောင်းအုပ်ဆရာတော် 09781513980 သို့ ဆက်သွယ်နိုင်ကြောင်း ဆရာတော်မှ ဆက်လက်မိန့်ကြားပါသည်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတွင် ပဉ္စမတန်းမှ ဒသမတန်းအထိ ၃၄၁ ယောက် ပညာသင်ကြားလျက်ရှိပြီး နာယကဆရာတော် (၈)ပါး၊ ဆရာ ဆရာမ (၂၃)ဦးတို့ဖြင့် ပညာရေါ်ကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။
-စိုင်းယဉ်ကျေး