သတင္း

မင္းကြန္းေဒသ ေခ်ာင္းမၾကီးရြာ မဟာသာလ ဘ/က ေက်ာင္း အကူအညီလုိအပ္လွ်က္ရွိ

စစ္ကုိင္းတုိင္းေဒသၾကီး မင္းကြန္းေဒသေျမာက္ဘက္ရွိ ေခ်ာင္းမၾကီးေက်းရြာတြင္ထူေထာင္ထားေသာမဟာသာလဘုန္းေတာ္ၾကီးသင္ပညာေရးေက်ာင္းအလယ္တန္းေက်ာင္းမွာေရရွည္ရပ္တည္ႏုိင္ေ၇းအတြက္အကူအညီေထာက္ပံ႔မွဳမ်ားလုိအပ္လွ်က္ရွိေၾကာင္းသိရသည္။

အဆုိပါေက်ာင္းကုိ (၂၀၀၇) ခုႏွစ္တြင္စတင္ထူေထာင္ခဲ႔ျပီး ေခ်ာင္းမၾကီးေက်းရြာႏွင္႔ပတ္၀န္းက်င္ရြာမ်ားျဖစ္သည္႔ ကင္းရြာ ၊ အုံးသဇင္ရြာ ၊ ပုခန္းေက်ာင္း ရြာတုိ႔ႏွင္႔ျမစ္တစ္ဘက္ကမ္းမွ ကၽႊန္းရြာတုိ႔မွလာေရာက္ပညာသင္ၾကားေနၾကေၾကာင္း ၊ ယခင္က (၃) မုိင္ခန္႔ေ၀းေသာမင္းကြန္း
အထက္တန္းေက်ာင္းသုိ႔ေျခလ်င္ ၊ ေရေၾကာင္းမွစက္ေလွမ်ားျဖင္႔သြားေရာက္ပညာသင္ၾကားရေၾကာင္းသိရွိရသည္။

ေက်ာင္းစတင္ထူေထာင္စကစတုတၳတန္းအထိသာရွိခဲ႔ျပီး စာသင္ခန္းမ်ားကုိ သက္ငယ္မုိး ၀ါးထရံကာ တဲငယ္မ်ား၊ မုိးမရြာလွ်င္သစ္ပင္ၾကီးမ်ားေအာက္တြင္သင္ၾကားေပးခဲ႔ေၾကာင္းသိရသည္။

အဆုိပါေက်ာင္းတြင္ ဆရာ/မ မ်ားကလည္း ( ၃ ) ႏွစ္လစာမယူပဲေစတနာသက္သက္ျဖင္႔သာ ေက်ာင္းသူ/သား (၈၀ ) ေက်ာ္တုိ႔ကုိသင္ၾကားေပးခဲ႔ၾကေၾကာင္း ၊ ယခုအခါ အဌမတန္းအထိတုိးခ်ဲ႕ သင္ၾကားေပးေနျပီး ဆရာ/မမ်ားကုိ တစ္ဦးလ်ွင္ တစ္လက်ပ္ ( ၈၀၀၀၀) ရွစ္ေသာင္းႏွဳန္းေထာက္ပံ႔ေပးေနၾကာင္းေက်ာင္းအုပ္ဆရာေတာ္ထံမွသိရသည္။

“ ကၽႊန္းရြာက ျမစ္တစ္ဖက္ေရအလယ္မွာရွိတဲ႔ကၽႊန္းဆုိေတာ႔ေလွနဲ႔တက္ၾကရတယ္။ ရာသီဥတုဆုိးလုိ႔ျမစ္ေရတုိးရင္ေက်ာင္းအိပ္ေက်ာင္းစားထားေပးရတယ္။““ ဟု ေက်ာင္းအုပ္ဆရာေတာ္ ဦး၀ိစာရကမိန္႕ၾကားသည္။

အဌမတန္းေအာင္ျမင္သြားသူမ်ားပညာဆက္သင္ပါက မင္းကြန္း အထက္တန္းေက်ာင္းသုိ႔သြားေရာက္ၾကရျပီး အမ်ားစုမွာ ေျခလ ွ်င္ ျဖင္႔သာ တက္ေ၇ာက္သင္ၾကားေနၾကေၾကာင္း ၊ ၄င္းတုိ႔အတြက္လည္း ေက်ာင္း၀တ္စုံ ၊ စာေရးကိရိယာေထာက္ပံ႔ေပးလွ်က္ရွိေၾကာင္းဆရာေတာ္က ဆက္လက္မိန္႔ၾကားသည္။

အဆုိပါေဒကတြင္ေနထုိင္သူမ်ားမွာ တံငါလုပ္ငန္း ၊ ေတာတက္ထင္းေခြ တုိ႔ျဖင္႔သာအသက္ေမြး၀မ္းေက်ာင္းေနၾကရျပီး ခ်ဳိ႕တဲ႔သူမ်ားျပားေၾကာင္း ၊ အခ်ဳိ႕က မင္းကြန္းအထိသြားေရာက္ကာ ၾကဳံရာက်ပန္း ေန႔စားအလုပ္မ်ားသြားေရာက္လုပ္ကုိင္ၾကသူမ်ားလည္းရွိၾကေၾကာင္းသိရသည္။

အုန္းသဇင္ ႏွင္႔ ကင္းရြာတြင္ အစုိးရမူလတန္းေက်ာင္းမ်ားရွိေသာလည္း အမ်ားစုမွခ်ဳိ႔တဲ႔သူမ်ားျဖစ္ျပီး ဘ/ေက်ာင္းကုိသာအားထားၾကရေၾကာင္း ၊ အစုိးရမူလတန္းေက်ာင္းမွ စတုတၳတန္းေအာင္ျမင္ျပီးသူမ်ားကလည္း အလယ္တန္းပညာကုိ အဆုိပါ ဘ/က ေက်ာင္းတြင္သာ ဆက္လက္ ပညာသင္ၾကားၾကရေၾကာင္း ေက်ာင္းအုပ္ဆရာေတာ္ကရွင္းျပသည္။

““ ျမန္မာႏုိင္ငံရဲ႕ ေခါင္းေဆာင္ေတာ္ေတာ္မ်ားမ်ားဟာ ေတာလက္မ်ဳိးဆက္ေတြကေနထြက္ေပၚလာတာမ်ားပါတယ္။ သမုိင္းေတြကုိၾကည္႔ရင္သိရမွာပါ။ ဒါေၾကာင္႔ ဖြံ႔ျဖဳးမွဳအားနည္းတဲ႔ေက်းလက္ေဒသက ကေလးေတြကုိ မေတာင္ေျမွာက္ေပးဖုိ႔အထူးလုိအပ္ပါတယ္။ ဦးဇင္းတုိ႔လည္းမႏုိင္၀န္ထမ္းေနသူေတြအတြက္ အကူအညီအေထာက္အပံ႔ေတြအလြန္ကုိလုိအပ္ပါတယ္။““ ဟုဆရာေတာ္ကမိန္႕ၾကားသည္။

အဆုိပါေက်ာင္းတြင္စပညာသင္ၾကားၾကသူမ်ားထဲမွအခ်ဳိ႕ဘြဲ႔ရျပီး သင္႔ေလ ွ်ာ္ေသာအလုပ္မ်ားလုပ္ကိုင္ေနၾကျပီးျဖစ္ေၾကာင္း ေက်းလက္ေဒသမ်ားဖြံ႔ျဖဳိးတုိးတက္ရန္ ပညာတတ္မ်ားစြာေပၚထြက္လာေရးမွာလည္းလြန္စြာအေရးပါလ်က္ရွိောကာင္းသိရသည္။

ပညာေရးကုိတစ္ဖက္တစ္လမ္းမွေထာက္ပင္႔အားေပးမွဳလုပ္ေဆာင္ရာ ( ၁၀)ႏွစ္ေက်ာ္ခရီးႏုိက္အခက္အခဲ အက်ပ္အတည္းမ်ဳိးစုံၾကဳံေတြ႔ရေသာ္လည္း အဆင္ေျပေခ်ာေမြ႕ေအာင္ၾကဳိးပမ္းႏုိင္ခဲ႔ေၾကာင္း ၊ ေရရွည္ဆက္လက္ရပ္တည္ေရးအတြက္အကူအညီမ်ားလည္းလုိအပ္ေနရာ။

လွဴဒါန္းလုိသူမ်ားအေနျဖင္႔ ေက်ာင္းအုပ္ဆရာေတာ္
ဦး၀ိစာရ 09402756864
ဒုေက်ာင္းအုပ္ဆရာေတာ္ ဦးကု႑လ 09797822390

မဟာသာလဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္း
မင္းကြန္း ၊ ေခ်ာင္းမၾကီးေက်းရြာ စစ္ကုိင္းတုိင္းေဒသၾကီး သုိ႔ တစ္ဦးခ်င္းျဖစ္ေစ ၊ အစုအဖြဲ႕ ၊ အဖြဲ႔အစည္းအလုိက္ျဖစ္ေစ ဆက္သြယ္လွဴဒါန္းႏုိင္ေၾကာင္းသိရသည္။

-စုိင္းယဥ္ေက်း

မင်းကွန်းဒေသ ချောင်းမကြီးရွာ မဟာသာလ ဘ/က ကျောင်း အကူအညီလိုအပ်လျှက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသမြောက်ဘက်ရှိ ချောင်းမကြီးကျေးရွာတွင်ထူထောင်ထားသောမဟာသာလဘုန်းတော်ကြီးသင်ပညာရေးကျောင်းအလယ်တန်းကျောင်းမှာရေရှည်ရပ်တည်နိုင်ရေးအတွက်အကူအညီထောက်ပံ့မှုများလိုအပ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါကျောင်းကို (၂၀၀၇) ခုနှစ်တွင်စတင်ထူထောင်ခဲ့ပြီး ချောင်းမကြီးကျေးရွာနှင့်ပတ်ဝန်းကျင်ရွာများဖြစ်သည့် ကင်းရွာ ၊ အုံးသဇင်ရွာ ၊ ပုခန်းကျောင်း ရွာတို့နှင့်မြစ်တစ်ဘက်ကမ်းမှ ကျွှန်းရွာတို့မှလာရောက်ပညာသင်ကြားနေကြကြောင်း ၊ ယခင်က (၃) မိုင်ခန့်ဝေးသောမင်းကွန်း အထက်တန်းကျောင်းသို့ခြေလျင် ၊ ရေကြောင်းမှစက်လှေများဖြင့်သွားရောက်ပညာသင်ကြားရကြောင်းသိရှိရသည်။

ကျောင်းစတင်ထူထောင်စကစတုတ္ထတန်းအထိသာရှိခဲ့ပြီး စာသင်ခန်းများကို သက်ငယ်မိုး ဝါးထရံကာ တဲငယ်များ၊ မိုးမရွာလျှင်သစ်ပင်ကြီးများအောက်တွင်သင်ကြားပေးခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းတွင် ဆရာ/မ များကလည်း ( ၃ ) နှစ်လစာမယူပဲစေတနာသက်သက်ဖြင့်သာ ကျောင်းသူ/သား (၈၀ ) ကျော်တို့ကိုသင်ကြားပေးခဲ့ကြကြောင်း ၊ ယခုအခါ အဌမတန်းအထိတိုးချဲ့ သင်ကြားပေးနေပြီး ဆရာ/မများကို တစ်ဦးလျှင် တစ်လကျပ် ( ၈၀၀၀၀) ရှစ်သောင်းနှုန်းထောက်ပံ့ပေးနေကြာင်းကျောင်းအုပ်ဆရာတော်ထံမှသိရသည်။

“ ကျွှန်းရွာက မြစ်တစ်ဖက်ရေအလယ်မှာရှိတဲ့ကျွှန်းဆိုတော့လှေနဲ့တက်ကြရတယ်။ ရာသီဥတုဆိုးလို့မြစ်ရေတိုးရင်ကျောင်းအိပ်ကျောင်းစားထားပေးရတယ်။““ ဟု ကျောင်းအုပ်ဆရာတော် ဦးဝိစာရကမိန့်ကြားသည်။

အဌမတန်းအောင်မြင်သွားသူများပညာဆက်သင်ပါက မင်းကွန်း အထက်တန်းကျောင်းသို့သွားရောက်ကြရပြီး အများစုမှာ ခြေလ ျှင် ဖြင့်သာ တက်ရောက်သင်ကြားနေကြကြောင်း ၊ ၎င်းတို့အတွက်လည်း ကျောင်းဝတ်စုံ ၊ စာရေးကိရိယာထောက်ပံ့ပေးလျှက်ရှိကြောင်းဆရာတော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါဒေကတွင်နေထိုင်သူများမှာ တံငါလုပ်ငန်း ၊ တောတက်ထင်းခွေ တို့ဖြင့်သာအသက်မွေးဝမ်းကျောင်းနေကြရပြီး ချို့တဲ့သူများပြားကြောင်း ၊ အချို့က မင်းကွန်းအထိသွားရောက်ကာ ကြုံရာကျပန်း နေ့စားအလုပ်များသွားရောက်လုပ်ကိုင်ကြသူများလည်းရှိကြကြောင်းသိရသည်။

အုန်းသဇင် နှင့် ကင်းရွာတွင် အစိုးရမူလတန်းကျောင်းများရှိသောလည်း အများစုမှချို့တဲ့သူများဖြစ်ပြီး ဘ/ကျောင်းကိုသာအားထားကြရကြောင်း ၊ အစိုးရမူလတန်းကျောင်းမှ စတုတ္ထတန်းအောင်မြင်ပြီးသူများကလည်း အလယ်တန်းပညာကို အဆိုပါ ဘ/က ကျောင်းတွင်သာ ဆက်လက် ပညာသင်ကြားကြရကြောင်း ကျောင်းအုပ်ဆရာတော်ကရှင်းပြသည်။

““ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တော်တော်များများဟာ တောလက်မျိုးဆက်တွေကနေထွက်ပေါ်လာတာများပါတယ်။ သမိုင်းတွေကိုကြည့်ရင်သိရမှာပါ။ ဒါကြောင့် ဖွံ့ဖြုးမှုအားနည်းတဲ့ကျေးလက်ဒေသက ကလေးတွေကို မြေတောင်မြှောက်ပေးဖို့အထူးလိုအပ်ပါတယ်။ ဦးဇင်းတို့လည်းမနိုင်ဝန်ထမ်းနေသူတွေအတွက် အကူအညီအထောက်အပံ့တွေအလွန်ကိုလိုအပ်ပါတယ်။““ ဟုဆရာတော်ကမိန့်ကြားသည်။

အဆိုပါကျောင်းတွင်စပညာသင်ကြားကြသူများထဲမှအချို့ဘွဲ့ရပြီး သင့်လေ ျှာ်သောအလုပ်များလုပ်ကိုင်နေကြပြီးဖြစ်ကြောင်း ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရန် ပညာတတ်များစွာပေါ်ထွက်လာရေးမှာလည်းလွန်စွာအရေးပါလျက်ရှိောကာင်းသိရသည်။

ပညာရေးကိုတစ်ဖက်တစ်လမ်းမှထောက်ပင့်အားပေးမှုလုပ်ဆောင်ရာ
( ၁၀)နှစ်ကျော်ခရီးနိုက်အခက်အခဲ အကျပ်အတည်းမျိုးစုံကြုံတွေ့ရသော်လည်း အဆင်ပြေချောမွေ့အောင်ကြိုးပမ်းနိုင်ခဲ့ကြောင်း ၊ ရေရှည်ဆက်လက်ရပ်တည်ရေးအတွက်အကူအညီများလည်းလိုအပ်နေရာ။

လှူဒါန်းလိုသူများအနေဖြင့် ကျောင်းအုပ်ဆရာတော်
ဦးဝိစာရ 09402756864
ဒုကျောင်းအုပ်ဆရာတော် ဦးကုဏ္ဍလ 09797822390

မဟာသာလဘုန်းတော်ကြီးသင်ပညာရေးကျောင်း
မင်းကွန်း ၊ ချောင်းမကြီးကျေးရွာ စစ်ကိုင်းတိုင်းဒေသကြီး သို့ တစ်ဦးချင်းဖြစ်စေ ၊ အစုအဖွဲ့ ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

-စိုင်းယဉ်ကျေး