မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္း အရုဏ္ဆြမ္းအလွဴ

သီတင္းကၽြတ္လဆန္း ၇ ရက္ (16.10.2018) ရက္ေန႔၊ မနက္ ၆း၀၀ နာရီ၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ပုထုိးေတာ္ႀကီးအနီး၊ ဓမၼေစတီေက်ာင္းတုိက္မွာ ဆက္ကပ္ပါတယ္။ ပညာေရးအကယ္ဒမီေက်ာင္း ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ သီလရွင္မ်ား ေက်ာင္းသား/သူမ်ား၊ ဆရာ/မမ်ားအား အရုဏ္ဆြမ္းအျဖစ္ မုန္႔ဟင္းခါးဆြမ္း ဆက္ကပ္ေကၽြးေမြးၾကတာပါ။

မႏၲေလး ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ဘုရားႀကီးတုိက္၊ ေဇယ်ာေရႊေျမေက်ာင္းဆရာေတာ္ႀကီး ဘဒၵႏၲကုသလႏွင့္ ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမဳိ႕နယ္၊ အလံျပေက်ာင္းဆရာေတာ္ ဘဒၵႏၲသိရိႏၵတုိ႔ ၾကြေရာက္ခ်ီးေျမႇာက္ၾကပါတယ္။ အလွဴရွင္မ်ားကေတာ့ မႏၲေလး၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ဘုရားႀကီးေျမာက္ရြာရပ္ကြက္၊ ေဒၚခုိင္မိသားစုတုိ႔ ျဖစ္ပါတယ္။ ေဒၚခိုင္မိသားစုတုိ႔က စာေရးသူရဲ႕ သူငယ္ခ်င္း ေနျပည္ေတာ္မစိုးရိမ္တုိက္သစ္ဆရာေတာ္ ဦးအဂၢဓမၼာဘိဝံသရဲ႕ ႏွမျဖစ္ၿပီး စာေရးသူရဲ႕ ဓမၼမိတ္ေဆြလည္းျဖစ္ပါတယ္။

ပညာေရးအကယ္ဒမီေက်ာင္းမွာလည္း ေနျပည္ေတာ္မစုိးရိမ္တုိက္သစ္ဆရာေတာ္ရဲ႕ ဇာတိျဖစ္တဲ့ ေတာင္သာၿမဳိ႕နယ္မွ ဆယ္တန္းေက်ာင္းသူေက်ာင္းသားမ်ား (၁၁)ေယာက္ရွိပါတယ္။
ေက်ာင္းသူ/သားမ်ားအား လာေရာက္အားေပးရင္း မုန္႔ဟင္းခါးဆြမ္း ကပ္လွဴၾကတာပါ။
အလွဴရွင္မိသားစုအားလံုး က်န္းမာခ်မ္းသာ ေဘးရန္ကြာ၍ လိုရာဆႏၵျပည့္ဝၾကပါေစ။

“မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း အရုဏ်ဆွမ်းအလှူ”

သီတင်းကျွတ်လဆန်း ၇ ရက် (16.10.2018) ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာ ဆက်ကပ်ပါတယ်။ ပညာရေးအကယ်ဒမီကျောင်း ဆရာတော်သံဃာတော်များနှင့် သီလရှင်များ ကျောင်းသား/သူများ၊ ဆရာ/မများအား အရုဏ်ဆွမ်းအဖြစ် မုန့်ဟင်းခါးဆွမ်း ဆက်ကပ်ကျွေးမွေးကြတာပါ။

မန္တလေး ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြကျောင်းဆရာတော် ဘဒ္ဒန္တသိရိန္ဒတို့ ကြွရောက်ချီးမြှောက်ကြပါတယ်။ အလှူရှင်များကတော့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးမြောက်ရွာရပ်ကွက်၊ ဒေါ်ခိုင်မိသားစုတို့ ဖြစ်ပါတယ်။
ဒေါ်ခိုင်မိသားစုတို့က စာရေးသူရဲ့ သူငယ်ချင်း နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော် ဦးအဂ္ဂဓမ္မာဘိဝံသရဲ့ နှမဖြစ်ပြီး စာရေးသူရဲ့ ဓမ္မမိတ်ဆွေလည်းဖြစ်ပါတယ်။

ပညာရေးအကယ်ဒမီကျောင်းမှာလည်း နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော်ရဲ့ ဇာတိဖြစ်တဲ့ တောင်သာမြို့နယ်မှ ဆယ်တန်းကျောင်းသူကျောင်းသားများ (၁၁)ယောက်ရှိပါတယ်။
ကျောင်းသူ/သားများအား လာရောက်အားပေးရင်း မုန့်ဟင်းခါးဆွမ်း ကပ်လှူကြတာပါ။
အလှူရှင်မိသားစုအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။