သတင္း

ေက်ာက္ေခ်ာရြာက်ဴရွင္ေက်ာင္း အေနကဇာတင္ပြဲ

သီတင္းကၽြတ္လဆန္း ၈ ရက္ (17.10.2018)ရက္ေန႔၊ မနက္ ၆း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေရႊစာရံအုပ္စု၊ ေက်ာက္ေခ်ာေက်းရြာ ပညာဒါနက်ဴရွင္ေက်ာင္းမွာ က်င္းပပါတယ္။

ေတာင္စလင္းတုိက္သစ္၊ တုိက္အုပ္ဆရာေတာ္ ဘဒၵႏၲေနမိႏၵ၊ ေက်ာက္ေခ်ာရြာ၊ ရြာဦးေက်ာင္းဆရာေတာ္ႀကီး၊ ဘုရားႀကီးတုိက္၊ ေဇယ်ာေရႊေျမဆရာေတာ္ႀကီး အမွဴးျပဳေသာ ဆရာေတာ္သံဃာေတာ္မ်ား၊ မန္းမေဟာ္သဓာေကာ္မတီအသီးသီးမွ ဝိုင္းေတာ္သားမ်ား၊ ရြာသူရြာသားမ်ား၊ ေက်ာင္းသားမိဘမ်ား၊ ေက်ာင္းသား/သူမ်ား၊ ဧည့္ပရိသတ္မ်ား တက္ေရာက္ၾကပါတယ္။

အေနကဇာတင္ ပါဠိေတာ္မ်ား ရြတ္ဆိုပူေဇာ္အၿပီးမွာ အရုဏ္ဆြမ္း မုန္႔ဟင္းခါး ဆက္ကပ္ၾကၿပီး အခမ္းအနားကို ျပန္လည္စတင္ပါတယ္။ ဘုရားႀကီးတုိက္ဆရာေတာ္ ဘဒၵႏၲကုသလ (မန္းမဘသအတြင္းေရးမွဴးခ်ဳပ္)က ဥပုသ္သီလခ်ီးျမႇင့္ၿပီး ေတာင္စလင္းတုိက္အုပ္ဆရာေတာ္ ဘဒၵႏၲေနမိႏၵက အႏုေမာဒနာတရား ေဟာၾကားပါတယ္။ စာေရးသူက ေရစက္ခ် အမွ်ေပးေဝပါတယ္။

ဘုရားဒါယကာကေတာ့ ဗုိလ္မွဴးေအာင္ခ်မ္းမင္း(ၿငိမ္း)ႏွင့္ သမီးႀကီး ၿဖဳိးထက္သာ၊ သမီးေလး မုိးထက္သာ မိသားစုျဖစ္ပါတယ္။ က်ဴရွင္ေဆာင္မွာ ဘုရားႏွစ္ဆူ၊ ရွင္းလင္းေဆာင္မွာ ဘုရားတစ္ဆူ စုစုေပါင္း သံုးဆူျဖစ္ပါတယ္။ ေၾကးသြန္းရုပ္ပြားေတာ္မ်ားျဖစ္ၿပီး ေရႊသကၤန္းအစစ္ ကပ္လွဴထားတာပါ။ အခမ္းအနားအၿပီးမွာ ေရႊမိုးေငြမိုးရြာၿပီး ေမာ္ကြန္းေက်ာက္စာတုိက္မွာ စုေပါင္းဓာတ္ပုံရိုက္ၾကပါတယ္။

“ကျောက်ချောရွာကျူရှင်ကျောင်း အနေကဇာတင်ပွဲ”

သီတင်းကျွတ်လဆန်း ၈ ရက် (17.10.2018)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။

တောင်စလင်းတိုက်သစ်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊ ကျောက်ချောရွာ၊ ရွာဦးကျောင်းဆရာတော်ကြီး၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များ၊ မန်းမဟော်သဓာကော်မတီအသီးသီးမှ ဝိုင်းတော်သားများ၊ ရွာသူရွာသားများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။

အနေကဇာတင် ပါဠိတော်များ ရွတ်ဆိုပူဇော်အပြီးမှာ အရုဏ်ဆွမ်း မုန့်ဟင်းခါး ဆက်ကပ်ကြပြီး အခမ်းအနားကို ပြန်လည်စတင်ပါတယ်။ ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တကုသလ (မန်းမဘသအတွင်းရေးမှူးချုပ်)က ဥပုသ်သီလချီးမြှင့်ပြီး တောင်စလင်းတိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒက အနုမောဒနာတရား ဟောကြားပါတယ်။ စာရေးသူက ရေစက်ချ အမျှပေးဝေပါတယ်။

ဘုရားဒါယကာကတော့ ဗိုလ်မှူးအောင်ချမ်းမင်း(ငြိမ်း)နှင့် သမီးကြီး ဖြိုးထက်သာ၊ သမီးလေး မိုးထက်သာ မိသားစုဖြစ်ပါတယ်။ ကျူရှင်ဆောင်မှာ ဘုရားနှစ်ဆူ၊ ရှင်းလင်းဆောင်မှာ ဘုရားတစ်ဆူ စုစုပေါင်း သုံးဆူဖြစ်ပါတယ်။ ကြေးသွန်းရုပ်ပွားတော်များဖြစ်ပြီး ရွှေသင်္ကန်းအစစ် ကပ်လှူထားတာပါ။ အခမ်းအနားအပြီးမှာ ရွှေမိုးငွေမိုးရွာပြီး မော်ကွန်းကျောက်စာတိုက်မှာ စုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။