သတင်း
“မစိုးရိမ်တိုက်သစ် ဆွမ်းအလှူတော်”
ပြာသိုလ်လဆန်း ၄ ရက် (9.1.2019)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်တော်ကြီးမှာ ကျင်းပပါတယ်။ မနက် ရး၀၀ နာရီမှာ သံဃာတော်များအား ဆွမ်းလောင်းလှူပြီး မနက် ၈း၃၀ နာရီမှာ ရေစက်ချ အနုမောဒနာတရား နာယူကြပါတယ်။ ၁၁း၀၀ နာရီမှာ နာယကဆရာတော်များ၊ စာချ၊ ကျမ်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်တယ်။
ဆွမ်းအလှူရှင်များက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အောင်ဇမ္ဗူတောရဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသ (မဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် တပည့်ဒါယကာ ဒါယိကာမများ ဖြစ်ပါတယ်။
အလှူရှင်များ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။