ဦးပဥၥင္းသည္ တုိင္းရင္းသားအားလံုးအား လူမ်ဳိး ဘာသာ မခြဲျခားဘဲ တစ္မိတည္းဖြား ေသြးရင္းသားရင္း ညီအစ္ကို ေမာင္ႏွမမ်ားပမာ ခ်စ္ခင္ေလးစားသူ ျဖစ္ပါသည္။

ရခုိင္ျပည္သူမ်ားကို ကာကြယ္ေစာင့္ေရွာက္ ကူညီေဖးမ အားေပးေထာက္ပံ့ခဲ့သည္မွာလည္း မဖြံ႔ၿဖဳိးျခင္း အေၾကာင္းတစ္ခုတည္းေၾကာင့္မဟုတ္ပါ။ အေနာက္တံခါးမွဴးမ်ားျဖစ္ေနျခင္း၊ ဘဂၤလီအႏၲရာယ္က်ေရာက္ေနျခင္း ဟူေသာ အေၾကာင္းမ်ားလည္း ပါဝင္ပါသည္။

ယခုအခါ AA (ရခိုင့္တပ္မေတာ္)၏လုပ္ရပ္သည္ ရခုိင္ျပည္သူမ်ားအား ဘဂၤလီအႏၲရာယ္မက်ေရာက္ေအာင္ ကာကြယ္ေစာင့္ေရွာက္ေနေသာ လံုၿခဳံေရးဝန္ထမ္းမ်ားကို အၾကမ္းဖက္ သတ္ျဖတ္လုိက္သည္ဟုသာ ရႈျမင္ပါသည္။

ထုိတုိက္ခုိက္မႈကို ေတာ္လွန္ေရးတစ္ရပ္ဟူ၍လည္းေကာင္း၊ ဝန္ထမ္းဆုိးမ်ားအား ဆံုးမျခင္းတစ္ရပ္ဟူ၍ လည္းေကာင္း လံုးဝ(လံုးဝ) မယူဆပါ။

ဘုရားသားေတာ္ပီသစြာ အၾကမ္းဖက္မႈမွန္သမွ်ကို ရႈတ္ခ်ခဲ့သည့္ ရဟန္းေတာ္တစ္ပါးျဖစ္သည့္အားေလွ်ာ္စြာ ယခုလည္း AA(ရခုိင့္တပ္မေတာ္)၏ အၾကမ္းဖက္မႈကို ျပင္းထန္စြာ ရႈတ္ခ်ပါသည္။
ေမာင္ေတာၿမဳိ႕ႀကီးကို ဂ်ီဟဒ္ဝါဒီဘဂၤလီမ်ား စီးနင္းတုိက္ခုိက္ သတ္ျဖတ္ လုယက္ အၾကမ္းဖက္ မီးရႈိ႕ ဖ်က္ဆီးမႈမ်ား အႀကိမ္ႀကိမ္က်ဴးလြန္ခဲ့စဥ္က AA(ရခုိင့္တပ္မေတာ္)ႀကီး ေပ်ာက္ခ်က္သားေကာင္းေနခဲ့ၿပီး ယခုအခါမွ ရခုိင္ျပည္သူမ်ားကို ကာကြယ္ေစာင့္ေရွာက္သည္ဟု အေၾကာင္းျပကာ အမွန္တကယ္အကာအကြယ္ေပးေနသည့္ လံုၿခဳံေရးဝန္ထမ္းမ်ားအား အၾကမ္းဖက္စီးနင္း တုိက္ခုိက္ျပျခင္းသည္ ရန္သူမိတ္ေဆြ မခြဲျခားတတ္သည့္ သူရဲေဘာေၾကာင္ေသာ မုိက္ရူးရဲဆန္သည့္ လုပ္ရပ္ျဖစ္သည္ဟု အျပည့္အဝ ရႈျမင္ပါသည္။

ထုိ႔အတူ ARSA (ဂ်ီဟဒ္ဝါဒီဘဂၤလီအၾကမ္းဖက္အဖြဲ႔)က ျမန္မာျပည္၏အခ်ဳပ္အျခာအာဏာကို က်ဴးေက်ာ္ ေစာ္ကားကာ ရခုိင္ျပည္သူမ်ားအား အၾကမ္းဖက္သတ္ျဖတ္ခဲ့စဥ္က ႏိုင္ငံေတာ္အစုိးရမွ ယခုကဲ့သို႔ အျမစ္ျပတ္ ေခ်မႈန္းေရး အမိ္န္႔မေပးခဲ့ဘဲ တုိင္းရင္းသားအရင္းအျခာမ်ားျဖစ္သည့္ AA(ရခုိင့္တပ္မေတာ္)အဖြဲ႔က်မွ အျမစ္ျပတ္ ေခ်မႈန္းေရး အမိန္႔ေပးခဲ့သည့္ ႏိုင္ငံေတာ္အစုိးရ၏ လုပ္ရပ္ကိုလည္း တရားမွ်တမႈ လံုးဝ(လုံးဝ)မရွိသည့္လုပ္ရပ္ဟု ရႈျမင္ကာ အျပင္းအထန္ ရႈတ္ခ်ပါသည္။

ဦးပဥၥင္းခ်စ္ခင္ရေသာ ရခိုင္ျပည္သူမ်ားအား အသိေပးလိုသည္မွာ

(က) AA(ရခုိင့္တပ္မေတာ္)ကိုေထာက္ခံေသာအားျဖင့္ အဖရခုိင္ျပည္ႀကီးကို အၿပီးတုိင္ပိုင္ဆိုင္ခြင့္ရရွိမည္ဆုိလွ်င္
(ခ) AA(ရခုိင့္တပ္မေတာ္)ကိုေထာက္ခံေသာအားျဖင့္ ရခုိင္ျပည္သူမ်ား ဘဂၤလီေဘးမွ အၿပီးတုိ္င္ကင္းေဝးမည္ ဆိုလွ်င္
(ဂ) AA(ရခုိင့္တပ္မေတာ္)ကိုေထာက္ခံေသာအားျဖင့္ ရခုိင္ျပည္သူမ်ား ေျမစာပင္ဘဝ လံုးဝ(လံုးဝ) မက်ေရာက္ဘူး ဆိုလွ်င္
(ဃ) AA(ရခုိင့္တပ္မေတာ္)ကိုေထာက္ခံေသာအားျဖင့္ အဖရခုိင္ျပည္ႀကီး ေသြးေခ်ာင္းစီးကာ နာတာရွည္ဘဝျဖင့္ မြဲျပာမက်ဘူးဆုိလွ်င္
(င) AA(ရခုိင့္တပ္မေတာ္)ကိုေထာက္ခံေသာအားျဖင့္ အဖရခုိင္ျပည္ႀကီး တစ္ထီးတစ္နန္းျဖင့္ အမွီအခုိကင္းစြာ အခုိင္အမာ ရပ္တည္ႏိုင္မည္ဆုိလွ်င္
(စ) AA(ရခုိင့္တပ္မေတာ္)ကိုေထာက္ခံေသာအားျဖင့္ အဖရခုိင္ျပည္၏ အမ်ဳိးဘာသာ သာသနာ အဓြန္႔ရွည္တည္တံ့ မည္ဆုိလွ်င္
ဦးပဥၥင္းဝီရသူ AA(ရခုိင့္တပ္မေတာ္)ကို အျပည့္အဝ ေထာက္ခံပါမည္။

ဝီရသူ(မစုိးရိမ္)
10.1.2019
7:40 PM

“ဝီရသူသဘောထား”

ဦးပဉ္စင်းသည် တိုင်းရင်းသားအားလုံးအား လူမျိုး ဘာသာ မခွဲခြားဘဲ တစ်မိတည်းဖွား သွေးရင်းသားရင်း ညီအစ်ကို မောင်နှမများပမာ ချစ်ခင်လေးစားသူ ဖြစ်ပါသည်။

ရခိုင်ပြည်သူများကို ကာကွယ်စောင့်ရှောက် ကူညီဖေးမ အားပေးထောက်ပံ့ခဲ့သည်မှာလည်း မဖွံ့ဖြိုးခြင်း အကြောင်းတစ်ခုတည်းကြောင့်မဟုတ်ပါ။ အနောက်တံခါးမှူးများဖြစ်နေခြင်း၊ ဘင်္ဂလီအန္တရာယ်ကျရောက်နေခြင်း ဟူသော အကြောင်းများလည်း ပါဝင်ပါသည်။

ယခုအခါ AA (ရခိုင့်တပ်မတော်)၏လုပ်ရပ်သည် ရခိုင်ပြည်သူများအား ဘင်္ဂလီအန္တရာယ်မကျရောက်အောင် ကာကွယ်စောင့်ရှောက်နေသော လုံခြုံရေးဝန်ထမ်းများကို အကြမ်းဖက် သတ်ဖြတ်လိုက်သည်ဟုသာ ရှုမြင်ပါသည်။

ထိုတိုက်ခိုက်မှုကို တော်လှန်ရေးတစ်ရပ်ဟူ၍လည်းကောင်း၊ ဝန်ထမ်းဆိုးများအား ဆုံးမခြင်းတစ်ရပ်ဟူ၍ လည်းကောင်း လုံးဝ(လုံးဝ) မယူဆပါ။

ဘုရားသားတော်ပီသစွာ အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချခဲ့သည့် ရဟန်းတော်တစ်ပါးဖြစ်သည့်အားလျှော်စွာ ယခုလည်း AA(ရခိုင့်တပ်မတော်)၏ အကြမ်းဖက်မှုကို ပြင်းထန်စွာ ရှုတ်ချပါသည်။
မောင်တောမြို့ကြီးကို ဂျီဟဒ်ဝါဒီဘင်္ဂလီများ စီးနင်းတိုက်ခိုက် သတ်ဖြတ် လုယက် အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့စဉ်က AA(ရခိုင့်တပ်မတော်)ကြီး ပျောက်ချက်သားကောင်းနေခဲ့ပြီး ယခုအခါမှ ရခိုင်ပြည်သူများကို ကာကွယ်စောင့်ရှောက်သည်ဟု အကြောင်းပြကာ အမှန်တကယ်အကာအကွယ်ပေးနေသည့် လုံခြုံရေးဝန်ထမ်းများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်ပြခြင်းသည် ရန်သူမိတ်ဆွေ မခွဲခြားတတ်သည့် သူရဲဘောကြောင်သော မိုက်ရူးရဲဆန်သည့် လုပ်ရပ်ဖြစ်သည်ဟု အပြည့်အဝ ရှုမြင်ပါသည်။

ထို့အတူ ARSA (ဂျီဟဒ်ဝါဒီဘင်္ဂလီအကြမ်းဖက်အဖွဲ့)က မြန်မာပြည်၏အချုပ်အခြာအာဏာကို ကျူးကျော် စော်ကားကာ ရခိုင်ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခဲ့စဉ်က နိုင်ငံတော်အစိုးရမှ ယခုကဲ့သို့ အမြစ်ပြတ် ချေမှုန်းရေး အမိန့်မပေးခဲ့ဘဲ တိုင်းရင်းသားအရင်းအခြာများဖြစ်သည့် AA(ရခိုင့်တပ်မတော်)အဖွဲ့ကျမှ အမြစ်ပြတ် ချေမှုန်းရေး အမိန့်ပေးခဲ့သည့် နိုင်ငံတော်အစိုးရ၏ လုပ်ရပ်ကိုလည်း တရားမျှတမှု လုံးဝ(လုံးဝ)မရှိသည့်လုပ်ရပ်ဟု ရှုမြင်ကာ အပြင်းအထန် ရှုတ်ချပါသည်။

ဦးပဉ္စင်းချစ်ခင်ရသော ရခိုင်ပြည်သူများအား အသိပေးလိုသည်မှာ
(က) AA(ရခိုင့်တပ်မတော်)ကိုထောက်ခံသောအားဖြင့် အဖရခိုင်ပြည်ကြီးကို အပြီးတိုင်ပိုင်ဆိုင်ခွင့်ရရှိမည်ဆိုလျှင်
(ခ) AA(ရခိုင့်တပ်မတော်)ကိုထောက်ခံသောအားဖြင့် ရခိုင်ပြည်သူများ ဘင်္ဂလီဘေးမှ အပြီးတိုင်ကင်းဝေးမည် ဆိုလျှင်
(ဂ) AA(ရခိုင့်တပ်မတော်)ကိုထောက်ခံသောအားဖြင့် ရခိုင်ပြည်သူများ မြေစာပင်ဘဝ လုံးဝ(လုံးဝ) မကျရောက်ဘူး ဆိုလျှင်
(ဃ) AA(ရခိုင့်တပ်မတော်)ကိုထောက်ခံသောအားဖြင့် အဖရခိုင်ပြည်ကြီး သွေးချောင်းစီးကာ နာတာရှည်ဘဝဖြင့် မွဲပြာမကျဘူးဆိုလျှင်
(င) AA(ရခိုင့်တပ်မတော်)ကိုထောက်ခံသောအားဖြင့် အဖရခိုင်ပြည်ကြီး တစ်ထီးတစ်နန်းဖြင့် အမှီအခိုကင်းစွာ အခိုင်အမာ ရပ်တည်နိုင်မည်ဆိုလျှင်
(စ) AA(ရခိုင့်တပ်မတော်)ကိုထောက်ခံသောအားဖြင့် အဖရခိုင်ပြည်၏ အမျိုးဘာသာ သာသနာ အဓွန့်ရှည်တည်တံ့ မည်ဆိုလျှင်
ဦးပဉ္စင်းဝီရသူ AA(ရခိုင့်တပ်မတော်)ကို အပြည့်အဝ ထောက်ခံပါမည်။

ဝီရသူ(မစိုးရိမ်)
10.1.2019
7:40 PM