Daily Archives: January 10, 2019

ထုတ်ပြန်ကြေညာချက်သတင်း

ဝီရသူသဘောထား

ဦးပဉ္စင်းသည် တိုင်းရင်းသားအားလုံးအား လူမျိုး ဘာသာ မခွဲခြားဘဲ တစ်မိတည်းဖွား သွေးရင်းသားရင်း ညီအစ်ကို မောင်နှမများပမာ ချစ်ခင်လေးစားသူ ဖြစ်ပါသည်။ ရခိုင်ပြည်သူများကို ကာကွယ်စောင့်ရှောက် ကူညီဖေးမ အားပေးထောက်ပံ့ခဲ့သည်မှာလည်း မဖွံ့ဖြိုးခြင်း အကြောင်းတစ်ခုတည်းကြောင့်မဟုတ်ပါ။ အနောက်တံခါးမှူးများဖြစ်နေခြင်း၊ ဘင်္ဂလီအန္တရာယ်ကျရောက်နေခြင်း ဟူသော အကြောင်းများလည်း ပါဝင်ပါသည်။ ယခုအခါ AA (ရခိုင့်တပ်မတော်)၏လုပ်ရပ်သည် ရခိုင်ပြည်သူများအား ဘင်္ဂလီအန္တရာယ်မကျရောက်အောင် ကာကွယ်စောင့်ရှောက်နေသော လုံခြုံရေးဝန်ထမ်းများကို အကြမ်းဖက် သတ်ဖြတ်လိုက်သည်ဟုသာ ရှုမြင်ပါသည်။ ထိုတိုက်ခိုက်မှုကို တော်လှန်ရေးတစ်ရပ်ဟူ၍လည်းကောင်း၊ ဝန်ထမ်းဆိုးများအား ဆုံးမခြင်းတစ်ရပ်ဟူ၍ လည်းကောင်း လုံးဝ(လုံးဝ) မယူဆပါ။ ဘုရားသားတော်ပီသစွာ ...
သတင်း

မစိုးရိမ်တိုက်သစ် ဆွမ်းအလှူတော်

ပြာသိုလ်လဆန်း ၄ ရက် (9.1.2019)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်တော်ကြီးမှာ ကျင်းပပါတယ်။ မနက် ၇း၀၀ နာရီမှာ သံဃာတော်များအား ဆွမ်းလောင်းလှူပြီး မနက် ၈း၃၀ နာရီမှာ ရေစက်ချ အနုမောဒနာတရား နာယူကြပါတယ်။ ၁၁း၀၀ နာရီမှာ နာယကဆရာတော်များ၊ စာချ၊ ကျမ်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်တယ်။ ဆွမ်းအလှူရှင်များက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အောင်ဇမ္ဗူတောရဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသ (မဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် တပည့်ဒါယကာ ဒါယိကာမများ ဖြစ်ပါတယ်။ အလှူရှင်များ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ ...