သတင်း



“မစိုးရိမ်တိုက်သစ် နာယကအစည်းအဝေး”

ဒုတိယဝါဆိုလဆုတ် ၈ ရက်၊ 4.8.2018 ရက်နေ့၊ မွန်းလွဲ ၃း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မကာယကျောင်း နာယကဆွမ်းစားဆောင်မှာ ကျင်းပပါတယ်။
မဟာနာယကဆရာတော်များဖြစ်တဲ့ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ဓမ္မာဓိပတိကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာကာလင်္ကာရာဘိဝံသအမှူးရှိသော နာယကဆရာတော်များ တက်ရောက်ကြပါတယ်။
ပထမအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲ အောင်စာရင်းမူကြမ်း ထုတ်ပြန်အပြီးမှာ စည်းဝေးကြတာပါ။
စာအံကျောင်း၊ စာဝါ၊ ဘုရားဝတ်တက်နှင့်ပတ်သက်ပြီး ဆွေးနွေးကြသလို အခြားသာသနာရေးကိစ္စများလည်း ထည့်သွင်းဆွေးနွေးကြပါတယ်။