သတင္း

ေလာကအလင္း ဝါဆိုသကၤန္းကပ္လွဴပြဲ

ဒုတိယဝါဆိုလျပည့္ေက်ာ္ ၆ ရက္၊ 2.8.2018 ရက္ေန႔၊ မနက္ ၈း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ျမရည္နႏၵာရပ္ကြက္၊ ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္းမွာ က်င္းပပါတယ္။

ဦးသုမန၊ ဦးေဝပုလႅ စာခ်ဆရာေတာ္ေလးမ်ား ဦးေဆာင္က်င္းပတာပါ။ မဟာဣႏၵကာရာမဆရာေတာ္ႀကီးႏွင့္ ရပ္ကြက္သံဃနာယကဥကၠ႒ ေအာင္သိဒၶိေက်ာင္းဆရာေတာ္ေလး ဦးအာစာရလည္း ၾကြေရာက္ခ်ီးေျမႇာက္ပါတယ္။ ေလာကအလင္းတည္ေထာင္ခဲ့တာ (၇)ႏွစ္ျပည့္ပါေတာ့မယ္။ ဒီတစ္ခါပဲ ဝါဆိုသကၤန္းကပ္လွဴတာ ႀကဳံရတာပါ။

ရပ္ကြက္ကလည္း ကိုယ္နဲ႔မဆုိင္သလိုေနၾက၊ ေက်ာင္းသူေက်ာင္းသားမ်ား၏ မိဘမ်ားကလည္း ေက်ာင္းကိုစိတ္မဝင္စားၾက၊ ေက်ာင္းသူေက်ာင္းသားမ်ားကိုလည္း ဦးေဆာင္မည့္သူမရွိၾကလို႔ ျမန္မာ့ယဥ္ေက်းမႈတစ္ခုျဖစ္တဲ့ ဝါဆိုသကၤန္းကပ္လွဴပြဲေလးေတာင္ မက်င္းပျဖစ္ခဲ့ပါဘူး။

သကၤန္းတစ္စုံက ေျပာပေလာက္ေအာင္ မက္စရာမရွိေပမယ့္ ေက်ာင္းသူေက်ာင္းသားေလးေတြ စုေပါင္းကပ္လွဴေဖာ္ရတာကိုပဲ ဝမ္းသာပီတိ ျဖစ္ၾကရတာပါ။ စာခ်ဆရာေတာ္ ဦးသုမနရဲ႕ ကမၼ႒ာန္းတဲေလးထဲမွာ ေရေႏြးပြဲကပ္လွဴပါတယ္။

ဒီႏွစ္မွစၿပီး ေလာကအလင္းမွာ ဆရာေတာ္ႏွစ္ပါး ဝါဆုိပါၿပီ။ ရပ္ေက်းသံဃနာယကဥကၠ႒ဆရာေတာ္ရဲ႕ ခ်ီးေျမႇာက္မႈေၾကာင့္ ျဖစ္ပါတယ္။ ေလာကအလင္း ကေလးငယ္မ်ားအားလံုး ေလာကကို အလင္းေဆာင္ႏိုင္ေသာ ေလာကအလင္းရွင္ေလးမ်ား ျဖစ္ႏိုင္ၾကပါေစေသာ္ဝ္…။

“လောကအလင်း ဝါဆိုသင်္ကန်းကပ်လှူပွဲ”

ဒုတိယဝါဆိုလပြည့်ကျော် ၆ ရက်၊ 2.8.2018 ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ဦးသုမန၊ ဦးဝေပုလ္လ စာချဆရာတော်လေးများ ဦးဆောင်ကျင်းပတာပါ။

မဟာဣန္ဒကာရာမဆရာတော်ကြီးနှင့် ရပ်ကွက်သံဃနာယကဥက္ကဋ္ဌ အောင်သိဒ္ဓိကျောင်းဆရာတော်လေး ဦးအာစာရလည်း ကြွရောက်ချီးမြှောက်ပါတယ်။ လောကအလင်းတည်ထောင်ခဲ့တာ (၇)နှစ်ပြည့်ပါတော့မယ်။ ဒီတစ်ခါပဲ ဝါဆိုသင်္ကန်းကပ်လှူတာ ကြုံရတာပါ။

ရပ်ကွက်ကလည်း ကိုယ်နဲ့မဆိုင်သလိုနေကြ၊ ကျောင်းသူကျောင်းသားများ၏ မိဘများကလည်း ကျောင်းကိုစိတ်မဝင်စားကြ၊ ကျောင်းသူကျောင်းသားများကိုလည်း ဦးဆောင်မည့်သူမရှိကြလို့ မြန်မာ့ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဝါဆိုသင်္ကန်းကပ်လှူပွဲလေးတောင် မကျင်းပဖြစ်ခဲ့ပါဘူး။
သင်္ကန်းတစ်စုံက ပြောပလောက်အောင် မက်စရာမရှိပေမယ့် ကျောင်းသူကျောင်းသားလေးတွေ စုပေါင်းကပ်လှူဖော်ရတာကိုပဲ ဝမ်းသာပီတိ ဖြစ်ကြရတာပါ။

လောကအလင်း ကလေးငယ်များအားလုံး လောကကို အလင်းဆောင်နိုင်သော လောကအလင်းရှင်လေးများ ဖြစ်နိုင်ကြပါစေသော်ဝ်…။

စာချဆရာတော် ဦးသုမနရဲ့ ကမ္မဋ္ဌာန်းတဲလေးထဲမှာ ရေနွေးပွဲကပ်လှူပါတယ်။ ဒီနှစ်မှစပြီး လောကအလင်းမှာ ဆရာတော်နှစ်ပါး ဝါဆိုပါပြီ။ ရပ်ကျေးသံဃနာယကဥက္ကဋ္ဌဆရာတော်ရဲ့ ချီးမြှောက်မှုကြောင့် ဖြစ်ပါတယ်။