Uncategorizedသတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၇)

အာက်တိုဘာလ ၁၃ ရက်နေ့မှာ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းသို့ ရောက်ရှိကြပါတယ်။ ညနေစောင်းမှာ ရောက်တာဖြစ်လို့ အားလုံးအနားယူပြီးမှ လှူဖွယ်ပစ္စည်းများ ကားပေါ်မှချကာ တစ်ရက်တာစီ လှူဒါန်းဖို့အတွက် ပြန်လည် ခွဲခြမ်း ထုပ်ပိုးဖို့ ပြင်ဆင်သော်လည်း အားလုံးသော အဖွဲ့သားများက ခရီးပန်းတာကို မမှုအားဘဲ ရောက်ရောက်ချင်းပဲ ကုန်ပစ္စည်းတွေချကြပါတယ်။

ကုန်ပစ္စည်းတွေကို ကားပေါ်မှ ဂိုဒေါင်ထဲချပြီးမှ ရေမိုးချိုးအနားယူကြပါတယ်။ အဖွဲ့သားများက များပြားတော့ ထမင်းဟင်းမကျက်နိုင်သေးပါဘူး။ ဗိုက်ဆာဆာနှင့် နောက်တစ်နေ့အတွက် လှူဒါန်းဖို့ ပြင်ဆင်ရပါတော့တယ်။ ပင်ဆင်နေတုန်း ထမင်းစားလာခေါ်သဖြင့် အားရပါးရ ပြေးလွှားစားသောက်ကြပြီးမှ ပြန်လည်လုပ်ငန်းစရပါတယ်။

ငပိတွေတုံးတစ်တာ စောင်တွေအိတ်ထဲထည့်တာ တိုင်းရင်းဆေးတွေ ခွဲတမ်းချတာ အဝတ်အထည်တွေရွေးချယ်တာ အချိုမှုန့် ဆီ အအေးဗူး ခေါက်ဆွဲ မုန့်ကြွတ် ဘီစကစ် သကြားလုံး စတာတွေကို ခွဲခြမ်းဝေဖန်ရတာ ညဥ့်နက်မှပြီးပါတယ်။ ပစ္စည်းတွေ ခွဲခြမ်းနေတုန်း သေနတ်သံသုံးချက်ကြားရပါတယ်။ လုံခြုံရေးများ အသင့်အနေအထား ပြင်ဆင်ထားကြပါတယ်။ ကင်းပုန်းဝပ်သူကဝပ် ကင်းစောင့်သူကစောင့် အသင့်ပြင်ထားကြသလို အကြောင်းအရင်းကိုလည်းစုံစမ်းကြပါတယ်။ ဘင်္ဂလီတစ်သိုက် စက်လှေဖြင့် ကမ်းကပ်လာလို့ ပစ်ခတ်ခြိမ်းခြောက်လိုက်တာလို့သိရပါတယ်။ မာင်တောနေပြည်သူများ နေ့စဉ်သေနတ်သံကြားလို့ ရိုးနေလောက်ပါပြီ။ မန်းမဘသ ဝိုင်းတော်သားများကတော့ မောင်တောနေပြည်သူများကို စုတ်တသတ်သတ်ဖြင့် စာနာမိနေပါတော့တယ်။