Daily Archives: October 26, 2017

Uncategorizedသတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၇)

အာက်တိုဘာလ ၁၃ ရက်နေ့မှာ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းသို့ ရောက်ရှိကြပါတယ်။ ညနေစောင်းမှာ ရောက်တာဖြစ်လို့ အားလုံးအနားယူပြီးမှ လှူဖွယ်ပစ္စည်းများ ကားပေါ်မှချကာ တစ်ရက်တာစီ လှူဒါန်းဖို့အတွက် ပြန်လည် ခွဲခြမ်း ထုပ်ပိုးဖို့ ပြင်ဆင်သော်လည်း အားလုံးသော အဖွဲ့သားများက ခရီးပန်းတာကို မမှုအားဘဲ ရောက်ရောက်ချင်းပဲ ကုန်ပစ္စည်းတွေချကြပါတယ်။ ကုန်ပစ္စည်းတွေကို ကားပေါ်မှ ဂိုဒေါင်ထဲချပြီးမှ ရေမိုးချိုးအနားယူကြပါတယ်။ အဖွဲ့သားများက များပြားတော့ ထမင်းဟင်းမကျက်နိုင်သေးပါဘူး။ ဗိုက်ဆာဆာနှင့် နောက်တစ်နေ့အတွက် လှူဒါန်းဖို့ ပြင်ဆင်ရပါတော့တယ်။ ပင်ဆင်နေတုန်း ထမင်းစားလာခေါ်သဖြင့် အားရပါးရ ပြေးလွှားစားသောက်ကြပြီးမှ ပြန်လည်လုပ်ငန်းစရပါတယ်။ ငပိတွေတုံးတစ်တာ စောင်တွေအိတ်ထဲထည့်တာ တိုင်းရင်းဆေးတွေ ခွဲတမ်းချတာ ...
ဂျာနယ်သတင်းအင်တာဗျူး

ဒီအစိုးရလက်ထက်မှာ အမျိုးသားရေးအကျပ်အတည်း အတွေ့ဆုံးကာလပေါ့ (ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံခြင်း)

မြန်မာ့ဥဒါန်းဂျာနယ်ကနေ ဆရာတော်ဦးဝီရသူနဲ့ ဆက်သွယ်မေးမြန်းပြီး လတ်တလောဖြစ်ပျက်နေတဲ့ သတင်းအချက်အလက် ဆရာတော်ရဲ့ သုံးသပ်ချက်နဲ့အတူ အပတ်စဉ်ဖော်ပြပေးနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ဆရာတော်ရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းအချက်အလက်တွေနဲ့အတူ သတင်းတွေအပေါ် ဆရာတော်ဦးဝီရသူရဲ့ သုံးသပ်ချက်တွေနဲ့အတူ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မေး – ပထမဆုံးအနေနဲ့ ဒီမိုကရေစီအစိုးရကောင်းမှုတော်ဆိုတဲ့ ဗီနိုင်းတွေ သဟာယစာဖတ်ဝိုင်းအနီးမှာ ချိတ်ဆွဲတာတွေ့ရပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းကြောင့် ချိတ်ဆွဲဖြစ်တယ်ဆိုတာလေး မိန့်ကြားပေးပါဦးဘုရား။ ဖြေ – လွတ်လပ်စွာဟောပြောခွင့်တို့၊ လွတ်လပ်စွာရေးသားခွင့်တို့၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တို့၊ လွတ်လပ်စွာ ချီတက်လမ်းလျှောက်ခွင့်တို့ လူ့အခွင့်အရေးကြွေးကြော်ပြီးတက်လာတဲ့ ဒီအစိုးရလက်ထက်ကျမှပဲ ၀ီရသူတို့တရားပွဲအပိတ်ခံရ၊ မဘသအဖွဲ့ကြီးလည်းအဖျက်ခံရ၊ ...
သတင်း

ဒီမိုကရေစီ(အပိုင်း-၂) သခင်ဘသောင်း

အခန်း ၃။ ဒီမိုကရေစီစနစ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေ ရေးဆွဲပြီးရင်နောက် အရေးကြီးဆုံးအလုပ်ကတော့ ရွေးကောက်ပွဲတွေ ကျင်းပခြင်းပါပဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ရွေးကောက်ပွဲတွေမှာ သူတို့ရဲ့ ကိုယ်စားလှဝ်တွေကို ဆန္ဒမဲတွေနဲ့ ရွေးချယ်ကြပါတယ်။ ဒီ ကိုယ်စားလှယ်တွေကမှတဆင့် သူတို့အားလုံး လိုက်နာရမယ့် တခြားဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းကြရပါတယ်။ ဒါကြောင့် ဒီကိုယ်စားလှယ်တွေ ပြုလုပ်တဲ့ ဥပဒေတွေဟာ သူတို့ကိုယ်တိုင်ပြုလုပ်တဲ့ ဥပဒေတွေလိုပါပဲ။ ပြည်သူတွေအားလုံးကလည်း ဒီဥပဒေတွေကို လိုလိုချင်ချင် လိုက်နာကြပါတယ်။ ဒါပေမယ့် ဥပဒေပြုတဲ့အဖွဲ့ဟာ ဥပဒေတွေကို အရမ်းကာရော မသတ်မှတ်နိုင်ပါဘူး။ နိုင်ငံသားတွေရဲ့ မွေးရာပါခွင့်အရေးတွေ အခြေခံရပိုင်ခွင့်တွေကို ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၆၉)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မူဆယ်မြို့ ကောင်းမှု့လွယ်ရပ်နေ ကိုအောင်နိုင်ဦး+မနှင်းနှင်းအေး မိသားစုမှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းစဉ်။(25.10.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၈,၄၂၅,၅၀၀ိ ကျပ်။ စုစုပေါင်း – ...
သတင်း

အမျိုးသားတိုးတက်ရေးပါတီ သဘောထားကြေညာချက်

စဥ့်ကိုင်မြို့နယ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲအား ကန့်ကွတ်ရှုံ့ချကြောင်း သဘောထားကြေညာချက်(၃/၂၀၁၇) ရက်စွဲ၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက် ၂၄.၁၀.၂၀၁၇ ရက်နေ့ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်တွင်ပြုလုပ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲပြုလုပ်ခဲ့ရာ အခြားဘာသာခေါင်းဆောင်များအား အမြင့်နေရာတွင်နေရာချထားပြီး ဗုဒ္ဓဘာသာဝင် သာမဏေများအား နိမ့်သောနေရာများတွင် နေရာချထားသည်ကို တွေ့ရှိရသဖြင့် များစွာစိတ်မကောင်း ယူကြုံးမရဖြစ်မိပါသည်။ စစ်မှန်သော ဗုဒ္ဓဘာသာဝင်တိုင်း ခံယူထားသည်မှာ ရဟန်း/သာမဏေခွဲခြားခြင်းမရှိ မြတ်ဗုဒ္ဓ၏ သားတော်များအဖြစ်မြင့်မြတ်သောနေရာတွင် စံပယ်တော်မူစေလျက်ရှိခိုးဦးတင်ပူဇော်သမှု ပြုကြရမည်ဖြစ်ပါသည်။ သို့ရာတွင် ပွဲစီစဉ်သူတို့၏ အလေးဂရုပြုမှုအားနည်းသောကြောင့် သာမဏေများအား နိမ့်သောနေရာတွင် ရှိနေရသည်ဟု ထင်မြင်ယူဆမိပါသည်။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မူဆယ်မြို့ ကောင်းမှု့လွယ်ရပ်နေ ကိုအောင်နိုင်ဦး+ဒေါ်နှင်းနှင်းအေး မိသားစုမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။(25.10.2017) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ...
သတင်း

ပြန်လည်တောင်းပန်မှာကို ကြိုဆိုပါတယ်။

ပြန်လည်တောင်းပန်မှာကို ကြိုဆိုပါတယ်။ ဘယ်လိုတောင်းပန်မလဲဆိုတာကို စောင့်ကြည့်နေပါတယ်။ ရန်ကုန်ဝကခတုန်းကလို စာဖြင့်တောင်းပန်လိုက်သည်မဖြစ်စေလိုပါ။ ဝီရသူ( မစိုးရိမ်) 25.10.2017 pm 5:21 ————– https://m.facebook.com/story.php…