သတင်း

မဘသအဖွဲ့ကို ဥပဒေကြောင်းအရ အရေးယူခဲ့သော်

အရေးယူဖို့ စီစဉ်နေတဲ့ဥပဒေကား ၂၀/၉၀ တည်း။ ၂၀/၉၀ ဆိုသည်မှာ စောမောင်ဥပဒေတည်း။ စောမောင်ဥပဒေအရ မဟနအမိန့်ကို အာခံလို့ ထောင်ဒဏ် ခြောက်လတည်း။ ဤသို့ဆိုလျှင် သာသနာရေးဌာနက တရားလိုလုပ်၍ ပထမဦးဆုံး အရေးယူထိုက်သူ နှစ်ပါးကား လေညဝါနှင့် ကားမောင်ကားပြင်ဝိပဿနာဆရာတည်း။

၎င်းတို့နှစ်ပါးသည် တရားဟောခွင့်ပိတ်ပင်ထားပါလျက် မိထွေးအားကိုးဖြင့် မဟနအမိန့်ကို ဆန့်ကျင်ကာ တစ်နိုင်ငံလုံး လှည့်လည်ဟောကြားနေသောကြောင့်တည်း။ ၄င်းတို့နှစ်ပါးကို ထောင်အရင်ချပြီးပါမှ ၄င်းတို့နှစ်ပါး ထောင်ထဲမှာ လွတ်ကြောင် ကြောင်နေချိန်ရောက်လျင် မဘသဆရာတော် သံဃာတော်များ လာရောက် ကုသပေးမည်ဖြစ်သတည်း။ ထို့ကြောင့် အစိုးရစဉ်းစားရမည်မှာ အစိုးရဘုန်းကြီးနှစ်ပါးကို အရင်ဖမ်းရပါမည်။

နောက်မှ မဘသ ဆရာတော်များကို ဖမ်းရပါမည်။ ဥပဒေမည်သည့် ကွက်ကျားမိုးမဟုတ်ပါ။ လိုသူကိုခွင့်ပြုပြီး မလိုသူကို အရေးယူတာမျိုး မလုပ်ရပါ။ တပြေးညီ ကျင့်သုံးရပါမည်။ ၄င်းတို့နှစ်ပါးဖမ်းပြီးသည့်အခါ မဘသကိုဆက်လက် အရေးယူမည်ဆိုပါကလည်း မဘသ အဖွဲ့က ၂၀/၉၀ နှင့် လုံးဝမငြိပါ။

မဘသအဖွဲ့ ဆိုင်းဘုတ်မဖြုတ်ခြင်းမှာ မဟန၏ အမိန့်အာဏာကို ဖီဆန်ခြင်းကြောင့် မဟုတ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၄ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ပြည်ထောင်စု လွှတ်တော်ပြဋ္ဌာန်းဥပဒေအရ တရားဝင် ဆက်လက် ရပ်တည်နိုင်သော အဖွဲ့အစည်းဖြစ်သောကြောင့် ခြေဥနှင့် ဖွဲ့ဥတို့နှင့်အညီ ဆိုင်းဘုတ်မဖြုတ်ခြင်းသာဖြစ်ပါသည်။

ထို့ကြောင့် ၂၀/၉၀နှင့် လုံးဝမငြိပါ။ ထိုသို့ ခြေဥနှင့်ဖွဲ့ဥအရ တရားဝင် ရပ်တည်နေနိုင်သည့် မဘသအဖွဲ့အစည်းကြီးကို မဟနက တရားမဝင်ဟု ကြေညာခြင်းသည်၎င်း၊ ဆိုင်းဘုတ်ဖြုတ်ချခြင်းသည်၎င်း ခြေဥနှင့်ဖွဲ့ဥကို ကျူးလွန် ကျော်နင်းခြင်းဖြစ်သလို မဘသအဖွဲ့အစည်းကြီး ဂုဏ်သိက္ခာငြှိုးနွမ်းအောင် အသရေဖျက်ရာလည်း ရောက်ပါသည်။ ထိုကြေညာချက်များကြောင့် မဘသအဖွဲ့အစည်းကြီးမှာ များစွာထိခိုက်နစ်နာရသလို ဆရာတော်သံဃာတော်များနှင့် ပြည်သူလူထုမှာလည်း ဆင်းရဲသောက ရောက်ကြရပါသည်။

ဤသို့သော နစ်နာမှုများကြောင့် မဘသအဖွဲ့အစည်းကြီးက မဟနကိုသော်လည်းကောင်း သာသနာရေးဌာနကိုသော်လည်းကောင်း ပြည်လည်တရားစွဲမည်ဆိုလျင်ရသော်လည်း မဘသဆရာတော်သံဃာတော်များသည် ဘုရားသားတော်များပီသစွာ မေတ္တာကရုဏာအပြည့်အဝဖြင့် သဘောထားကြီးစွာ သည်းခံခွင့်လွှတ်နိုင်ခြင်းကြောင့် ပြန်လည် တရားစွဲခြင်း မလုပ်ခြင်းဖြစ်ပါသည်။ သို့သော် မဟနဆရာတော်ကြီးများအား ဖိအားပေးနေသော နောက်ကွယ်က လက်မည်းကြီးပိုင်ရှင် တာဝန်ယူသည့် သာသနာရေးဌာနကိုမူ မဘသ၏ ထိခိုက်နစ်နာခဲ့ရမှုများကြောင့် ငွေကျပ် ဘီလျှံငါးရာ ရလိုကြောင်း ပြန်လည်တရားစွဲသွားမည်ဖြစ်ပါသည်။ 

ထို့ကြောင့် မဘသဆိုင်းဘုတ် မပြုတ်သည့်အပြင် သာသနာရေးဌာနက မဘသကို ငွေကျပ်ဘီလျှံငါးရာအလျော်ပေးရမည်ဖြစ်ပါကြောင်း။ (နိုင်ငံတကာဆိုရင် ဒေါ်လာဘီလျှံချီ ရလိုမှုဖြင့် တရားစွဲတတ်ကြပါသည်။)


ဝီရသူ(မစိုးရိမ်)
21.7.2017
PM 9:01