သတင်း

မ.ဘ.သ ဆိုင်းဘုတ်လုံခြုံရေး အရှိန်အဟုန်မြှင့်တင်ပေး

ဒီကနေ့ 16.7.2017 ညဦးပိုင်းမှာ မန္တလေးသို့ ပြန်လည်ရောက်ရှိပါပြီ။

မန်း မ.ဘ.သ ဝိုင်းတော်သားများနှင့်အတူ မန်း မ.ဘ.သ ရုံးစိုက်ရာ ကင်းဝန်မင်းကြီးတိုက် အကျော်ကျောင်းသို့ အရင်သွားပါတယ်။

အကျော်ကျောင်းမှာ မန်း မ.ဘ.သ ဆိုင်းဘုတ်ကို နေ့စဉ်စောင့်ရှောက်နေကြသော အတွင်းရေးမှူးချုပ် ဆရာတော်ကြီးနှင့်အတူ နောင်တော်ညီတော်များ မျိုးချစ်မောင်မယ်များ စုံလင်စွာ တွေ့ရပါတယ်။

ခရီးစဉ်အကြောင်း အမျိုးဘာသာ သာသနာအကြောင်း မ.ဘ.သ ဆိုင်းဘုတ်ကြီးအကြောင်း စတာတွေ ပြောကြဆိုကြဆွေးနွေးကြရင်း မ.ဘ.သ ဆိုင်းဘုတ်နှင့် အတုမရှိဂျာနယ်ဆိုင်းဘုတ်ကြီးနောက်ခံထားပြီး စုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။

စာရေးသူမရှိခင် နောက်တန်းခံတပ်မှူးများ ဆိုင်းဘုတ်ကို လုံခြုံအောင် စောင့်ရှောက်နေကြပါတယ်။

တိုက်စစ်မှူးကြီးပြန်လာပါပြီ။

အရှိန်အဟုန်နဲ့ ဆက်လက်ချီတက်ပါတော့မယ်။

မ.ဘ.သ ဆိုင်းဘုတ်ကို အင်အားသုံးပြီး ဖြိုခွင်းရလောက်အောင် NLD အစိုးရအတွက် မ.ဘ.သက ဘာတွေများ အနှောက်အယှက်ပြုထားလို့ပါလဲ?

မ.ဘ.သ ဖြိုခွင်းရေးလုပ်ငန်းစဉ်ကြီးကို အရေးပေါ်ဆောင်ရွက်ရလောက်အောင် NLD အစိုးရက မ.ဘ.သကို ဘာကြောင့် အငြှိုးကြီးနေရတာပါလဲ?

အစိုးရဆိုတာ မိမိကို မထောက်ခံတဲ့သူတိုင်းအပေါ် ဥပဒေမဲ့ အရေးယူတဲ့ အဖွဲ့အစည်းကြီးကိုပြောတာလား?

မ.ဟ.န နှင့် မ.ဘ.သ ရန်တိုက်ပေးပြီး ကိုယ်မဟုတ်သလို ငြိမ်နေတာကြီးကကော အစိုးရခေါင်းဆောင်တစ်ဦးရဲ့ လုပ်ရပ်ဟုတ်ကဲ့လား?

စဉ်းစဉ်းစားစားလည်း လုပ်ပါ မေ ရာ…………………………။

ဝီရသူ(မစိုးရိမ်)
16.7.2017
PM 10:26