ထုတ်ပြန်ကြေညာချက်သတင်း

လူသားဝါဒီဒိုင်းမွန်းရွှေကြည်မှ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ရဟန်းရှင်လူ၊ မိဘပြည်သူသို့ ပန်ကြားအပ်ပါသည်

(မိတ်ဆွေကြီး ဒိုင်းမွန်းရွှေကြည်ကလည်း တပ်မတော်ကိုထောက်ခံတဲ့သူပါပဲ။
တပ်မတော်ထောက်ခံပွဲတွေကို တပ်မတော်ထောက်ခံတဲ့ မူဆလင်တွေလည်း ကျင်းပသင့်တယ်လို့ ခံယူထားသူပါ။
ဒီကနေ့ သူပေးပို့လာတာက မူဆလင်အမျိုးအစားနှင့် ငြိမ်းချမ်းရေးတည်ဆောက်လို့ရနိုင်သည့် မူဆလင်မျိုးကို ခွဲခြားနားလည်ဖို့ ပေးပို့လိုက်တာဖြစ်ပါတယ်။
မူဆလင်တွေမှာ ရှေ့သွားရှိပြီးသားပါ။ အင်္ဂလိပ်ခေတ်တုန်းကဆိုရင် ဆရာကြီးဦးရာဇတ်၊ အခုခေတ်မှာဆိုရင် ဒိုင်းမွန်းရွှေကြည်။ သူတို့တတွေဟာ အမိမြန်မာပြည်ကိုချစ်မြတ်နိုးကြောင်း ပြသနေသူတွေဖြစ်ပါတယ်။
မြန်မာပြည်ရှိမူဆလင်တိုင်း ဒိုင်းမွန်းရွှေကြည်လို ပုဂ္ဂိုလ်မျိုးတွေချည်း ဖြစ်မယ်ဆိုရင်တော့ ဝီရသူနှင့် ပုခုံးဖက်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။
ဝီရသူကလည်း မိတ်ဆွေရင်း ညီအစ်ကိုရင်းလို သတ်မှတ်ပြီး ယုံယုံကြည်ကြည်နှင့် ပူးပေါင်းဆောင်ရွက်သွားမှာပါ။)
ဝီရသူ(မစိုးရိမ်)
20.11.2017
PM 8:43)

===============================================

“လူသားဝါဒီဒိုင်းမွန်းရွှေကြည်မှ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ရဟန်းရှင်လူ၊ မိဘပြည်သူသို့ ပန်ကြားအပ်ပါသည်”

ယခု အမိမြန်မာနိုင်ငံတော်၏ ပစ္စုပ္ပန်အခြေအနေကို လေ့လာသုံးသပ်၍ သမိုင်းနှင့်တည်ရှိနေသော အမိမြန်မာနိုင်ငံဖွား မွတ်စလင်များသည် အနောက်တံခါးအရေးနှင့် ပြည်ပစွက်ဖက်မှုများတွင် မည်သို့မှ သက်ဆိုင်ပါဝင်ပတ်သက်မှုမရှိဘဲ အမိမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာစက်တွင် နေထိုင်လျက်ရှိပြီး မြန်မာပြည်သည် ဒို့ပြည်၊ မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား၊ ဒါဒို့ပြည် ဒါဒို့မြေ ဟူ၍ နိုင်ငံတော်တွင် လူများစု ဗုဒ္ဓဘာသာရဟန်းရှင်လူ မိဘပြည်သူများနှင့် ခရစ်ယာန်၊ ဟိန္ဒူ အားလုံးနှင့်သင့်မြတ်စွာနေထိုင်လျက်ရှိပါသည်။

ယခုအခါတွင် ဒီမိုကရေစီစနစ် လျှောက်လှမ်းရန် ကြိုးပမ်းခါစ မြန်မာပြည်မှ ခွဲထွက်ရန် သီးခြားအစ္စလာမ် နိုင်ငံထူထောင်၍ အနောက်တံခါး ဘင်္ဂလီအကြမ်းဖက်တစ်စုမှ ကြိုးပမ်းလာနေသည်ကို တွေ့မြင်ရပြီး အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသော အစု ရခိုင်ဒေသတွင် မွေးဖွားသော ကျန်မွတ်စလင်များ ကမန်တိုင်းရင်းသားများပါ စိတ်မချမ်းမြေ့ဖွယ် ခံစားနေရပြီး မူလရခိုင်ဗုဒ္ဓဘာသာများနှင့် သင့်မြတ်စွာနေထိုင်ရန် အလို့ငှာ၊ တပ်မတော်၊ အစိုးရ၊ ရဟန်းရှင်လူ မိဘပြည်သူများနှင့်အတူ အမိမြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးများ ကြိုးပမ်းနေသည်ကို မြင်တွေ့ကြားသိနေရပါသည်။

သို့ပါ၍ မိမိအနေဖြင့် အမျိုးသားရေးဆရာတော်အရှင်ဝီရသူအပါအဝင် အမျိုးဘာသာ သာသနာအတော်အတွက် စိုးရိမ်ပူပန်နေသော မြန်မာတစ်မျိုးသားလုံးနှင့်အတူ ရပ်တည်၍ အမိနိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် အောက်ပါအချက်ငါးချက်ကို တင်ပြ၍ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသော၊ ငြိမ်းချမ်းရေးကို လိုလားသော၊ အစ္စလာမ်ဘာသာဝင်လူသားဝါဒီများနှင့်အတူ ပဋ္ဌာန်းဆက်ပါ အမိမြန်မာနိုင်ငံတော်သို့ တင်ပြပန်ကြားအပ်ပါသည်။
မွတ်စလင် အမျိုးအစား
ခွဲခြားဆက်ဆံယဉ်ကျေးမှုထူထောင်ရေးကို တင်ပြလိုပါသည်။

အမှတ်တစ် မွတ်စလင်ဟူသည်မှာ
အမိမြန်မာနိုင်ငံတော်သမိုင်းနှင့်အတူ မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို လေးစားလိုက်နာပြီး အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာစက်အောက်တွင် အေးအတူ ပူအမျှ နေထိုင်ပြီး အမိမြန်မာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြံဆောင်နေကြသူများဖြစ်ပါသည်။
၎င်းတို့အား နောင်တော်ဘာသာဝင်မြန်မာဗုဒ္ဓဘာသာမှာ ပဋ္ဌာန်းဆက်ညီနောင်ဖြစ်ကြောင်း လုံခြုံစိတ်ချစွာ အကာအကွယ်အပြည့်အစုံနှင့် နေထိုင်လျက်ရှိကြောင်း။

အမှတ်နှစ်မွတ်စလင်ဆိုသည်မှာ
မြန်မာပြည်ဖွားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အစ္စလာမ်၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကိုသာ လိုက်နာပြီး မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာဓလေ့များကို မသိကျိုးကျွံပြုကာ အစွန်းရောက်ဘာသာရေးဆရာတချို့၏ သွန်သင်မှုမှိုင်းမိနေသူများကို သတ်မှတ်ပါသည်။
၎င်းတို့အား တဖြည်းဖြည်း(တစ်)မွတ်စလင် ပီသလာစေရန်အတွက် မြန်မာဗုဒ္ဓဘာသာ၏ သိမ်မွေ့သော အကြမ်းမဖက်သော အစွန်းမရောက်သော မဇ္ဈိမပဋိပဒါအကြောင်းများကို အသိပေးရင်း ယဉ်ကျေးမှုဖလှယ်၍ အတူတကွ နေထိုင်တတ်လာအောင် (တစ်)မွတ်စလင်များမှ ပြုပြင်ပေးရန်လိုပါသည်။

အမှတ်သုံး မွတ်စလင်ဟူသည်
အမိမြန်မာနိုင်ငံတော်ကို အစ္စလာမ်အစွန်းရောက်အဖွဲ့ဝင် နိုင်ငံအဖြစ် သွတ်သွင်းထူထောင်ရန် ကြိုးပမ်းပြီး အစွန်းရောက် အကြမ်းဖက်ဝါဒကို ပို့ချနေသော အိုင်အက်စ်ကဲ့သို့သော အုပ်စုကို ဆိုလိုပါသည်။ ၄င်းတို့က အမိမြန်မာပြည်ကို ကျူးကျော်ဖျက်ဆီးလာပါက မြန်မာဗုဒ္ဓဘာသာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ တော်လှန်ဆန့်ကျင်ကာကွယ်သွားပါမည်။

သို့ပါ၍ ဒိုင်းမွန်းရွှေကြည်လူသားဝါဒီ အစ္စလာမ်ဘာသာဝင် မိရိုးဖလာယဉ်ကျေးမှုဖြင့် ကြီးပြင်းလာသူမှ အထက်ပါရည်ရွယ်ချက်များဖြင့် အရှင်ဝီရသူနှင့်အတူ အမျိုးသားရေးအင်အားစုများနှင့် ငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။
ဗုဒ္ဓဘာသာသည် နောင်တော်ဘာသာဖြစ်ပါသည်။

နောင်တော်ဘာသာသည် ကျန်ညီတော်ဘာသာဝင်များကို လုံခြုံစိတ်ချပြီး နိုင်ငံတော်အတွင်း အတူယှဉ်တွဲနေထိုင်ပြီး နိုင်ငံအကျိုးကို အတူတူပူးပေါင်းဆောင်ရွက်နေသည်ကို အသိအမှတ်ပြု၍ တပ်မတော်နှင့် အစိုးရသည် မိဘသဖွယ် တရားဥပဒေနှင့်အညီ ကျောသားရင်သား မခွဲခြားဘဲ အုပ်ထိန်းသူအဖြစ် အုပ်ချုပ်ထိန်းသိမ်းပေးပါရန် တင်ပြအပ်ပါသည်။

ဒိုင်းမွန်းရွှေကြည်(လူသားဝါဒီ)
09 73 23 81 76