သတင်း

ရခိုင်ပြည်မှ သားသားမီးမီးလေးတွေအတွက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နတလ (တိုင်းရင်းသားကျေးရွာများ)မှ ကလေးငယ်တွေအတွက် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဦးစိုးထွန်းရှိန် မိသားစု ဒါနပြုတဲ့ ကောင်းမှုလေးပါ။ အိမ်ခြေ သုံးထောင်ကျော်အတွက် အမျိုးသမီးဝတ် ယောဂီဝတ်စုံ တစ်စုံစီ၊ အမျိုးသားဝတ် မိုးကာအင်္ကျီ တစ်ထည်စီ၊ FM ရေဒီယို တစ်လုံးစီနှင့် ကလေးကစားစရာအရုပ်များ၊ မိန်းကလေး အလှဆင်ပစ္စည်းများ ပေးအပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

အရုပ်ကလေးတွေကတော့ မျိုးစုံပါပဲ။ ပုံထဲမှာတော့ တစ်မျိုးစီလောက်သာ နမူနာပြထားပါတယ်။ ပြည်ကြီးတံခွန်မြို့နယ် ဦးနိုင်နိုင်အောင်+ဒေါ်ဖြူဖြူအောင် မိသားစုက ဝက်ရုပ်လေးများအတွက် အလှူငွေ (၅၀၀၀၀၀ိ)ကျပ်၊ မြင်းခြံမြို့နယ် ဦးကျော်ကျော်ဦး+ဒေါ်မြမျိုးမွန် ရွှေပဒေသာမိသားစုက ဖိနပ်မျိုးစုံ ကာလတန်ဖိုး (၁၅၅၀၀၀၀ိ)ကျပ်၊ သန်လျင်မြို့နေ ဦးမျိုးမင်း မိသားစုက လိုရာသုံးရန် အလှူငွေ (၅၀၀၀၀၀ိ)ကျပ်၊ အမရပူရမြို့နေ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုက အလှူငွေ (၅၀၀၀၀၀ိ)ကျပ် လှူဒါန်းကြပါတယ်။  မဖွံ့ဖြိုးသေးသော ရခိုင်ပြည်နယ်ရှိ အန္တရာယ်ကြားက ရခိုင်ပြည်သူများအတွက် ဆက်လက်လှူဒါန်းသွားပါမည်။

ဝီရသူ (မစိုးရိမ်)
9.7.2017
AM 8:25