မန္းမေဟာ္သဓာသတင္း

ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ထံ အိတ္ဖြင့္ေပးစာ အမွတ္(၂) – အပိုင္း (၅)

(စာသင္ေက်ာင္းေဆာက္လည္း ၅၀၅-ခ ပဲ ဆုိရင္ေတာ့ ဆယ္ခါျပန္ ေထာင္က်ရဲပါတယ္ဗ်ာ။)

(င)
8.1.2019 ရက္ေန႔တုန္းကလည္း တိုင္းဥကၠ႒ဆရာေတာ္ႀကီးက မန္းမေဟာ္သဓာနဲ႔ပတ္သက္ၿပီး အမ်ဳိးသမီးႀကီးတစ္ဦးကို အခုလိုေမးလုိက္ပါတယ္။
“ပညာေရးဌာနကို စာတင္ၿပီး လုပ္တာ ဟုတ္ရဲ႕လား။”
“သီတဂူဆရာေတာ္လိုပဲ ဝီရသူကိုယ္တုိင္ အမည္ခံၿပီး လုပ္ပါ့လား။”
“ဝါခင္းကုန္းအမည္ ဘာလို႔ခံထားတာလဲ။”
“သူတို႔ေနာက္မွာ ႏိုင္ငံေရးသမားေတြ အမ်ားႀကီးပဲ။”
“မေဟာ္သဓာနားမွာ ဘယ္ေလာက္ရႈပ္တယ္ဆိုတာ သိရဲ႕လား။”
ကိုယ္ပုိင္အထက္တန္းေက်ာင္းတစ္ခု ဖြင့္လွစ္ဖုိ႔တင္ျပတဲ့အခါ အက်ယ္အဝန္းကဘယ္ေလာက္၊ စာသင္ေဆာင္၊ ထမင္းစားေဆာင္၊ နားေနေဆာင္၊ ရုံးခန္း၊ စုေပါင္းတန္းစီမည့္ေနရာ၊ အားကစားကြင္း၊ ပန္းၿခံ စတာေတြက ဘယ္လိုဆိုတာ ဓာတ္ပုံေတြျပသၿပီး ပူးတြဲတင္ျပရတာပါ။ စာသင္ေဆာင္ေတာင္ မရွိေသးဘဲ ပညာေရးဌာနကို ဘယ္လိုတင္ျပရပါမလဲ။
ဒီသေဘာကို တုိင္းဥကၠ႒ဆရာေတာ္ႀကီး မသိရွာပါဘူး။ ဒီလိုဆရာေတာ္ႀကီးေတြကိုမွ အမႈတြဲအပ္ရတယ္လုိ႔ ဒကာေတာ္တုိ႔ မႏၲေလးတုိင္းအစုိးရကို အျပစ္မဖုိ႔လုိေပမယ့္ ဒကာေတာ္တုိ႔ ရည္ရြယ္တဲ့အတုိင္း အခ်ိန္ၾကန္႔ၾကာဦးမွာကိုေတာ့ စိတ္ရွည္ႏိုင္မွာမဟုတ္ဘူးလုိ႔ပဲ အသိေပးခ်င္တာပါ။
ဝီရသူအမည္မခံတာက အခုလိုပုဂၢဳိလ္ေရးေတြ ႏိုင္ငံေရးအာဃာတေတြ ရွိလာႏိုင္လုိ႔ပါ။ ေနာက္တစ္ခုက လူရိုေသရွင္ရိုေသ ေထရ္ႀကီးဝါႀကီးေတြဓာတ္ပုံပဲ ေက်ာင္းေတာ္ႀကီးမွာ ခ်ိတ္ဆြဲထားခ်င္လို႔ပါ။ ဝီရသူက ငယ္ရြယ္သူျဖစ္ေနလို႔ ဓာတ္ပုံမခ်ိတ္ခ်င္လို႔ပါ။ ရန္ကုန္မေဟာ္သဓာမွာ သိမ္ဇရပ္ဆရာေတာ္ ဓမၼဒူတအရွင္ပညာဝရဓာတ္ပုံ ခ်ိတ္ထားပါတယ္။ အသက္အရြယ္နဲ႔ ရဟန္းသိကၡာအရ လူရိုေသရွင္ရုိေသျဖစ္လို႔ အင္မတန္သင့္တယ္ပါတယ္။ ဦးပဥၥင္းကေတာ့ သိမ္ဇရပ္ဆရာေတာ္လို အသက္အရြယ္မႀကီးေသးတာေၾကာင့္ ဦးပဥၥင္းဓာတ္ပုံခ်ိတ္မည့္အစား ဝါခင္းကုန္းဆရာေတာ္ႀကီးဓာတ္ပုံပဲ ခ်ိတ္ခ်င္လုိ႔ပါ။ ဝါခင္းကုန္းဆရာေတာ္ႀကီးဓာတ္ပုံဆုိရင္ ေက်ာင္းေတာ္ႀကီးနဲ႔ ပုိၿပီး ပဏာရမယ္လုိ႔ မွတ္ယူထားလုိ႔ပါ။
မန္းမေဟာ္သဓာနားမွာ ႏိုင္ငံေရးသမားေတြရွိတယ္ စတာေတြကေတာ့ ဒကာေတာ္တုိ႔ မႏၲေလးတုိင္းအစုိးရအဖြဲ႔ထဲက ဝန္ႀကီးတစ္ဦးစကားနဲ႔ထပ္တူပါပဲ။
“မန္းမေဟာ္သဓာက ႏိုင္ငံေရးကင္းရွင္းပါတယ္လုိ႔ အာမခံႏိုင္မလား၊ အာမခံႏိုင္ရင္ ခြင့္ျပဳမယ္”လုိ႔ ေျပာခဲ့တဲ့ ဝန္ႀကီးစကားနဲ႔ ထပ္တူက်ေနတာပါ။
ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ျမရည္နႏၵာရပ္ကြက္မွာဖြင့္လွစ္ထားတဲ့ ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္းတည္ေထာင္ခဲ့တာ ခုနစ္ႏွစ္ရွိပါၿပီ။ ႏိုင္ငံေရးစကား တစ္ခြန္းမွ်မေျပာဘဲ ပညာေရးသက္သက္သာ အက်ဳိးျပဳေနတာကို သြားေရာက္ေလ့လာလို႔ ရပါတယ္ေနာ္။
မန္းမေဟာ္သဓာက ႏိုင္ငံေရးသမားပါေနတယ္ပဲထားပါးဦး။ ႏိုင္ငံေရးသမားပါရင္ ခြင့္မျပဳေကာင္းဘူးလားဗ်။ ဒါမွမဟုတ္ ႏိုင္ငံေရးသမားမ်ား ပညာေရးကို အားမေပးရဘူးလုိ႔ ဥပေဒျပ႒ာန္းထားလို႔လားဗ်။ ဒါမွမဟုတ္ ႏိုင္ငံေရးသမားမ်ားက ပုဂၢလိကေက်ာင္းေထာင္ခြင့္ မရွိလုိ္႔လားဗ်။
စဥ္းစဥ္းစားစားလုပ္ပါ ဒကာေတာ္။
ပညာေရးဥပေဒနဲ႔ မညီမွ အေရးယူရမည့္ကိစၥကို ဘာမွမက်ဴးလြန္ခင္ ႀကဳိတင္အေရးယူေနသလို ျဖစ္ေနပါတယ္ဗ်ာ။
တုိင္းဥကၠ႒ဆရာေတာ္ႀကီး မိန္႔တဲ့စကားေတြထဲမွာ
အဖုအထစ္ရွာၿပီးမွ ရွင္းရမွာတို႔
ေအာက္ကတင္ျပတာေတြ မတူညီဘဲ ျဖစ္ေနတယ္တို႔
ေဆြးေႏြးၿပီးရင္ ေရႊဆံႏြယ္ဆရာေတာ္ကို ေခၚရဦးမွာတုိ႔
အခ်က္အလက္ေတြ မတူညီတာက ခက္ေနတာတုိ႔ကိုေထာက္ရင္ တုိင္းဥကၠ႒ဆရာေတာ္ႀကီးက ဝိနည္းဓိုရ္တစ္ပါးလို အမႈတြဲတည္ေဆာက္ေနတာ ေတြ႔ရပါတယ္။ ေျမယာဥပေဒအတုိင္း လုပ္ေဆာင္ရမွာကို သံဃာ့လုပ္ထံုးလုပ္နည္းအတုိင္း လုပ္ေဆာင္ေတာ္မူေနတာပါ။
ဆရာေတာ္ႀကီးခမ်ာ ေျမယာေကာ္မတီလုပ္ရမည့္အလုပ္ကို ဝင္လုပ္ေနရသလို အစုိးရလုပ္ရမည့္အလုပ္ကိုလည္း ဝင္လုပ္ေနရတယ္။ ဆရာေတာ္ႀကီးက ဗိုက္အငွားနဲ႔ ဓားထိုးခံဝံ့ေပမယ့္ ဗုိက္ငွားတဲ့ခင္ဗ်ားတုိ႔ကိုေတာ့ ရြံရွာမိတာ အမွန္ပါဗ်ာ။
ဒကာေတာ္တုိ႔ အစုိးရအဖြဲ႔ အႀကီးအကဲေတာ္ေတာ္မ်ားမ်ားက ေထာင္ထြက္ေတြျဖစ္ပါတယ္။ ေထာင္ထဲမွာေနခဲ့ရတယ္ဆိုၿပီး ဂုဏ္ယူခဲ့ၾကတာလည္း ေတြ႔ရပါတယ္။ ေထာင္ထြက္ပီပီ ျပႆနာကို ရဲရဲဝံ့ဝံ့ တာဝန္ယူ ေျဖရွင္းေပးပါဦး။ ဒါဆို ပိုၿပီးဂုဏ္ယူလုိ႔ ေကာင္းႏိုင္မွာပါ။ “ေထာင္ထြက္ႀကီးေတြက ျပတ္သားတယ္ေဟ့”လို႔ ဒကာေတာ္တို႔ကိုယ္စား ဂုဏ္ယူခ်င္လုိ႔ ျပတ္ျပတ္သားသားသာ ဖြင့္ခ်လုိက္ပါလားဗ်ာ။
ေနာက္ဆံုးေျပာလုိက္မယ္
အခမဲ့ပညာေရးေက်ာင္း ေဆာက္လုပ္ရင္လည္း ၅၀၅(ခ)ပဲ ဆိုရင္ေတာ့ ဆယ္ခါျပန္ ေထာင္က်ရဲပါတယ္ ဆိုတာပါပဲ။

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
10.1.2019
PM-10:58

“ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) – အပိုင်း (၅)”

(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။)

(င)
8.1.2019 ရက်နေ့တုန်းကလည်း တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက မန်းမဟော်သဓာနဲ့ပတ်သက်ပြီး အမျိုးသမီးကြီးတစ်ဦးကို အခုလိုမေးလိုက်ပါတယ်။
“ပညာရေးဌာနကို စာတင်ပြီး လုပ်တာ ဟုတ်ရဲ့လား။”
“သီတဂူဆရာတော်လိုပဲ ဝီရသူကိုယ်တိုင် အမည်ခံပြီး လုပ်ပါ့လား။”
“ဝါခင်းကုန်းအမည် ဘာလို့ခံထားတာလဲ။”
“သူတို့နောက်မှာ နိုင်ငံရေးသမားတွေ အများကြီးပဲ။”
“မဟော်သဓာနားမှာ ဘယ်လောက်ရှုပ်တယ်ဆိုတာ သိရဲ့လား။”
ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခု ဖွင့်လှစ်ဖို့တင်ပြတဲ့အခါ အကျယ်အဝန်းကဘယ်လောက်၊ စာသင်ဆောင်၊ ထမင်းစားဆောင်၊ နားနေဆောင်၊ ရုံးခန်း၊ စုပေါင်းတန်းစီမည့်နေရာ၊ အားကစားကွင်း၊ ပန်းခြံ စတာတွေက ဘယ်လိုဆိုတာ ဓာတ်ပုံတွေပြသပြီး ပူးတွဲတင်ပြရတာပါ။ စာသင်ဆောင်တောင် မရှိသေးဘဲ ပညာရေးဌာနကို ဘယ်လိုတင်ပြရပါမလဲ။
ဒီသဘောကို တိုင်းဥက္ကဋ္ဌဆရာတော်ကြီး မသိရှာပါဘူး။ ဒီလိုဆရာတော်ကြီးတွေကိုမှ အမှုတွဲအပ်ရတယ်လို့ ဒကာတော်တို့ မန္တလေးတိုင်းအစိုးရကို အပြစ်မဖို့လိုပေမယ့် ဒကာတော်တို့ ရည်ရွယ်တဲ့အတိုင်း အချိန်ကြန့်ကြာဦးမှာကိုတော့ စိတ်ရှည်နိုင်မှာမဟုတ်ဘူးလို့ပဲ အသိပေးချင်တာပါ။
ဝီရသူအမည်မခံတာက အခုလိုပုဂ္ဂိုလ်ရေးတွေ နိုင်ငံရေးအာဃာတတွေ ရှိလာနိုင်လို့ပါ။ နောက်တစ်ခုက လူရိုသေရှင်ရိုသေ ထေရ်ကြီးဝါကြီးတွေဓာတ်ပုံပဲ ကျောင်းတော်ကြီးမှာ ချိတ်ဆွဲထားချင်လို့ပါ။ ဝီရသူက ငယ်ရွယ်သူဖြစ်နေလို့ ဓာတ်ပုံမချိတ်ချင်လို့ပါ။ ရန်ကုန်မဟော်သဓာမှာ သိမ်ဇရပ်ဆရာတော် ဓမ္မဒူတအရှင်ပညာဝရဓာတ်ပုံ ချိတ်ထားပါတယ်။ အသက်အရွယ်နဲ့ ရဟန်းသိက္ခာအရ လူရိုသေရှင်ရိုသေဖြစ်လို့ အင်မတန်သင့်တယ်ပါတယ်။ ဦးပဉ္စင်းကတော့ သိမ်ဇရပ်ဆရာတော်လို အသက်အရွယ်မကြီးသေးတာကြောင့် ဦးပဉ္စင်းဓာတ်ပုံချိတ်မည့်အစား ဝါခင်းကုန်းဆရာတော်ကြီးဓာတ်ပုံပဲ ချိတ်ချင်လို့ပါ။ ဝါခင်းကုန်းဆရာတော်ကြီးဓာတ်ပုံဆိုရင် ကျောင်းတော်ကြီးနဲ့ ပိုပြီး ပဏာရမယ်လို့ မှတ်ယူထားလို့ပါ။
မန်းမဟော်သဓာနားမှာ နိုင်ငံရေးသမားတွေရှိတယ် စတာတွေကတော့ ဒကာတော်တို့ မန္တလေးတိုင်းအစိုးရအဖွဲ့ထဲက ဝန်ကြီးတစ်ဦးစကားနဲ့ထပ်တူပါပဲ။
“မန်းမဟော်သဓာက နိုင်ငံရေးကင်းရှင်းပါတယ်လို့ အာမခံနိုင်မလား၊ အာမခံနိုင်ရင် ခွင့်ပြုမယ်”လို့ ပြောခဲ့တဲ့ ဝန်ကြီးစကားနဲ့ ထပ်တူကျနေတာပါ။
ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာဖွင့်လှစ်ထားတဲ့ လောကအလင်းပညာဒါနကျူရှင်ကျောင်းတည်ထောင်ခဲ့တာ ခုနစ်နှစ်ရှိပါပြီ။ နိုင်ငံရေးစကား တစ်ခွန်းမျှမပြောဘဲ ပညာရေးသက်သက်သာ အကျိုးပြုနေတာကို သွားရောက်လေ့လာလို့ ရပါတယ်နော်။
မန်းမဟော်သဓာက နိုင်ငံရေးသမားပါနေတယ်ပဲထားပါးဦး။ နိုင်ငံရေးသမားပါရင် ခွင့်မပြုကောင်းဘူးလားဗျ။ ဒါမှမဟုတ် နိုင်ငံရေးသမားများ ပညာရေးကို အားမပေးရဘူးလို့ ဥပဒေပြဋ္ဌာန်းထားလို့လားဗျ။ ဒါမှမဟုတ် နိုင်ငံရေးသမားများက ပုဂ္ဂလိကကျောင်းထောင်ခွင့် မရှိလို့်လားဗျ။
စဉ်းစဉ်းစားစားလုပ်ပါ ဒကာတော်။
ပညာရေးဥပဒေနဲ့ မညီမှ အရေးယူရမည့်ကိစ္စကို ဘာမှမကျူးလွန်ခင် ကြိုတင်အရေးယူနေသလို ဖြစ်နေပါတယ်ဗျာ။
တိုင်းဥက္ကဋ္ဌဆရာတော်ကြီး မိန့်တဲ့စကားတွေထဲမှာ
အဖုအထစ်ရှာပြီးမှ ရှင်းရမှာတို့
အောက်ကတင်ပြတာတွေ မတူညီဘဲ ဖြစ်နေတယ်တို့
ဆွေးနွေးပြီးရင် ရွှေဆံနွယ်ဆရာတော်ကို ခေါ်ရဦးမှာတို့
အချက်အလက်တွေ မတူညီတာက ခက်နေတာတို့ကိုထောက်ရင် တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက ဝိနည်းဓိုရ်တစ်ပါးလို အမှုတွဲတည်ဆောက်နေတာ တွေ့ရပါတယ်။ မြေယာဥပဒေအတိုင်း လုပ်ဆောင်ရမှာကို သံဃာ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်တော်မူနေတာပါ။
ဆရာတော်ကြီးခမျာ မြေယာကော်မတီလုပ်ရမည့်အလုပ်ကို ဝင်လုပ်နေရသလို အစိုးရလုပ်ရမည့်အလုပ်ကိုလည်း ဝင်လုပ်နေရတယ်။ ဆရာတော်ကြီးက ဗိုက်အငှားနဲ့ ဓားထိုးခံဝံ့ပေမယ့် ဗိုက်ငှားတဲ့ခင်ဗျားတို့ကိုတော့ ရွံရှာမိတာ အမှန်ပါဗျာ။
ဒကာတော်တို့ အစိုးရအဖွဲ့ အကြီးအကဲတော်တော်များများက ထောင်ထွက်တွေဖြစ်ပါတယ်။ ထောင်ထဲမှာနေခဲ့ရတယ်ဆိုပြီး ဂုဏ်ယူခဲ့ကြတာလည်း တွေ့ရပါတယ်။ ထောင်ထွက်ပီပီ ပြဿနာကို ရဲရဲဝံ့ဝံ့ တာဝန်ယူ ဖြေရှင်းပေးပါဦး။ ဒါဆို ပိုပြီးဂုဏ်ယူလို့ ကောင်းနိုင်မှာပါ။ “ထောင်ထွက်ကြီးတွေက ပြတ်သားတယ်ဟေ့”လို့ ဒကာတော်တို့ကိုယ်စား ဂုဏ်ယူချင်လို့ ပြတ်ပြတ်သားသားသာ ဖွင့်ချလိုက်ပါလားဗျာ။
နောက်ဆုံးပြောလိုက်မယ်
အခမဲ့ပညာရေးကျောင်း ဆောက်လုပ်ရင်လည်း ၅၀၅(ခ)ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ် ဆိုတာပါပဲ။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
10.1.2019
PM-10:58