သတင်း




ပထမဆု ငါးသောင်းကျပ်


“သဟာယစာဖတ်ဝိုင်း အမေနေ့အကြို ကဗျာပြိုင်ပွဲ”

ပြာသိုလဆန်း ၈ ရက် (13.1.2018)ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းဆောင် တတိယထပ်မှာ ကျင်းပပါတယ်။
အမေနေ့အကြို ကဗျာပြိုင်ပွဲ ဆုရသူများကို ဆုချီးမြှင့်တဲ့ပွဲပါ။

ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ပရိသတ်အကြိုက်ဆု စုစုပေါင်း ဆုလေးဆု ပေးပါတယ်။
ဆုရွေးချယ်ရေးအဖွဲ့ကတော့ ပြည်ချစ်သားဂျာနယ် အယ်ဒီတာအဖွဲ့ ဖြစ်ပါတယ်။
ကဗျာပြိုင်ပွဲကျင်းပသူကတော့ သဟာယစာဖတ်ဝိုင်း ဖြစ်ပါတယ်။

ဒီနှစ်နှင့်ဆိုရင် ဒုတိယအကြိမ်ပါ။
ပထမဆု ငါးသောင်းကျပ်
ဒုတိယဆု သုံးသောင်းကျပ်
တတိယဆု နှစ်သောင်းကျပ်
ပရိသတ်အကြိုက်ဆု ကျပ် ဖြစ်ပါတယ်။
ဆန်ကာတင် ကဗျာသုံးဆယ်ကို ကဗျာဆရာအသီးသီးက ရွတ်ဖတ်ကြပါတယ်။
စာရေးသူကတော့ စာဖတ်ဖို့ စာကြည့်တိုက်ထောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
စာရေးသူက ဆုရသံဃာတော်များကို သင်္ကန်းလှူဒါန်းပြီး လူပုဂ္ဂိုလ်များကို အဝတ်အစားလှူဒါန်းပါတယ်။

ကဗျာပြိုင်ပွဲဝင် သံဃာတွေထဲမှာ စာသင်သားသံဃာများသာမကဘဲ ရွှေဘိုတိုက် စိတ်ရွှေရတနာကျောင်းဆရာတော်ကြီး ဘဒ္ဒန္တစိန္တာမထေရ်ပါ ကြွရောက်ပြိုင်ပွဲဝင်ပါတယ်။