Daily Archives: January 16, 2019

သတင်း


ပြာသိုလဆန်း ၇ ရက် (12.1.2019)ရက်နေ့၊ မနက် ၇း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ ဆရာတော်သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများအား မုန့်ဟင်းခါးဆွမ်းဆက်ကပ်လှူဒါန်း ကျွေးမွေးတာပါ။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မအိသန္တာနွယ် (၁၇)နှစ်ပြည့် မွေးနေ့အလှူဖြစ်ပါတယ်။ ဆွမ်းအလှူရှင် မအိသန္တာနွယ်နှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “ပညာရေးအကယ်ဒမီကျောင်း မွေးနေ့ဆွမ်းအလှူတော်” ပြာသိုလဆန်း ၇ ရက် (12.1.2019)ရက်နေ့၊ မနက် ရး၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ ...
သတင်း

သဟာယစာဖတ်ဝိုင်း အမေနေ့အကြို ကဗျာပြိုင်ပွဲ

ပြာသိုလဆန်း ၈ ရက် (13.1.2018)ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းဆောင် တတိယထပ်မှာ ကျင်းပပါတယ်။အမေနေ့အကြို ကဗျာပြိုင်ပွဲ ဆုရသူများကို ဆုချီးမြှင့်တဲ့ပွဲပါ။ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ပရိသတ်အကြိုက်ဆု စုစုပေါင်း ဆုလေးဆု ပေးပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ကတော့ ပြည်ချစ်သားဂျာနယ် အယ်ဒီတာအဖွဲ့ ဖြစ်ပါတယ်။ ကဗျာပြိုင်ပွဲကျင်းပသူကတော့ သဟာယစာဖတ်ဝိုင်း ဖြစ်ပါတယ်။ ဒီနှစ်နှင့်ဆိုရင် ဒုတိယအကြိမ်ပါ။ ပထမဆု ငါးသောင်းကျပ် ဒုတိယဆု သုံးသောင်းကျပ် တတိယဆု နှစ်သောင်းကျပ် ပရိသတ်အကြိုက်ဆု ကျပ် ...