သတင္း

ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ထံ အိတ္ဖြင့္ေပးစာ အမွတ္ (၂) – အပိုင္း (၂)

(စာသင္ေက်ာင္းေဆာက္လည္း ၅၀၅-ခ ပဲ ဆုိရင္ေတာ့ ဆယ္ခါျပန္ ေထာင္က်ရဲပါတယ္ဗ်ာ။)

(ခ)
ဒကာေတာ္တုိ႔ထံ တင္ျပထားတဲ့ ေျမကြက္ (၁.၂၇ ဧက)ကို ေရႊဆံႏြယ္ဆရာေတာ္က လွဴဒါန္းထားတာပါ။ ေရႊဆံႏြယ္ဆရာေတာ္ကိုလည္း ဦးစန္းလြင္+ေဒၚခုိင္ခိုင္စုိး(ဆင္ျဖဴေတာ္)မိသားစုက လွဴဒါန္းထားတာပါ။ အလွဴရွင္မိသားစုလည္း သက္ရွိထင္ရွားရွိပါေသးတယ္။

11.12.2018 ရက္ေန႔မွာ ေရႊဆံႏြယ္ဆရာေတာ္က တုိင္းဥကၠ႒ဆရာေတာ္ႀကီးထံ သြားေရာက္ဖူးေျမာ္ပါတယ္။ ေျမပုိင္ဆုိင္ေၾကာင္း အေထာက္အထားလုိခ်င္တယ္ဆိုလုိ႔ ဥကၠ႒ဆရာေတာ္ႀကီးကို သြားျပတာပါ။ ဆရာေတာ္ႀကီး ၾသဝါဒေပးလုိက္တာက “ေကာ္မတီကို ဖြဲ႔စည္းပုံျပင္ဆင္ၿပီး ျပန္တင္ပါ။ သံဃာေတြပါေနလို႔ ခြင့္ျပဳမိန္႔မက်တာပါ။ ဝါခင္းကုန္း(ျဗဟၼစုိရ္)ဆရာေတာ္ႀကီးေတာင္ မပါေစနဲ႔။ ပညာေရးမူဝါဒက သံဃာေတြမပါေစရ သတ္မွတ္ထားတယ္” ဆိုတာပါပဲ။

ေရႊဆံႏြယ္ဆရာေတာ္ကို မိန္႔ေတာ္မူတဲ့စကားက ရွင္းပါတယ္။ မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီး ေဆာက္မိန္႔မက်တာက သံဃာေတြပါေနလိုိ႔ ဆုိတာပါပဲ။ သံဃာအားလံုးကိုေတာင္ ဆုိလုိပံုမရပါဘူး။ ရန္သူေတာ္နံပါတ္တစ္ ကိုယ္ေတာ္ႀကီးကိုပဲ ရည္ရြယ္တာျဖစ္မွာပါ။ က်န္တဲ့သံဃာေတြလည္း ဂ်င္းနဲ႔ေပါင္းလုိ႔ အေထာင္းခံရတဲ့သေဘာပါ။ ဒီကုိယ္ေတာ္ႀကီးပါေနလို႔ ေဆာက္မိန္႔ခ်မေပးတာလို႔ တုိက္ရိုက္မေျပာရုံတစ္မည္ပါပဲ။

ပညာေရးမူဝါဒမွာ ဘုန္းႀကီးေတြ မပါေစရ သတ္မွတ္ထားလုိ႔ ေကာ္မတီကို သံဃာေတြခ်န္လွပ္ၿပီး လူေတြနဲ႔ပဲ ျပန္ဖြဲ႔စည္းပါ။ နာယကဆရာေတာ္ေတြလည္း မပါေစနဲ႔။ ၾသဝါဒဆရာေတာ္ေတြလည္း မပါေစနဲ႔။ ဝါခင္းကုန္း(ျဗဟၼစိုရ္)ဆရာေတာ္ႀကီးေတာင္ မပါေစနဲ႔လို႔ မိန္႔ေတာ္မူခဲ့တာကိုေထာက္ရင္ တုိင္းဥကၠ႒ဆရာေတာ္ႀကီးက ပညာေရးေကာ္မတီနဲ႔ ေက်ာင္းေဆာက္လုပ္ေရးေကာ္မတီ မကြဲဘူးလို႔ ေျပာရမွာပါ။ ဒကာေတာ္တုိ႔ထံ တင္ျပထားတာက စာသင္ေက်ာင္းေဆာက္လုပ္ခြင့္ပါ။ ဖြဲ႔စည္းထားတဲ့ေကာ္မတီက စာသင္ေက်ာင္းျဖစ္ေျမာက္ေရးေကာ္မတီပါ။ နာမည္အျပည့္အစံုက “မန္းမေဟာ္သဓာအမ်ဳိးသားေရး ကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရး ေကာ္မတီ”ပါ။

ေက်ာင္းေဆာင္တစ္ခုျဖစ္ေျမာက္ဖို႔အတြက္ ဆရာေတာ္သံဃာေတာ္ေတြကို ၾသဝါဒါစရိယေနရာ၊ နာယကဆရာေတာ္ေနရာမွာထားၿပီး အၿမဲတန္း ဦးထိပ္ထားခဲ့တဲ့ ျမန္မာ့အစဥ္အလာတစ္ရပ္အရ ဖြဲ႔စည္းခဲ့ၾကတာ ထံုးစံပါ။ မင္းကြန္းဆရာေတာ္ႀကီး၊ သီတဂူဆရာေတာ္ႀကီး၊ ျဗဟၼစိုရ္ဆရာေတာ္ႀကီးတုိ႔လည္း ဒီလိုပဲ ေဆာက္လုပ္ခဲ့ၾကတာပါ။ ဒီအစဥ္အလာအရ အခုလို ေက်ာင္းေဆာက္လုပ္ေရးေကာ္မတီကို သံဃာေတာ္ေတြ ဦးထိပ္ထားၿပီး ဖြဲ႔စည္းခဲ့တာဟာ ဘယ္တည္ဆဲဥပေဒနဲ႔ ဆန္႔က်င္ေနပါသလဲ။ ဘယ္ညႊန္ၾကားလႊာ၊ ဘယ္လုပ္ထံုးလုပ္နည္း၊ ဘယ္စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ မညီမညြတ္ ျဖစ္ေနပါသလဲ။

ေက်ာင္းေတာ္ႀကီးေဆာက္လုပ္ၿပီးစီးသြားတဲ့အခါက်မွ ပညာေရးေကာ္မတီလုိအပ္တာပါ။ အဲဒီအခါက်မွ အမ်ဳိးသားပညာေရးဥပေဒနဲ႔အညီ ပညာေရးေကာ္မတီ ဖြဲ႔စည္းၿပီး ပညာေရးဝန္ႀကီးဌာနထံ ဖြင့္လွစ္သင္ၾကားခြင့္ ေတာင္းရမွာပါ။ စာသင္ေက်ာင္းေဆာင္ေတာင္ မေဆာက္ရေသးဘဲ ပညာေရးေကာ္မတီ ဖြဲ႔စရာမလိုေသးပါဘူး။

ဒီလို ေက်ာင္းေဆာက္လုပ္ေရးေကာ္မတီနဲ႔ ပညာေရးေကာ္မတီကို ကြဲကြဲျပားျပား သိေတာ္မမူတဲ့ ဆရာေတာ္ႀကီးေတြကို အပူကပ္ၿပီး ဝီရသူကို ထိန္းခုိင္းတာဟာ မႏၲေလးတုိင္းအစုိးရအေနျဖင့္ အစုိးရေကာင္းတစ္ရပ္ ျပဳလုပ္အပ္တဲ့ လုပ္ရပ္ ဟုတ္ မဟုတ္ အေလးအနက္ စဥ္းစားဆင္ျခင္သင့္လွပါတယ္။

(ဆက္လက္ေဖာ္ျပပါမည္။)
ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
8.1.2019

ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ် (၂) – အပိုင်း (၂)

(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။)

(ခ)
ဒကာတော်တို့ထံ တင်ပြထားတဲ့ မြေကွက် (၁.၂၇ ဧက)ကို ရွှေဆံနွယ်ဆရာတော်က လှူဒါန်းထားတာပါ။ ရွှေဆံနွယ်ဆရာတော်ကိုလည်း ဦးစန်းလွင်+ဒေါ်ခိုင်ခိုင်စိုး(ဆင်ဖြူတော်)မိသားစုက လှူဒါန်းထားတာပါ။ အလှူရှင်မိသားစုလည်း သက်ရှိထင်ရှားရှိပါသေးတယ်။
11.12.2018 ရက်နေ့မှာ ရွှေဆံနွယ်ဆရာတော်က တိုင်းဥက္ကဋ္ဌဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ပါတယ်။ မြေပိုင်ဆိုင်ကြောင်း အထောက်အထားလိုချင်တယ်ဆိုလို့ ဥက္ကဋ္ဌဆရာတော်ကြီးကို သွားပြတာပါ။ ဆရာတော်ကြီး သြဝါဒပေးလိုက်တာက “ကော်မတီကို ဖွဲ့စည်းပုံပြင်ဆင်ပြီး ပြန်တင်ပါ။ သံဃာတွေပါနေလို့ ခွင့်ပြုမိန့်မကျတာပါ။ ဝါခင်းကုန်း(ဗြဟ္မစိုရ်)ဆရာတော်ကြီးတောင် မပါစေနဲ့။ ပညာရေးမူဝါဒက သံဃာတွေမပါစေရ သတ်မှတ်ထားတယ်” ဆိုတာပါပဲ။
ရွှေဆံနွယ်ဆရာတော်ကို မိန့်တော်မူတဲ့စကားက ရှင်းပါတယ်။ မန်းမဟော်သဓာကျောင်းတော်ကြီး ဆောက်မိန့်မကျတာက သံဃာတွေပါနေလို့ ဆိုတာပါပဲ။ သံဃာအားလုံးကိုတောင် ဆိုလိုပုံမရပါဘူး။ ရန်သူတော်နံပါတ်တစ် ကိုယ်တော်ကြီးကိုပဲ ရည်ရွယ်တာဖြစ်မှာပါ။ ကျန်တဲ့သံဃာတွေလည်း ဂျင်းနဲ့ပေါင်းလို့ အထောင်းခံရတဲ့သဘောပါ။ ဒီကိုယ်တော်ကြီးပါနေလို့ ဆောက်မိန့်ချမပေးတာလို့ တိုက်ရိုက်မပြောရုံတစ်မည်ပါပဲ။
ပညာရေးမူဝါဒမှာ ဘုန်းကြီးတွေ မပါစေရ သတ်မှတ်ထားလို့ ကော်မတီကို သံဃာတွေချန်လှပ်ပြီး လူတွေနဲ့ပဲ ပြန်ဖွဲ့စည်းပါ။ နာယကဆရာတော်တွေလည်း မပါစေနဲ့။ သြဝါဒဆရာတော်တွေလည်း မပါစေနဲ့။ ဝါခင်းကုန်း(ဗြဟ္မစိုရ်)ဆရာတော်ကြီးတောင် မပါစေနဲ့လို့ မိန့်တော်မူခဲ့တာကိုထောက်ရင် တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက ပညာရေးကော်မတီနဲ့ ကျောင်းဆောက်လုပ်ရေးကော်မတီ မကွဲဘူးလို့ ပြောရမှာပါ။ ဒကာတော်တို့ထံ တင်ပြထားတာက စာသင်ကျောင်းဆောက်လုပ်ခွင့်ပါ။ ဖွဲ့စည်းထားတဲ့ကော်မတီက စာသင်ကျောင်းဖြစ်မြောက်ရေးကော်မတီပါ။ နာမည်အပြည့်အစုံက “မန်းမဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ကော်မတီ”ပါ။
ကျောင်းဆောင်တစ်ခုဖြစ်မြောက်ဖို့အတွက် ဆရာတော်သံဃာတော်တွေကို သြဝါဒါစရိယနေရာ၊ နာယကဆရာတော်နေရာမှာထားပြီး အမြဲတန်း ဦးထိပ်ထားခဲ့တဲ့ မြန်မာ့အစဉ်အလာတစ်ရပ်အရ ဖွဲ့စည်းခဲ့ကြတာ ထုံးစံပါ။ မင်းကွန်းဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး၊ ဗြဟ္မစိုရ်ဆရာတော်ကြီးတို့လည်း ဒီလိုပဲ ဆောက်လုပ်ခဲ့ကြတာပါ။ ဒီအစဉ်အလာအရ အခုလို ကျောင်းဆောက်လုပ်ရေးကော်မတီကို သံဃာတော်တွေ ဦးထိပ်ထားပြီး ဖွဲ့စည်းခဲ့တာဟာ ဘယ်တည်ဆဲဥပဒေနဲ့ ဆန့်ကျင်နေပါသလဲ။ ဘယ်ညွှန်ကြားလွှာ၊ ဘယ်လုပ်ထုံးလုပ်နည်း၊ ဘယ်စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီမညွတ် ဖြစ်နေပါသလဲ။
ကျောင်းတော်ကြီးဆောက်လုပ်ပြီးစီးသွားတဲ့အခါကျမှ ပညာရေးကော်မတီလိုအပ်တာပါ။ အဲဒီအခါကျမှ အမျိုးသားပညာရေးဥပဒေနဲ့အညီ ပညာရေးကော်မတီ ဖွဲ့စည်းပြီး ပညာရေးဝန်ကြီးဌာနထံ ဖွင့်လှစ်သင်ကြားခွင့် တောင်းရမှာပါ။ စာသင်ကျောင်းဆောင်တောင် မဆောက်ရသေးဘဲ ပညာရေးကော်မတီ ဖွဲ့စရာမလိုသေးပါဘူး။
ဒီလို ကျောင်းဆောက်လုပ်ရေးကော်မတီနဲ့ ပညာရေးကော်မတီကို ကွဲကွဲပြားပြား သိတော်မမူတဲ့ ဆရာတော်ကြီးတွေကို အပူကပ်ပြီး ဝီရသူကို ထိန်းခိုင်းတာဟာ မန္တလေးတိုင်းအစိုးရအနေဖြင့် အစိုးရကောင်းတစ်ရပ် ပြုလုပ်အပ်တဲ့ လုပ်ရပ် ဟုတ် မဟုတ် အလေးအနက် စဉ်းစားဆင်ခြင်သင့်လှပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
8.1.2019