မန္းမေဟာ္သဓာသတင္း

ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ထံ အိတ္ဖြင့္ေပးစာ အမွတ္(၂) – အပိုင္း (၃)

(စာသင္ေက်ာင္းေဆာက္လည္း ၅၀၅-ခ ပဲ ဆုိရင္ေတာ့ ဆယ္ခါျပန္ ေထာင္က်ရဲပါတယ္ဗ်ာ။)

(ဂ)
12.12.2018 ရက္ေန႔၊ မြန္းလြဲပုိင္းမွာ မန္းမေဟာ္သဓာေျမကြက္ရွိရာ ေက်ာက္ေခ်ာရြာသို႔ တုိင္းဥကၠ႒ဆရာေတာ္ႀကီး ၾကြေတာ္မူပါတယ္။ ႀကဳိတင္အသိမေပးဘဲ ေရွာင္တခင္ၾကြလာတာကိုၾကည့္ရင္ ဆရာေတာ္ႀကီးလည္း အဂတိတရားကင္းကင္းနဲ႔ ဓမၼဓိ႒ာန္က်က် အတတ္ႏိုင္ဆံုးေဆာင္ရြက္တာ ထင္ရွားပါတယ္။ အသက္အရြယ္နဲ႔မမွ်ေအာင္ အားထည့္ေဆာင္ရြက္ေတာ္မူျခင္းပါပဲ။ ေရႊဆံႏြယ္ဆရာေတာ္ လွဴတဲ့အကြက္ေရာ၊ ပညာဒါနက်ဴရွင္ေက်ာင္းမွာပါ အေသးစိတ္ေလ့လာပါတယ္။ ဒါေေပမဲ့ဗ်ာ ကၽြမ္းက်င္ရာလိမၼာဆိုသလို သံဃကိစၥဆုိရင္ေတာ့ ဆရာေတာ္ႀကီးက ကၽြမ္းကၽြမ္းက်င္က်င္ဆံုးျဖတ္ႏိုင္မွာေပါ့။ အခုေတာ့ ေျမရာဇဝင္ကို လာေရာက္စံုစမ္းရတာျဖစ္ေနလုိ႔ အခုမွ စလံုးေရစဆိုသလို အစကေန ျပန္ေက်ာ့ရမည့္ပုံစံမ်ဳိးခ်ည္း ျဖစ္သြားတယ္။

ဘိလပ္ေျမစက္ရုံစီမံကိန္းေတြေရာ ဝီရသူေဖာင္ေဒးရွင္းအေၾကာင္းေတြပါ သိလုိရာေမးေတာ္မူပါတယ္။ ဘိလပ္ေျမစီမံကိန္းကို စစ္အစုိးရလက္ထက္မွာ လုပ္ခဲ့တာပါ။ စလုပ္ကတည္းက ေရႊဆံႏြယ္ေျမကြက္မပါပါဘူး။ ေရႊဆံႏြယ္ဆရာေတာ္ပိုင္တဲ့ ေျမကြက္ျဖစ္လုိ႔ ခ်န္ထားခဲ့တာပါ။ တပ္မေတာ္ဘိလပ္ေျမစက္ရုံေျမကြက္ကလည္း ျပင္ဦးလြင္အပုိင္ပါ။ ေက်ာက္ေခ်ာအပိုင္ မဟုတ္ပါဘူး။ မန္းမေဟာ္သဓာရဲ႕ ေတာင္ဘက္ တစ္မိုင္ခန္႔မွာ ရွိပါတယ္။ တန္၂၅၀၀က် တပ္မေတာ္ဘိလပ္ေျမစက္ရုံလို႔ သတ္မွတ္ထားေပမယ့္ စက္ရုံကို လံုးဝ မတည္ျဖစ္ခဲ့ပါဘူး။ စက္ရုံဝင္းရယ္လုိ႔လည္း သတ္သတ္မွတ္မွတ္ မရွိပါဘူး။ မီးတုိင္စုိက္တာ လမ္းေဖာက္တာေလာက္ပဲ လုပ္ခဲ့တာပါ။ ဘိလပ္ေျမစက္ရုံအစား ေက်ာက္ျပားစက္ရုံေသးေသးေလးပဲ ေဆာက္ထားတာေတြ႔ရပါတယ္။ တပ္မေတာ္ဘိလပ္ေျမစက္ရုံ မတည္ျဖစ္သလို က်ားေခါင္းနဲ႔ AAA ပုဂၢလိကဘိလပ္ေျမစက္ရုံေတြလည္း ေက်ာက္ဆည္ၿမဳိ႕သို႔ ေျပာင္းေရႊ႕သြားၾကပါၿပီ။

မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီး တည္ေဆာက္ေတာ့မွာမုိ႔ တပ္မေတာ္ဘိလပ္ေျမစက္ရုံပိုင္ ေျမကြက္ေတြမ်ားျဖစ္ေနမလားဆိုၿပီး စံုစမ္းၾကည့္ပါေသးတယ္။ စက္ရုံမွဴးကိုယ္တုိင္လာၾကည့္သြားၿပီး လြတ္ကင္းေၾကာင္း ေထာက္ခံသြားပါတယ္။ ဒါေပမဲ့ တုိင္းဥကၠ႒ဆရာေတာ္ႀကီးကိုေတာ့ ဘိလပ္ေျမစက္ရုံစီမံကိန္းေျမျဖစ္သလုိလို ၎စီမံကိန္းနဲ႔ မလြတ္သလုိလို ဂ်င္းထည့္ထားၾကဟန္တူပါတယ္။ ဆရာေတာ္ႀကီးကိုယ္တုိင္ လာစံုစမ္းလုိ႔ပါ။ ဒီကိစၥ ေျမယာေကာ္မတီကလည္း အႀကိမ္ႀကိမ္စစ္ေဆးၿပီး ဒကာေတာ္တုိ႔ထံ တင္ျပၿပီးသားဆိုတာ ဒကာေတာ္တုိ႔လည္း အသိဆံုးပါ။
ဆရာေတာ္ႀကီးႏွယ္ ေျမယာေကာ္မတီလုပ္ရမည့္အလုပ္ကို ဆရာေတာ္ႀကီးက ဝင္လုပ္ေနတယ္လုိ႔ ဆရာေတာ္ႀကီးကို အျပစ္မဆုိဝံ့ေပမယ့္ လူအလုပ္ကို ဘုန္းႀကီးလုပ္ခုိင္းတာကိုေတာ့ စက္ဆုပ္မိတာအမွန္ပါ။

တုိင္းဥကၠ႒ဆရာေတာ္ႀကီး ေက်ာက္ေခ်ာရြာမွအျပန္ ၾကားရတာေလးတစ္ခု ရွိပါေသးတယ္။ မစုိးရိမ္သတင္းရပ္ကြက္မွ ျပန္ၾကားရတာပါ။ ဝီရသူကပဲ ပညာေရးကိုဗန္းျပၿပီး ႏိုင္ငံေရးလုပ္ေနသလုိလို အစုိးရကို ႏိုင္ငံေရးအရ တုိက္ခုိက္ခ်င္လို႔ မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီးကို အေဆာက္ျပေနသလိုလို ဆိုတာပါပဲ။ ဂ်င္းထည့္ကၽြမ္းတဲ့ ႏုိင္ငံေရးအသိုင္းအဝိုင္းက ဆရာေတာ္ေတြကို ဂ်င္းထည့္သြားၾကတာေလးပါ။ မန္းေဟာ္သဓာနဲ႔ပတ္သက္ၿပီး ဝီရသူအမည္ကို လံုးဝ မသံုးခဲ့ပါဘူး။ ဦးမ်ဳိးျမင့္ဦးနာမည္နဲ႔တင္ၿပီး ဝါခင္းကုန္းျဗဟၼစိုရ္ဆရာေတာ္ႀကီးရဲ႕ ေထာက္ခံစာနဲ႔ပဲ တင္ခဲ့တာပါ။ စိတ္ရွည္ရွည္နဲ႔ သည္းခံေစာင့္ဆုိင္းခဲ့တာလည္း ၂ ႏွစ္ျပည့္ပါေတာ့မယ္ေနာ္။ ဒါဆိုရင္ ပညာေရးကို အမွန္တကယ္လိုလားလုိ႔ လုပ္တာလား၊ ပညာေရးဗန္းျပၿပီး ႏိုင္ငံေရးလုပ္တာလား ရွင္းေလာက္ပါၿပီေလ။

ေနာက္တစ္ခု ၾကားရေသးတယ္ဗ်။ ေက်ာက္ေခ်ာမွာအေစာင့္ထားတဲ့ ဦးဇင္းေလးႏွစ္ပါးကပဲ ကာလာခ်ိန္းၿပီး ကာရာအိုေကသြားသလုိလုိ အရက္ဘီယာေသာက္စားသလုိလို အပုပ္ခ်တဲ့သတင္းပါ။ မန္းမေဟာ္သဓာမွာ ဦးဇင္းႏွစ္းပါးရွိပါတယ္။ တစ္ပါးက ေဝယ်ာဝစၥအတြက္ပါ။ က်န္တစ္ပါးက ပညာဒါနက်ဴရွင္ေက်ာင္းရဲ႕ ေက်ာင္းအုပ္ဆရာေတာ္ေလးပါ။ ဗုဒၶတကၠသိုလ္မွ MA ဘြဲ႔ရခဲ့သူပါ။ ဒီဦးဇင္းေလးေတြလည္း ဝီရသူကို ဝန္းရံမွပဲ ကာရာအိုေကသမား၊ အရက္သမား လံုးလံုးႀကီးကို ျဖစ္သြားရရွာေတာ့တာပါပဲ။ ဝီရသူကို မၾကည္ျဖဴတာနဲ႔ပဲ ဝီရသူနားကသူေတြကို အရက္သမားျဖစ္ေအာင္ ကာရာအိုေကသမားျဖစ္ေအာင္ ေသြးထုိးလုပ္ႀကံရက္တဲ့ ႏိုင္ငံေရးသမားေတြရဲ႕ နည္းဗ်ဴဟာကေတာ့ သူေတာ္ေကာင္းေတြ ႏွာေခါင္းရႈံ႕စရာပါပဲ။

ဒကာေတာ္တုိ႔ကို သိေစခ်င္တာက ဒကာေတာ္တုိ႔ အားကိုးအားထားျပဳရာ သံဃာ့အဖြဲ႔အစည္းရဲ႕ နာယကဆရာေတာ္ေတြထဲ မာတုဂါမေတြနဲ႔ တစ္မိုးတစ္ရံတည္း တစ္ေဆာင္တည္းမွာ အခန္းဖြဲ႔ၿပီးေနၾကတဲ့ အခ်ဳိ႕ပုဂၢဳိလ္ေတြရွိပါတယ္။ သူတုိ႔တေတြသာ ဂရုကအာပတ္နဲ႔ ၿငိေကာင္းၿငိႏိုင္မယ္။ (နီးစပ္လို႔ပါ)။ မန္းမေဟာ္သဓာဦးဇင္းႏွစ္ပါးကေတာ့ ေက်ာက္ေခ်ာရြာသူရြာသားေတြရဲ႕ ဝန္းရံေစာင့္ေရွာက္မႈေၾကာင့္ ကာရာအိုေကတုိ႔ အရက္တုိ႔ဆိုတာ ရြာနာမည္လား ၿမဳိ႕နာမည္လားလို႔ေတာင္ ျပန္ေမးၾကမည့္ သံဃာေတာ္ေတြ ျဖစ္ပါတယ္။ (၉-၁၀ တန္း တစ္ရာေက်ာ္ကို မနက္ ၆း၀၀ နာရီမွ ည ၁၀း၀၀ နာရီအထိ တာဝန္ယူေစာင့္ေရွာက္ေနတဲ့ ေက်ာင္းအုပ္ဆရာေတာ္ေလးက ဘယ္အခ်ိန္ ကာရာအိုေကသြားမွာလဲဗ်ာ၊ ေက်ာင္းဆရာေတြ ေက်ာင္းသားေတြ ရြာသားေတြနဲ႔ အကာမပါတဲ့ ဓမၼာရုံမွာ အတူေနရတဲ့ ကိုယ္ေတာ္ေလးက ဘယ္လိုအရက္ေသာက္မွာလဲဗ်ာ)။
ေနာက္တစ္ခု ၾကားရေသးတယ္ဗ်။ မစိုးရိမ္ရပ္ဝန္းကလာတဲ့ သတင္းပါပဲ။ ဝါခင္းကုန္းဆရာေတာ္ႀကီးက သတိမေကာင္းေတာ့ဘူး။ ဟိုဟာေမ့ ဒီဟာေမ့ ေမ့တတ္ကုန္ၿပီ။ ဒီလိုအခ်ိန္မွာ ဝီရသူက အခြင့္ေကာင္းယူၿပီး အတင္းအၾကပ္လက္မွတ္ထိုးခိုင္းသလိုလို ႏိုင္ငံေရးသမားေတြ မစိုးရိမ္ထဲ ဂ်င္းလာထည့္သြားတဲ့သတင္းပါ။ ဆရာေတာ္ေတြလည္း အာဏာပိုင္ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနက်ျဖစ္လုိ႔ထင္ပါရဲ႕ ယုံၾကတာပဲဗ်။

မေဟာ္သဓာေက်ာင္းေဆာက္ဖုိ႔ ေျမကြက္ရၿပီဆိုေတာ့ ဝါခင္းကုန္းဆရာေတာ္ႀကီးက ခ်က္ခ်င္းကိုလိုက္ၾကည့္တာပါ။ သေဘာက်သြားၿပီး သိန္း(၅၀) လွဴပါတယ္။ ဒါဟာ ပဏာမပဲ ရွိေသးတယ္။ ေနာက္ထပ္ ထပ္လွဴဦးမယ္လုိ႔လည္း မိန္႔ေတာ္မူပါေသးတယ္။ မေဟာ္သဓာအမ်ဳိးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရးေကာ္မတီကိုလည္း ဝါခင္းကုန္းေက်ာင္းမွာပဲ ဖြဲ႔စည္းခဲ့တာပါ။ ဝါခင္းကုန္းဆရာေတာ္ႀကီးကိုယ္တုိင္ ေက်ာင္းေတာ္ႀကီးျဖစ္ေျမာက္ေအာင္ျမင္ေအာင္ ညီညီညြတ္ညြတ္ ႀကဳိးစားေဆာင္ရြက္ၾကဖုိ႔ ၾသဝါဒေပးခဲ့ပါတယ္။ အလွဴရွင္ေတြကို အမွတ္တရျပန္ေပးတဲ့ ဂုဏ္ျပဳလႊြာမွာလည္း ဝါခင္းကုန္းဆရာေတာ္ႀကီးရဲ႕ ဘြဲ႔ေတာ္ႏွင့္လက္မွတ္(Sign) တံဆိပ္တုံးကိုလည္း ပံုႏွိပ္ထားပါတယ္။ ဒကာေတာ္တုိ႔ထံ တင္တဲ့စာထဲမွာလည္း ဝါခင္းကုန္းဆရာေတာ္ႀကီးရဲ႕ ေထာက္ခံစာ ပါပါတယ္။ ဆရာေတာ္ႀကီးကိုယ္တုိင္ လက္မွတ္ေရးထုိးေပးတာပါ။ လက္ရွိမေဟာ္သဓာေျမကြက္ထဲမွာ ေဆာက္ထားတဲ့ ရွင္းလင္းေဆာင္ဟာလည္း ဝါခင္းကုန္းဆရာေတာ္ႀကီးရဲ႕ ညႊန္ၾကားခ်က္အရ ေဆာက္ထားတဲ့အေဆာင္ေလးပါပဲ။ ပညာဒါနက်ဴရွင္ေက်ာင္းကလည္း ဝါခင္းကုန္းဆရာေတာ္ႀကီး ေဆာက္ခုိင္းတဲ့အေဆာင္ေလးပါပဲ။

ဝါခင္းကုန္းဆရာေတာ္ႀကီးက ပညာေရးလည္းျဖစ္ ပရဟိတလည္းျဖစ္လုိ႔ အလြယ္တကူေဆာက္မိန္႔က်မွာပဲထင္ခဲ့ၿပီး လိုလို္လားလား တက္တက္ၾကြၾကြ ဦးေဆာင္ခဲ့တာပါ။ အခုလို ၾကန္႔ၾကာေနတာကို တအံ့တၾသနဲ႔ စိတ္ထိခုိက္ၿပီး ခဏခဏညည္းေတာ္မူပါတယ္။

ေနာက္ပိုင္း ဒကာေတာ္တုိ႔ NLD အစုိးရက တားျမစ္တာတို႔ ေခၚစစ္တာတုိ႔၊ ဓမၼစကူးလ္ဆရာမကိုပါ ခ်မ္းသာမေပးဘဲ ဆင့္ေခၚလက္မွတ္ထိုးခိုင္းတာတုိ႔ လုပ္လာမွ ဆရာေတာ္ႀကီးက စိတ္ေလွ်ာ့သြားတာပါ။ ဒါကို တုိက္အုပ္ဆရာေတာ္ ဦးေနမိႏၵ အကုန္သိပါတယ္။ ဦးပဥၥင္း ဆရာေတာ္ႀကီးဆီေရာက္တုိင္း ဆရာေတာ္ႀကီးနားမွာ တုိ္က္အုပ္ဆရာေတာ္ဦးေနမိႏၵ အၿမဲရွိပါတယ္။

ဒကာေတာ္တုိ႔ေမးရမွာက ဝါခင္းကုန္းဆရာေတာ္ႀကီး လက္မွတ္ ဟုတ္လား မဟုတ္လားပဲ ေမးရမွာပါ။ ဝါခင္းကုန္းဆရာေတာ္ႀကီး ဦးေဆာင္တာလား ဝီရသူဦးေဆာင္တာလား ေမးစရာမလုိပါဘူး။ ဝါခင္းကုန္းဆရာေတာ္ႀကီး ဦးေဆာင္တာ ဟုတ္ မဟုတ္ စံုစမ္းေနကတည္းက ပုဂၢဳိလ္ေရးျပႆနာဆိုတာ ေသခ်ာသြားပါၿပီ။ ဝန္ခံလုိက္ပါ ဝန္ႀကီးခ်ဳပ္ရာ။

(ဆက္လက္ေဖာ္ျပပါမည္။)
ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
9.1.2019

“ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) – အပိုင်း (၃)”

(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။)

(ဂ)
12.12.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ မန်းမဟော်သဓာမြေကွက်ရှိရာ ကျောက်ချောရွာသို့ တိုင်းဥက္ကဋ္ဌဆရာတော်ကြီး ကြွတော်မူပါတယ်။ ကြိုတင်အသိမပေးဘဲ ရှောင်တခင်ကြွလာတာကိုကြည့်ရင် ဆရာတော်ကြီးလည်း အဂတိတရားကင်းကင်းနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ အတတ်နိုင်ဆုံးဆောင်ရွက်တာ ထင်ရှားပါတယ်။ အသက်အရွယ်နဲ့မမျှအောင် အားထည့်ဆောင်ရွက်တော်မူခြင်းပါပဲ။ ရွှေဆံနွယ်ဆရာတော် လှူတဲ့အကွက်ရော၊ ပညာဒါနကျူရှင်ကျောင်းမှာပါ အသေးစိတ်လေ့လာပါတယ်။ ဒါေပေမဲ့ဗျာ ကျွမ်းကျင်ရာလိမ္မာဆိုသလို သံဃကိစ္စဆိုရင်တော့ ဆရာတော်ကြီးက ကျွမ်းကျွမ်းကျင်ကျင်ဆုံးဖြတ်နိုင်မှာပေါ့။ အခုတော့ မြေရာဇဝင်ကို လာရောက်စုံစမ်းရတာဖြစ်နေလို့ အခုမှ စလုံးရေစဆိုသလို အစကနေ ပြန်ကျော့ရမည့်ပုံစံမျိုးချည်း ဖြစ်သွားတယ်။
ဘိလပ်မြေစက်ရုံစီမံကိန်းတွေရော ဝီရသူဖောင်ဒေးရှင်းအကြောင်းတွေပါ သိလိုရာမေးတော်မူပါတယ်။ ဘိလပ်မြေစီမံကိန်းကို စစ်အစိုးရလက်ထက်မှာ လုပ်ခဲ့တာပါ။ စလုပ်ကတည်းက ရွှေဆံနွယ်မြေကွက်မပါပါဘူး။ ရွှေဆံနွယ်ဆရာတော်ပိုင်တဲ့ မြေကွက်ဖြစ်လို့ ချန်ထားခဲ့တာပါ။ တပ်မတော်ဘိလပ်မြေစက်ရုံမြေကွက်ကလည်း ပြင်ဦးလွင်အပိုင်ပါ။ ကျောက်ချောအပိုင် မဟုတ်ပါဘူး။ မန်းမဟော်သဓာရဲ့ တောင်ဘက် တစ်မိုင်ခန့်မှာ ရှိပါတယ်။ တန်၂၅၀၀ကျ တပ်မတော်ဘိလပ်မြေစက်ရုံလို့ သတ်မှတ်ထားပေမယ့် စက်ရုံကို လုံးဝ မတည်ဖြစ်ခဲ့ပါဘူး။ စက်ရုံဝင်းရယ်လို့လည်း သတ်သတ်မှတ်မှတ် မရှိပါဘူး။ မီးတိုင်စိုက်တာ လမ်းဖောက်တာလောက်ပဲ လုပ်ခဲ့တာပါ။ ဘိလပ်မြေစက်ရုံအစား ကျောက်ပြားစက်ရုံသေးသေးလေးပဲ ဆောက်ထားတာတွေ့ရပါတယ်။ တပ်မတော်ဘိလပ်မြေစက်ရုံ မတည်ဖြစ်သလို ကျားခေါင်းနဲ့ AAA ပုဂ္ဂလိကဘိလပ်မြေစက်ရုံတွေလည်း ကျောက်ဆည်မြို့သို့ ပြောင်းရွှေ့သွားကြပါပြီ။
မန်းမဟော်သဓာကျောင်းတော်ကြီး တည်ဆောက်တော့မှာမို့ တပ်မတော်ဘိလပ်မြေစက်ရုံပိုင် မြေကွက်တွေများဖြစ်နေမလားဆိုပြီး စုံစမ်းကြည့်ပါသေးတယ်။ စက်ရုံမှူးကိုယ်တိုင်လာကြည့်သွားပြီး လွတ်ကင်းကြောင်း ထောက်ခံသွားပါတယ်။ ဒါပေမဲ့ တိုင်းဥက္ကဋ္ဌဆရာတော်ကြီးကိုတော့ ဘိလပ်မြေစက်ရုံစီမံကိန်းမြေဖြစ်သလိုလို ၎င်းစီမံကိန်းနဲ့ မလွတ်သလိုလို ဂျင်းထည့်ထားကြဟန်တူပါတယ်။ ဆရာတော်ကြီးကိုယ်တိုင် လာစုံစမ်းလို့ပါ။ ဒီကိစ္စ မြေယာကော်မတီကလည်း အကြိမ်ကြိမ်စစ်ဆေးပြီး ဒကာတော်တို့ထံ တင်ပြပြီးသားဆိုတာ ဒကာတော်တို့လည်း အသိဆုံးပါ။
ဆရာတော်ကြီးနှယ် မြေယာကော်မတီလုပ်ရမည့်အလုပ်ကို ဆရာတော်ကြီးက ဝင်လုပ်နေတယ်လို့ ဆရာတော်ကြီးကို အပြစ်မဆိုဝံ့ပေမယ့် လူအလုပ်ကို ဘုန်းကြီးလုပ်ခိုင်းတာကိုတော့ စက်ဆုပ်မိတာအမှန်ပါ။
တိုင်းဥက္ကဋ္ဌဆရာတော်ကြီး ကျောက်ချောရွာမှအပြန် ကြားရတာလေးတစ်ခု ရှိပါသေးတယ်။ မစိုးရိမ်သတင်းရပ်ကွက်မှ ပြန်ကြားရတာပါ။ ဝီရသူကပဲ ပညာရေးကိုဗန်းပြပြီး နိုင်ငံရေးလုပ်နေသလိုလို အစိုးရကို နိုင်ငံရေးအရ တိုက်ခိုက်ချင်လို့ မန်းမဟော်သဓာကျောင်းတော်ကြီးကို အဆောက်ပြနေသလိုလို ဆိုတာပါပဲ။ ဂျင်းထည့်ကျွမ်းတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဆရာတော်တွေကို ဂျင်းထည့်သွားကြတာလေးပါ။ မန်းဟော်သဓာနဲ့ပတ်သက်ပြီး ဝီရသူအမည်ကို လုံးဝ မသုံးခဲ့ပါဘူး။ ဦးမျိုးမြင့်ဦးနာမည်နဲ့တင်ပြီး ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီးရဲ့ ထောက်ခံစာနဲ့ပဲ တင်ခဲ့တာပါ။ စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ဆိုင်းခဲ့တာလည်း ၂ နှစ်ပြည့်ပါတော့မယ်နော်။ ဒါဆိုရင် ပညာရေးကို အမှန်တကယ်လိုလားလို့ လုပ်တာလား၊ ပညာရေးဗန်းပြပြီး နိုင်ငံရေးလုပ်တာလား ရှင်းလောက်ပါပြီလေ။
နောက်တစ်ခု ကြားရသေးတယ်ဗျ။ ကျောက်ချောမှာအစောင့်ထားတဲ့ ဦးဇင်းလေးနှစ်ပါးကပဲ ကာလာချိန်းပြီး ကာရာအိုကေသွားသလိုလို အရက်ဘီယာသောက်စားသလိုလို အပုပ်ချတဲ့သတင်းပါ။ မန်းမဟော်သဓာမှာ ဦးဇင်းနှစ်းပါးရှိပါတယ်။ တစ်ပါးက ဝေယျာဝစ္စအတွက်ပါ။ ကျန်တစ်ပါးက ပညာဒါနကျူရှင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာတော်လေးပါ။ ဗုဒ္ဓတက္ကသိုလ်မှ MA ဘွဲ့ရခဲ့သူပါ။ ဒီဦးဇင်းလေးတွေလည်း ဝီရသူကို ဝန်းရံမှပဲ ကာရာအိုကေသမား၊ အရက်သမား လုံးလုံးကြီးကို ဖြစ်သွားရရှာတော့တာပါပဲ။ ဝီရသူကို မကြည်ဖြူတာနဲ့ပဲ ဝီရသူနားကသူတွေကို အရက်သမားဖြစ်အောင် ကာရာအိုကေသမားဖြစ်အောင် သွေးထိုးလုပ်ကြံရက်တဲ့ နိုင်ငံရေးသမားတွေရဲ့ နည်းဗျူဟာကတော့ သူတော်ကောင်းတွေ နှာခေါင်းရှုံ့စရာပါပဲ။
ဒကာတော်တို့ကို သိစေချင်တာက ဒကာတော်တို့ အားကိုးအားထားပြုရာ သံဃာ့အဖွဲ့အစည်းရဲ့ နာယကဆရာတော်တွေထဲ မာတုဂါမတွေနဲ့ တစ်မိုးတစ်ရံတည်း တစ်ဆောင်တည်းမှာ အခန်းဖွဲ့ပြီးနေကြတဲ့ အချို့ပုဂ္ဂိုလ်တွေရှိပါတယ်။ သူတို့တတွေသာ ဂရုကအာပတ်နဲ့ ငြိကောင်းငြိနိုင်မယ်။ (နီးစပ်လို့ပါ)။ မန်းမဟော်သဓာဦးဇင်းနှစ်ပါးကတော့ ကျောက်ချောရွာသူရွာသားတွေရဲ့ ဝန်းရံစောင့်ရှောက်မှုကြောင့် ကာရာအိုကေတို့ အရက်တို့ဆိုတာ ရွာနာမည်လား မြို့နာမည်လားလို့တောင် ပြန်မေးကြမည့် သံဃာတော်တွေ ဖြစ်ပါတယ်။ (၉-၁၀ တန်း တစ်ရာကျော်ကို မနက် ၆း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ တာဝန်ယူစောင့်ရှောက်နေတဲ့ ကျောင်းအုပ်ဆရာတော်လေးက ဘယ်အချိန် ကာရာအိုကေသွားမှာလဲဗျာ၊ ကျောင်းဆရာတွေ ကျောင်းသားတွေ ရွာသားတွေနဲ့ အကာမပါတဲ့ ဓမ္မာရုံမှာ အတူနေရတဲ့ ကိုယ်တော်လေးက ဘယ်လိုအရက်သောက်မှာလဲဗျာ)။
နောက်တစ်ခု ကြားရသေးတယ်ဗျ။ မစိုးရိမ်ရပ်ဝန်းကလာတဲ့ သတင်းပါပဲ။ ဝါခင်းကုန်းဆရာတော်ကြီးက သတိမကောင်းတော့ဘူး။ ဟိုဟာမေ့ ဒီဟာမေ့ မေ့တတ်ကုန်ပြီ။ ဒီလိုအချိန်မှာ ဝီရသူက အခွင့်ကောင်းယူပြီး အတင်းအကြပ်လက်မှတ်ထိုးခိုင်းသလိုလို နိုင်ငံရေးသမားတွေ မစိုးရိမ်ထဲ ဂျင်းလာထည့်သွားတဲ့သတင်းပါ။ ဆရာတော်တွေလည်း အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကျဖြစ်လို့ထင်ပါရဲ့ ယုံကြတာပဲဗျ။
မဟော်သဓာကျောင်းဆောက်ဖို့ မြေကွက်ရပြီဆိုတော့ ဝါခင်းကုန်းဆရာတော်ကြီးက ချက်ချင်းကိုလိုက်ကြည့်တာပါ။ သဘောကျသွားပြီး သိန်း(၅၀) လှူပါတယ်။ ဒါဟာ ပဏာမပဲ ရှိသေးတယ်။ နောက်ထပ် ထပ်လှူဦးမယ်လို့လည်း မိန့်တော်မူပါသေးတယ်။ မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးကော်မတီကိုလည်း ဝါခင်းကုန်းကျောင်းမှာပဲ ဖွဲ့စည်းခဲ့တာပါ။ ဝါခင်းကုန်းဆရာတော်ကြီးကိုယ်တိုင် ကျောင်းတော်ကြီးဖြစ်မြောက်အောင်မြင်အောင် ညီညီညွတ်ညွတ် ကြိုးစားဆောင်ရွက်ကြဖို့ သြဝါဒပေးခဲ့ပါတယ်။ အလှူရှင်တွေကို အမှတ်တရပြန်ပေးတဲ့ ဂုဏ်ပြုလွှွာမှာလည်း ဝါခင်းကုန်းဆရာတော်ကြီးရဲ့ ဘွဲ့တော်နှင့်လက်မှတ်(Sign) တံဆိပ်တုံးကိုလည်း ပုံနှိပ်ထားပါတယ်။ ဒကာတော်တို့ထံ တင်တဲ့စာထဲမှာလည်း ဝါခင်းကုန်းဆရာတော်ကြီးရဲ့ ထောက်ခံစာ ပါပါတယ်။ ဆရာတော်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုးပေးတာပါ။ လက်ရှိမဟော်သဓာမြေကွက်ထဲမှာ ဆောက်ထားတဲ့ ရှင်းလင်းဆောင်ဟာလည်း ဝါခင်းကုန်းဆရာတော်ကြီးရဲ့ ညွှန်ကြားချက်အရ ဆောက်ထားတဲ့အဆောင်လေးပါပဲ။ ပညာဒါနကျူရှင်ကျောင်းကလည်း ဝါခင်းကုန်းဆရာတော်ကြီး ဆောက်ခိုင်းတဲ့အဆောင်လေးပါပဲ။
ဝါခင်းကုန်းဆရာတော်ကြီးက ပညာရေးလည်းဖြစ် ပရဟိတလည်းဖြစ်လို့ အလွယ်တကူဆောက်မိန့်ကျမှာပဲထင်ခဲ့ပြီး လိုလိုလားလား တက်တက်ကြွကြွ ဦးဆောင်ခဲ့တာပါ။ အခုလို ကြန့်ကြာနေတာကို တအံ့တသြနဲ့ စိတ်ထိခိုက်ပြီး ခဏခဏညည်းတော်မူပါတယ်။
နောက်ပိုင်း ဒကာတော်တို့ NLD အစိုးရက တားမြစ်တာတို့ ခေါ်စစ်တာတို့၊ ဓမ္မစကူးလ်ဆရာမကိုပါ ချမ်းသာမပေးဘဲ ဆင့်ခေါ်လက်မှတ်ထိုးခိုင်းတာတို့ လုပ်လာမှ ဆရာတော်ကြီးက စိတ်လျှော့သွားတာပါ။ ဒါကို တိုက်အုပ်ဆရာတော် ဦးနေမိန္ဒ အကုန်သိပါတယ်။ ဦးပဉ္စင်း ဆရာတော်ကြီးဆီရောက်တိုင်း ဆရာတော်ကြီးနားမှာ တိုက်အုပ်ဆရာတော်ဦးနေမိန္ဒ အမြဲရှိပါတယ်။
ဒကာတော်တို့မေးရမှာက ဝါခင်းကုန်းဆရာတော်ကြီး လက်မှတ် ဟုတ်လား မဟုတ်လားပဲ မေးရမှာပါ။ ဝါခင်းကုန်းဆရာတော်ကြီး ဦးဆောင်တာလား ဝီရသူဦးဆောင်တာလား မေးစရာမလိုပါဘူး။ ဝါခင်းကုန်းဆရာတော်ကြီး ဦးဆောင်တာ ဟုတ် မဟုတ် စုံစမ်းနေကတည်းက ပုဂ္ဂိုလ်ရေးပြဿနာဆိုတာ သေချာသွားပါပြီ။ ဝန်ခံလိုက်ပါ ဝန်ကြီးချုပ်ရာ။
(ဆက်လက်ဖော်ပြပါမည်။)
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
9.1.2019