Daily Archives: January 14, 2019
သတင်း
ပြည်တော်ပြန်နေ့ အလှူတော်
ပြာသိုလဆန်း ၈ ရက် (13.1.2019)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။ မစိုးရိမ်တိုက်သစ် နာယကဆရာတော်လေးများဖြစ်ကြတဲ့ အရှင်သူရိယာဘိဝံသ၊ အရှင်ဇနကာဘိဝံသ၊ အရှင်စေတိယာလင်္ကာရာဘိဝံသတို့ ကြွရောက်အားပေးကြပါတယ်။ မုန့်တီဆွမ်းဆက်ကပ်တာပါ။ စာရေးသူ မြစ်ဆုံထောင်မှ လွတ်မြောက်ခြင်း ၇ နှစ်ပြည့်အထိမ်းအမှတ် ဖြစ်ပါတယ်။ ဆွမ်းအလှူရှင်ကတော့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးမြင့်ဇော်+ဒေါ်တင်တင်ဝင်း မိသားစုတို့ ဖြစ်ပါတယ်။ အလှူရှင်များ မလာရောက်နိုင်ပေမယ့် သံဃာတော်များက ပုံမှန်အတိုင်း မေတ္တသုတ်ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ကာ ဆုတောင်းမေတ္တာပို့သပေးကြပါတယ်။ လူ့ပြည်ပြန်ရောက်တာ ၇ ...
သတင်း
နဂါးနီစုဘူးသတင်း
အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (12.1.2019)ရက်နေ့၊ မနက်(၉း၀၀)နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်၊ စာရင်းစစ် ဒေါ်တင်တင်စန်း၊ ဒုတိယအတွင်းရေးမှူး မအိနန္ဒာလွင်တို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်းအသင်းဝင် (၃၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ၊ တစ်သိန်းတန်းအသင်းဝင်(၁၀၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) – အပိုင်း (၄)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) (ဃ) 13.12.2018 ရက်နေ့မှာ မန်းဟော်သဓာ ဗဟိုကော်မတီအဖွဲ့သားများ တိုင်းဥက္ကဋ္ဌဆရာတော်ကြီးထံ ဒုတိယအကြိမ် သွားရောက်သြဝါဒခံခဲ့ပါတယ်။ ဥက္ကဋ္ဌဆရာတော်ကြီးမိန့်တာက “ဆရာတော်ဦးတိက္ခ ရပ်တည်ချက်မြဲပါ့မလား၊ သတိမကောင်းတော့ဘူး၊ မေးရင် မသိဘူး ဖြစ်နေတယ်၊ အဲဒါပြဿနာပဲ” “ရွှေဆံနွယ်ထံမှ ဝီရသူဆီရောက်၊ အဲဒါ ဂွကျတာပဲ” “ဦးတိက္ခ ဦးစီးတည်ထောင်တယ်ဆိုပြီး လက်သီးလက်မောင်းတန်းတာက ဝီရသူဖြစ်နေတယ်။ ကိုယ်ဖြစ်ချင်တာ အေးအေးဆေးဆေးကြံပြီး လုပ်ရမှာ” ဆိုတာတွေပါပဲ။ ဥက္ကဋ္ဌဆရာတော်ကြီးစကားအရ မြေကွက်က ရွှေဆံနွယ်ဆရာတော်ထံမှ ဝါခင်းကုန်းဆရာတော်ကြီးထံရောက်ရင် ပြီးစီးသွားပါပြီ။ ဝါခင်းကုန်းဆရာတော်ထံမရောက်ဘဲ ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) – အပိုင်း (၃)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) (ဂ) 12.12.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ မန်းမဟော်သဓာမြေကွက်ရှိရာ ကျောက်ချောရွာသို့ တိုင်းဥက္ကဋ္ဌဆရာတော်ကြီး ကြွတော်မူပါတယ်။ ကြိုတင်အသိမပေးဘဲ ရှောင်တခင်ကြွလာတာကိုကြည့်ရင် ဆရာတော်ကြီးလည်း အဂတိတရားကင်းကင်းနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ အတတ်နိုင်ဆုံးဆောင်ရွက်တာ ထင်ရှားပါတယ်။ အသက်အရွယ်နဲ့မမျှအောင် အားထည့်ဆောင်ရွက်တော်မူခြင်းပါပဲ။ ရွှေဆံနွယ်ဆရာတော် လှူတဲ့အကွက်ရော၊ ပညာဒါနကျူရှင်ကျောင်းမှာပါ အသေးစိတ်လေ့လာပါတယ်။ ဒါပေမဲ့ဗျာ ကျွမ်းကျင်ရာလိမ္မာဆိုသလို သံဃကိစ္စဆိုရင်တော့ ဆရာတော်ကြီးက ကျွမ်းကျွမ်းကျင်ကျင်ဆုံးဖြတ်နိုင်မှာပေါ့။ အခုတော့ မြေရာဇဝင်ကို လာရောက်စုံစမ်းရတာဖြစ်နေလို့ အခုမှ စလုံးရေစဆိုသလို အစကနေ ပြန်ကျော့ရမည့်ပုံစံမျိုးချည်း ဖြစ်သွားတယ်။ ...