သတင္း

ျပည္ေတာ္ျပန္ေန႔ အလွဴေတာ္

ျပာသုိလဆန္း ၈ ရက္ (13.1.2019)ရက္ေန႔၊ မနက္ ၆း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစုိးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ဆက္ကပ္ပါတယ္။ မစုိးရိမ္တုိက္သစ္ နာယကဆရာေတာ္ေလးမ်ားျဖစ္ၾကတဲ့ အရွင္သူရိယာဘိဝံသ၊ အရွင္ဇနကာဘိဝံသ၊ အရွင္ေစတိယာလကၤာရာဘိဝံသတုိ႔ ၾကြေရာက္အားေပးၾကပါတယ္။

မုန္႔တီဆြမ္းဆက္ကပ္တာပါ။ စာေရးသူ ျမစ္ဆံုေထာင္မွ လြတ္ေျမာက္ျခင္း ၇ ႏွစ္ျပည့္အထိမ္းအမွတ္ ျဖစ္ပါတယ္။ ဆြမ္းအလွဴရွင္ကေတာ့ ရန္ကုန္ၿမဳိ႕၊ သဃၤန္းကၽြန္းၿမဳိ႕နယ္၊ ဦးျမင့္ေဇာ္+ေဒၚတင္တင္ဝင္း မိသားစုတုိ႔ ျဖစ္ပါတယ္။

အလွဴရွင္မ်ား မလာေရာက္ႏိုင္ေပမယ့္ သံဃာေတာ္မ်ားက ပုံမွန္အတုိင္း ေမတၱသုတ္ပရိတ္ေတာ္မ်ား ရြတ္ဖတ္ပူေဇာ္ကာ ဆုေတာင္းေမတၱာပုိ႔သေပးၾကပါတယ္။

လူ႔ျပည္ျပန္ေရာက္တာ ၇ ႏွစ္ရွိပါၿပီ။
စာေရးသူေတာင္ ေမ့ေတ့ေတ့ျဖစ္ေနပါၿပီ။
သတိတရနဲ႔ ဆြမ္းကပ္ေဖာ္ရလုိ႔ ဒကာဒိန္းေဒါင္(ခ) ဦးျမင့္ေဇာ္မိသားစု အခက္အခဲ အၾကပ္အတည္းမွန္သမွ် လြတ္ေျမာက္ပါေစေသာ္…ဝ္။

“ပြည်တော်ပြန်နေ့ အလှူတော်”

ပြာသိုလဆန်း ၈ ရက် (13.1.2019)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။ မစိုးရိမ်တိုက်သစ် နာယကဆရာတော်လေးများဖြစ်ကြတဲ့ အရှင်သူရိယာဘိဝံသ၊ အရှင်ဇနကာဘိဝံသ၊ အရှင်စေတိယာလင်္ကာရာဘိဝံသတို့ ကြွရောက်အားပေးကြပါတယ်။

မုန့်တီဆွမ်းဆက်ကပ်တာပါ။ စာရေးသူ မြစ်ဆုံထောင်မှ လွတ်မြောက်ခြင်း ၇ နှစ်ပြည့်အထိမ်းအမှတ် ဖြစ်ပါတယ်။ ဆွမ်းအလှူရှင်ကတော့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးမြင့်ဇော်+ဒေါ်တင်တင်ဝင်း မိသားစုတို့ ဖြစ်ပါတယ်။

အလှူရှင်များ မလာရောက်နိုင်ပေမယ့် သံဃာတော်များက ပုံမှန်အတိုင်း မေတ္တသုတ်ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ကာ ဆုတောင်းမေတ္တာပို့သပေးကြပါတယ်။

လူ့ပြည်ပြန်ရောက်တာ ၇ နှစ်ရှိပါပြီ။
စာရေးသူတောင် မေ့တေ့တေ့ဖြစ်နေပါပြီ။
သတိတရနဲ့ ဆွမ်းကပ်ဖော်ရလို့ ဒကာဒိန်းဒေါင်(ခ) ဦးမြင့်ဇော်မိသားစု အခက်အခဲ အကြပ်အတည်းမှန်သမျှ လွတ်မြောက်ပါစေသော်…ဝ်။