ဝီရသူဖောင်ဒေးရှင်းသတင်း







ဝီရသူဖောင်ဒေးရှင်း ရေဘေးအလှူတော်”

တော်သလင်းလဆန်း ၁ ရက် (10.9.2018)ရက်နေ့၊ မနက်အစောစာကို မြို့လှမြို့ နတ်တောင်ကျောင်းတိုက်မှာ ဘုဉ်းပေးပါတယ်။ တောင်ငူမြို့သို့ ဆက်လက်ထွက်ခွာပါတယ်။ တောင်ငူမြို့၊ အောင်ဇမ္ဗူကျောင်းတိုက်မှာ နေ့ဆွမ်းဘုဉ်းပေးပါတယ်။ မြို့လှ မဘသ နောင်တော်ညီတော်များ တောင်ငူ မဘသ ညီတော်များနှင့်အတူ ဝီရသူဖောင်ဒေးရှင်းဝိုင်းတော်သားများ ရွာတန်းရှည်ရွာသို့ ထွက်ခွာခဲ့ကြပါတယ်။ ရွာတန်းရှည်ရွာမှာ ခဏနားပြီး ကယ်ဆယ်ရေးရိက္ခာများ ခွဲတမ်းချကြပါတယ်။

နောင်ဘိုရွာ အိမ်ခြေ ၁၃၅ မြောက်ဆင်ရွာလေး အိမ်ခြေ ၇၃ ကျွန်းတောကုန်းရွာ အိမ်ခြေ ၅၅
စုစုပေါင်း ၂၆၃ အိမ်အတွက် တစ်အိမ်ထောင်လျှင် ဆန်လေးပြည်စီ၊ ငွေ ၈၅၀၀ ကျပ်စီ လှူဒါန်းပါတယ်။ ရွာတန်းရှည်မှ စက်လှေဖြင့် နောင်ဘိုရွာသို့ရောက်ရှိပြီး ရွာဘုန်းကြီးကျောင်းမှာ အခမ်းအနားဖြင့် ပေးအပ်လှူဒါန်းပါတယ်။ မြောက်ဆင်ရွာလေးနှင့် ကျွန်းတောကုန်းရွာ ကိုယ်စားလှယ်များလည်း လာရောက်လက်ခံကြပါတယ်။

စာရေးသူကတော့ နမောတဿ ဘုရားရှိခိုး သတိရတိုင်းရွတ်ဆိုဖို့ မနက်တိုင်သည် ညတိုင်သည် အချိန်သတ်သတ်မှတ်မှတ်ထားပြီး စွဲစွဲမြဲမြဲ ရွတ်ပွားကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းစီးဖြန်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ဝီရသူဖောင်ဒေးရှင်းဝိုင်းတော်သားများနှင့်အတူ မန်း မဟော်သဓာဥက္ကဋ္ဌကြီး ဒေါက်တာမြင့်ဦးလည်း လိုက်ပါကူညီပါတယ်။

ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ (မန်း မဘသ အတွင်းရေးမှူးချုပ်)က ဆန်အိတ် ၁၂ အိတ်၊ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း MK ကျောက်မျက်ရတနာမိသားစုက ဆန်အိတ် ၃၀၊ အလှူငွေ ၉၀၃,၀၀၀ ကျပ်၊ မိတ္ထီလာမြို့၊ Famous စားသောက်ဆိုင်မိသားစုက ဆန် ၁ အိတ်၊ ကိုတီကောင်မိသားစုက ၁၅၀,၀၀၀ ကျပ်၊ မစိုးရိမ်တိုက်သစ်၊ စာသင်သားသံဃာများက ၁၉၀,၀၀၀ ကျပ်၊ စာရေးသူက ၁,၀၀၀,၀၀၀ ကျပ် လှူဒါန်းပါတယ်။
၂၆၃×၈၅၀၀=၂,၂၃၅,၅၀၀ ဆန်အိတ်တင်ဖို့ ဒိုင်နာကားငှားခ ၃၀၀၀၀၀ ကျပ်ကို ဝီရသူဖောင်ဒေးရှင်းတည်ထောင်သူ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုက လှူဒါန်းပါတယ်။

ဝီရသူဖောင်ဒေးရှင်းရဲ့ ပွဲဦးထွက် အလှူလေးပါ။ ဆက်လက်ကူညီ ကယ်ဆယ် ထောက်ပံ့ လှူဒါန်းသွားပါမယ်။