သတင္း

အုိးဘိုျပန္သံဃာေတာ္မ်ား စုေပါင္းကံထပ္ပြဲ

ဝါေခါင္လကြယ္ေန႔ (9.9.2018)ရက္ေန႔၊ မနက္ ၁၀း၃၀ နာရီ၊ အမရပူရၿမဳိ႕နယ္၊ စံေရြးရြာ၊ နန္းဦးေက်ာင္းတုိက္မွာ က်င္းပပါတယ္။ရန္ကုန္၊ မႏၲေလး ၿမဳိ႕ႀကီးမ်ားႏွင့္အတူ မိတၳီလာ ေပ်ာ္ဘြယ္ ေညာင္ဦး ေက်ာက္ဆည္ ၿမဳိ႕ေလးမ်ားမွ သံဃာေတာ္မ်ား၊ မ်ဳိးခ်စ္ျပည္သူမ်ား တက္ေရာက္ၾကပါတယ္။

သံဃာ ၆ ပါးကို ၃ ပါးတစ္တြဲစီ ကမၼဝါစာရြတ္ဖတ္ကာ ကံထပ္ေပးၾကပါတယ္။သိမ္ဆင္းေလာင္းအၿပီးမွာ ေန႔ဆြမ္းဆက္ကပ္ပါတယ္။ေန႔လယ္ပိုင္းမွာ ၾသဝါဒခံယူပြဲက်င္းပပါတယ္။ေပ်ာ္ဘြယ္ မဘသဆရာေတာ္ႀကီး ဘဒၵႏၲဝိလာသအမွဴးရွိေသာ ဆရာေတာ္သံဃာေတာ္မ်ားက ၾသဝါဒေပးပါတယ္။တပည့္ေလးေတြ တရားဝင္သကၤန္းဆင္ျမန္းပြဲျဖစ္ပါတယ္။

သကၤန္းျပန္လည္ဆင္ျမန္းဖို႔အတြက္ ၿမဳိ႕နယ္သံဃနာယကအဖြဲ႔မွ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔အထိ စာအဆင့္ဆင့္တင္ရပါတယ္။စာတင္ ခြင့္ေတာင္း မဝတ္ဘဲ ကိုယ္ဘာသာ ကိုယ့္နည္းကိုယ္ဟန္နဲ႔ ဝတ္လုိက္လွ်င္ သံဃနာယကအဖြဲ႔ အသိအမွတ္ အျပဳမခံရလို႔ လုိင္စင္မဲ့ W ရဟန္းေတာ္ေလးေတြ ျဖစ္သြားမွာပါ။ဒါေၾကာင့္ ရဟန္းမဝတ္ခင္ ဖုိးသူေတာ္အဝတ္နဲ႔ တစ္ပတ္ေလာက္ေနၿပီးမွ ခြင့္ေတာင္းေလွ်ာက္ထား ဝတ္ၾကရတာပါ။ တပည့္ေလးမ်ား မင္းဆိုးမင္းညစ္ေဘး ကင္းေဝးစြာျဖင့္ အမ်ဳိးဘာသာ သာသနာအက်ဳိး သယ္ပိုးႏိုင္ၾကပါေစ…။

“အိုးဘိုပြန်သံဃာတော်များ စုပေါင်းကံထပ်ပွဲ”

ဝါခေါင်လကွယ်နေ့ (9.9.2018)ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ အမရပူရမြို့နယ်၊ စံရွေးရွာ၊ နန်းဦးကျောင်းတိုက်မှာ ကျင်းပပါတယ်။ ရန်ကုန်၊ မန္တလေး မြို့ကြီးများနှင့်အတူ မိတ္ထီလာ ပျော်ဘွယ် ညောင်ဦး ကျောက်ဆည် မြို့လေးများမှ သံဃာတော်များ၊ မျိုးချစ်ပြည်သူများ တက်ရောက်ကြပါတယ်။

သံဃာ ၆ ပါးကို ၃ ပါးတစ်တွဲစီ ကမ္မဝါစာရွတ်ဖတ်ကာ ကံထပ်ပေးကြပါတယ်။ သိမ်ဆင်းလောင်းအပြီးမှာ နေ့ဆွမ်းဆက်ကပ်ပါတယ်။ နေ့လယ်ပိုင်းမှာ သြဝါဒခံယူပွဲကျင်းပပါတယ်။
ပျော်ဘွယ် မဘသဆရာတော်ကြီး ဘဒ္ဒန္တဝိလာသအမှူးရှိသော ဆရာတော်သံဃာတော်များက သြဝါဒပေးပါတယ်။ တပည့်လေးတွေ တရားဝင်သင်္ကန်းဆင်မြန်းပွဲဖြစ်ပါတယ်။

သင်္ကန်းပြန်လည်ဆင်မြန်းဖို့အတွက် မြို့နယ်သံဃနာယကအဖွဲ့မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အထိ စာအဆင့်ဆင့်တင်ရပါတယ်။ စာတင် ခွင့်တောင်း မဝတ်ဘဲ ကိုယ်ဘာသာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဝတ်လိုက်လျှင် သံဃနာယကအဖွဲ့ အသိအမှတ် အပြုမခံရလို့ လိုင်စင်မဲ့ W ရဟန်းတော်လေးတွေ ဖြစ်သွားမှာပါ။ ဒါကြောင့် ရဟန်းမဝတ်ခင် ဖိုးသူတော်အဝတ်နဲ့ တစ်ပတ်လောက်နေပြီးမှ ခွင့်တောင်းလျှောက်ထား ဝတ်ကြရတာပါ။

တပည့်လေးများ မင်းဆိုးမင်းညစ်ဘေး ကင်းဝေးစွာဖြင့် အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးနိုင်ကြပါစေ…။