နဂါးနီစုဘူးသတင္း

နဂါးနီစုဘူးေအာင္ျမင္မႈ

1.9.2013 ေန႔မွာ တည္ေထာင္ခဲ့ပါတယ္။စုဘူးေပါင္း (၇)ဘူးပါ။စုိက္ထူေပးခဲ့တဲ့ ေငြပင္ေငြရင္းကေတာ့ သိန္း (၄၀၀)ေက်ာ္ပါတယ္။စာေရးသူက ၃၉,၄၇၅,၀၀၀ က်ပ္ပါ။အလွဴရွင္မ်ား အလွဴေငြက ၃,၇၆၅,၀၀၀ က်ပ္ပါ။14.8.2018 ရက္ေန႔အထိ အျမတ္ေငြေပါင္း ၁၀,၉၇၃၇,၅၀၀ ရွိပါၿပီ။
၎အျမတ္ေငြထဲမွ က်န္းမာေရး၊ နာေရး၊ သဘာဝေဘး ေထာက္ပံ့ေငြ ၁၀,၈၆၇,၀၀၀ က်ပ္ပါ။စုဘူးအသင္းဝင္ေပါင္း ၅၅၃ ဦးရွိပါၿပီ။

အသင္းဝင္မ်ားရဲ႕ က်န္းမာေရးအတြက္၊ အသင္းဝင္မ်ားမိသားစုရဲ႕ နာေရးအတြက္၊ အသင္းဝင္မ်ား၏ သားသမီးမ်ားအတြက္ ပညာေရး ေထာက္ပံ့ႏိုင္ခဲ့ပါတယ္။ဆင္းရဲသူဆင္းရဲသား အေျခခံလူတန္းစားျပည္သူမ်ားရဲ႕ ရင္ထဲမွာ ဘုရားသာသနာေရာက္ေအာင္ ျပဳေပးႏုိင္ခဲ့ပါၿပီ။

နဂါးနီစုဘူးလည္ပတ္ပံုမွာလူ ၅၀ အား ငါးေသာင္းက်ပ္စီ၊ သိန္းအစိတ္ ထုတ္ေပးပါတယ္။တစ္ရက္ ၁,၀၀၀ က်ပ္ စုရပါတယ္။၅၅ ရက္ျပည့္လွ်င္ ေနာက္တစ္ႀကိမ္ လုပ္ကိုင္စားေသာက္ဖုိ႔အတြက္ အရင္းအႏွီး ၅၀၀၀၀ က်ပ္ ထပ္မံထုတ္ေပးပါတယ္။သံုးႀကိမ္ျပည့္လွ်င္ တစ္သိန္းက်ပ္ ထုတ္ေပးပါတယ္။တစ္ရက္ ၂,၀၀၀ က်ပ္ စုရပါတယ္။သံုးႀကိမ္ျပည့္လွ်င္ ၁၅၀,၀၀၀ က်ပ္ ထုတ္ေပးပါတယ္။၎ေနာက္ ႏွစ္သိန္းအထိ ထုတ္ေပးပါတယ္။သံုးသိန္းအထိ ထုတ္ေပးဖုိ႔ ရည္ရြယ္ေသာ္လည္း ေလာေလာဆယ္ေတာ့ ႏွစ္သိန္းေတာင္ အႏိုင္ႏုိင္စုေနၾကရပါတယ္။

အျမတ္ေငြထဲမွ ေလးဆယ္ရာခုိင္ႏႈန္းကို က်န္းမာေရး၊ နာေရး၊ ပညာေရး၊ သဘာဝေဘးအတြက္ ျပန္လည္ေထာက္ပံ့ပါတယ္။၆၀ ရာခုိင္ႏႈန္းကိုေတာ့ ဘဝတူ ျပည္သူေတြအတြက္ ျပန္လည္ရင္းႏွီးျမဳပ္ႏွံေပးပါတယ္။

အေအာင္ျမင္ဆံုး စုဘူးႏွစ္ဘူးကေတာ့ အမွတ္(၁)စုုဘူး ျပည္ႀကီးတံခြန္ၿမဳိ႕နယ္၊ ဆရပ္ကြက္၊ သိန္း (၁၀၀)ထုတ္ေပးထားတာ ငါးႏွစ္အတြင္းမွာပဲ အျမတ္ေသြ သိန္းေပါင္း (၃၄၄)သိန္းေက်ာ္ ဆုေဆာင္းႏိုင္ခဲ့ပါၿပီ။အသင္းဝင္ေပါင္း ၂၇၃ ဦးပါ။အမွတ္(၂)စုဘူး၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မာလကာၿခံရပ္ကြက္၊ (၅၇)သိန္းေက်ာ္ ထုတ္ေပးထားတာ ငါးႏွစ္အတြင္းမွာပဲ အျမတ္ေငြ သိန္းေပါင္း (၂၃၂)ေက်ာ္ စုေဆာင္းႏိုင္ခဲ့ပါၿပီး။အသင္းဝင္ေပါင္း ၇၇ ဦးပါ။

အမ်ဳိးဂုဏ္ဇာတိဂုဏ္ ျမင့္မားေစလိုသူမ်ား၊ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်လိုသူမ်ား၊ လူသားခ်င္းစာနာလုိသူမ်ား၊ ဆင္းရဲသားတုိ႔ရင္ထဲမွာ ဘုရားတည္ေပးလိုသူမ်ားကို ဖိတ္ေခၚပါတယ္။

“နဂါးနီစုဘူးအောင်မြင်မှု”

1.9.2013 နေ့မှာ တည်ထောင်ခဲ့ပါတယ်။ စုဘူးပေါင်း (၇)ဘူးပါ။ စိုက်ထူပေးခဲ့တဲ့ ငွေပင်ငွေရင်းကတော့ သိန်း (၄၀၀)ကျော်ပါတယ်။ စာရေးသူက ၃၉,၄၇၅,၀၀၀ ကျပ်ပါ။ အလှူရှင်များ အလှူငွေက ၃,၇၆၅,၀၀၀ ကျပ်ပါ။ 14.8.2018 ရက်နေ့အထိ အမြတ်ငွေပေါင်း ၁၀,၉၇၃၇,၅၀၀ ရှိပါပြီ။

၎င်းအမြတ်ငွေထဲမှ ကျန်းမာရေး၊ နာရေး၊ သဘာဝဘေး ထောက်ပံ့ငွေ ၁၀,၈၆၇,၀၀၀ ကျပ်ပါ။
စုဘူးအသင်းဝင်ပေါင်း ၅၅၃ ဦးရှိပါပြီ။

အသင်းဝင်များရဲ့ ကျန်းမာရေးအတွက်၊ အသင်းဝင်များမိသားစုရဲ့ နာရေးအတွက်၊ အသင်းဝင်များ၏ သားသမီးများအတွက် ပညာရေး ထောက်ပံ့နိုင်ခဲ့ပါတယ်။ ဆင်းရဲသူဆင်းရဲသား အခြေခံလူတန်းစားပြည်သူများရဲ့ ရင်ထဲမှာ ဘုရားသာသနာရောက်အောင် ပြုပေးနိုင်ခဲ့ပါပြီ။

နဂါးနီစုဘူးလည်ပတ်ပုံမှာ လူ ၅၀ အား ငါးသောင်းကျပ်စီ၊ သိန်းအစိတ် ထုတ်ပေးပါတယ်။
တစ်ရက် ၁,၀၀၀ ကျပ် စုရပါတယ်။ ၅၅ ရက်ပြည့်လျှင် နောက်တစ်ကြိမ် လုပ်ကိုင်စားသောက်ဖို့အတွက် အရင်းအနှီး ၅၀၀၀၀ ကျပ် ထပ်မံထုတ်ပေးပါတယ်။ သုံးကြိမ်ပြည့်လျှင် တစ်သိန်းကျပ် ထုတ်ပေးပါတယ်။ တစ်ရက် ၂,၀၀၀ ကျပ် စုရပါတယ်။ သုံးကြိမ်ပြည့်လျှင် ၁၅၀,၀၀၀ ကျပ် ထုတ်ပေးပါတယ်။ ၎င်းနောက် နှစ်သိန်းအထိ ထုတ်ပေးပါတယ်။ သုံးသိန်းအထိ ထုတ်ပေးဖို့ ရည်ရွယ်သော်လည်း လောလောဆယ်တော့ နှစ်သိန်းတောင် အနိုင်နိုင်စုနေကြရပါတယ်။

အမြတ်ငွေထဲမှ လေးဆယ်ရာခိုင်နှုန်းကို ကျန်းမာရေး၊ နာရေး၊ ပညာရေး၊ သဘာဝဘေးအတွက် ပြန်လည်ထောက်ပံ့ပါတယ်။ ၆၀ ရာခိုင်နှုန်းကိုတော့ ဘဝတူ ပြည်သူတွေအတွက် ပြန်လည်ရင်းနှီးမြုပ်နှံပေးပါတယ်။

အအောင်မြင်ဆုံး စုဘူးနှစ်ဘူးကတော့ အမှတ်(၁)စုဘူး ပြည်ကြီးတံခွန်မြို့နယ်၊ ဆရပ်ကွက်၊ သိန်း (၁၀၀)ထုတ်ပေးထားတာ ငါးနှစ်အတွင်းမှာပဲ အမြတ်သွေ သိန်းပေါင်း (၃၄၄)သိန်းကျော် ဆုဆောင်းနိုင်ခဲ့ပါပြီ။ အသင်းဝင်ပေါင်း ၂၇၃ ဦးပါ။ အမှတ်(၂)စုဘူး၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်၊ (၅၇)သိန်းကျော် ထုတ်ပေးထားတာ ငါးနှစ်အတွင်းမှာပဲ အမြတ်ငွေ သိန်းပေါင်း (၂၃၂)ကျော် စုဆောင်းနိုင်ခဲ့ပါပြီး။ အသင်းဝင်ပေါင်း ၇၇ ဦးပါ။

အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားစေလိုသူများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချလိုသူများ၊ လူသားချင်းစာနာလိုသူများ၊ ဆင်းရဲသားတို့ရင်ထဲမှာ ဘုရားတည်ပေးလိုသူများကို ဖိတ်ခေါ်ပါတယ်။