သတင်း




“မစိုးရိမ်တိုက်သစ် ကျောင်းဆောင်သစ် ပန္နက်တင်ပွဲ”

ပြာသိုလဆန်း ၇ ရက် (12.1.2019)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မကာမကျောင်းဆောင်မှာ ကျင်းပပါတယ်။ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်အပြီးမှာ ပန္နက်တင်ပွဲ ကျင်းပတာပါ။

ဓမ္မကာမဆွမ်းစားကျောင်းနေရာမှာ အစားထိုးဆောက်လုပ်တာပါ။ ဓမ္မကာမ အမှတ်(၂)ကျောင်းဆောင် အမည်တပ်ထားပြီး သုံးထပ်ကျောင်းဆောက်လုပ်မှာလို့ သိရပါတယ်။
ဓမ္မကာမကျောင်းနာယကဆရာတော်ကတော့ အရှင်ခန္တီစာရာဘိဝံသ ဖြစ်ပါတယ်။
ကျောင်းဒါယကာ ဒါယိကာမများကတော့ စုပေါင်းအလှူရှင်များ ဖြစ်ပါတယ်။