သတင်း

ဝါကျွတ် ပူဇော်ပွဲ

သီတင်းကျွတ်လဆုတ် (၄)ရက်၊ (9.10.2017)ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီ၊ ရန်ကုန်တိုင်း၊ ဒဂုံ တောင်ပိုင်းမြို့နယ်၊ ရွှေရတုတိပိဋကမော်ကျွန်းဆရာတော်သီတင်းသုံးရာ နိကာယ်ပရိယတ္တိစာသင်တိုက်မှာ ကျင်းပပါတယ်။

ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ရန်ကုန်)မှ ပွင့်လင်းဆရာတော် ဦးပညိန္ဒနှင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ သံဃာတော်များ၊ မော်လမြိုင်ကျွန်မြို့နှင့် ရန်ကုန်တိုင်း မြို့နယ်စုံမှ အမျိုးသားရေးသွေးချင်းများ တက်ရောက်ကြပါတယ်။
ကိုတမာ (ဝီရသွေး)မှ အခမ်းအနားကျင်းပရခြင်းအကြောင်း၊ ဦးဇော်ဝင်း(ဥက္ကလာပမင်းကြီး)မှ အမှာစကားပြောကြားခြင်း၊ သံဃာတော်များအား လှူဖွယ်များ ဆက်ကပ်ခြင်း၊ ဝီရသွေး နာယကဆရာတော် အရှင်တေဇဝန္တမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ဆရာတော်ဦးဝီရသူနှင့် ပွင့်လင်းဆရာတော်တို့က သြဝါဒတရား ဟောကြားခြင်း တို့ဖြင့် အခမ်းအနားကို တစ်နာရီကျော်ကြာ ကျင်းပခဲ့ပါတယ်။

ရန်ကုန်တိုင်း မြို့နယ်စုံမှ We Love Wirathu လက်မှတ်ကမ်ပိန်း ကျင်းပတဲ့အဖွဲ့ပေါင်းစုံက ကောက်ခံရရှိထားတဲ့ လက်မှတ်ထိုးဇယားများကို လှူဖွယ်များနှင့်အတူ ဆက်ကပ်ခဲ့ကြပါတယ်။ အမျိုးသားရေးအဆိုတော် ငြိမ်းချမ်း၊ လင်းထိုက်နှင့် ကလေးအဆိုတော် သဒ္ဒါနန်းထိုက်တို့ကလည်း အမျိုးသားရေးတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေကြပါတယ်။

တောင်ဒဂုံ ဓမ္မစကူးလ်မှ ဆရာမများနှင့် ကျောင်းသူကျောင်းသားလေးများကလည်း ဓမ္မစကူးလ်သီချင်းများဖြင့် သရုပ်ဖော် ဧည့်ခံကြပါတယ်။ အခမ်းအနားမှာ နဝကမ္မများလှူဒါန်းသြသလို ရခိုင်ပြည်သူတွေအတွက်လည်း လှူဒါန်းကြပါတယ်။