သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ် (၁၅)

၂၀၁၇ ခု၊ ဇူလိုင်လ ၁၃ ရက်၊ ညနေပိုင်းမှာ အလယ်သံကျော်ရွာသို့ ရောက်ရှိခဲ့ပါတယ်။ အလယ်သံကျော်ရွာဆိုတာ ၁၉၄၂ ခုနှစ်က ရခိုင်တိုင်းရင်းသားတွေ လူမျိုးသုဉ်းသတ်ဖြတ်ခံခဲ့ရတဲ့ ရွာကြီးပေါ့။ အခု နောက်ဆုံးအရေးအခင်းမှာလည်း လဝက အရာရှိတစ်ဦး အသတ်ခံခဲ့ရတဲ့ ရွာကြကီးပါ။

တစ်အိမ်တည်းမှာ လူဦးရေ (၈၃)ဦးရှိတဲ့ ဦးမျိုးအောင်မိသားစုနေထိုင်ရာ ရွာကြီးပါ။ ဘင်္ဂလီ ဦးမျိုအောင်ရယ်၊ မယား လေးဦးရယ်၊ သားသမီးတွေရယ်၊ မြေးမြစ်တွေရယ် စုစုပေါင်း တစ်အိမ်တည်းမှာ (၈၃)ဦး နေထိုင်ကြပါတယ်။ အလယ်သံကျော်ရွာကြီးမှာ အိမ်ခြေတစ်ထောင်ကျော်ရှိပေမယ့် ဝန်ထမ်းအပါအဝင် တိုင်းရင်းသား/သူအိမ်က ၃၂ အိမ်ပဲ ရှိပါတယ်။ 

ကျောင်းထိုင်ဆရာတော်ကြီးကို ဖူးမြော်ဂါရဝပြုပြီး ရွာသူရွာသားတွေကို အားပေးစကားပြောခဲ့ပါတယ်။ ညနေစောင်းလည်းဖြစ် နောက်တစ်ရွာလည်းကူးစရာရှိသေးတာကြောင့် ခဏတစ်ဖြုတ်ပဲ ပြောကြားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလခရီးစဉ်တုန်းက လေဖြတ်နေတဲ့ အမျိုးသမီးတစ်ဦးကို ရန်ုကုန်ခေါ်ပြီး ဆေးကုပေးထားပါတယ်။ အခုတော့ တော်တော်လေးတိုးတက်လာပါပြီ။ ရန်ကုန် မဘသ ဆရာတော် ဦးကလျာဏ ဦးစီးပြီး မဘသ ဆရာတော်များ အထောက်အပံ့နဲ့ စောင့်ရှောက်ကုသပေးနေတာပါ။