Daily Archives: October 9, 2017

သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ် (၁၅)

၂၀၁၇ ခု၊ ဇူလိုင်လ ၁၃ ရက်၊ ညနေပိုင်းမှာ အလယ်သံကျော်ရွာသို့ ရောက်ရှိခဲ့ပါတယ်။ အလယ်သံကျော်ရွာဆိုတာ ၁၉၄၂ ခုနှစ်က ရခိုင်တိုင်းရင်းသားတွေ လူမျိုးသုဉ်းသတ်ဖြတ်ခံခဲ့ရတဲ့ ရွာကြီးပေါ့။ အခု နောက်ဆုံးအရေးအခင်းမှာလည်း လဝက အရာရှိတစ်ဦး အသတ်ခံခဲ့ရတဲ့ ရွာကြကီးပါ။ တစ်အိမ်တည်းမှာ လူဦးရေ (၈၃)ဦးရှိတဲ့ ဦးမျိုးအောင်မိသားစုနေထိုင်ရာ ရွာကြီးပါ။ ဘင်္ဂလီ ဦးမျိုအောင်ရယ်၊ မယား လေးဦးရယ်၊ သားသမီးတွေရယ်၊ မြေးမြစ်တွေရယ် စုစုပေါင်း တစ်အိမ်တည်းမှာ (၈၃)ဦး နေထိုင်ကြပါတယ်။ အလယ်သံကျော်ရွာကြီးမှာ အိမ်ခြေတစ်ထောင်ကျော်ရှိပေမယ့် ဝန်ထမ်းအပါအဝင် တိုင်းရင်းသား/သူအိမ်က ၃၂ အိမ်ပဲ ရှိပါတယ်။  ကျောင်းထိုင်ဆရာတော်ကြီးကို ဖူးမြော်ဂါရဝပြုပြီး ...
သတင်း

အကောင့်တုနဲ့ ဝိုင်းဆဲနေကြတယ်

အကောင့်တုနဲ့ ဝိုင်းဆဲနေကြတယ်။ ဘယ်တုန်းက ဟာတွေလည်း မသိ။ ဘာကောင်တွေမှန်းလည်းမသိ။ ဒီနည်းတွေကို ဘယ်သူတွေ ယုံကြသလဲမသိ။ ဝီရသူ ( မစိုးရိမ် ) 8.10.2017 pm 8:23 —————————– ​ဗုဒ္ဓဘာသာတိုင်းပြည်​မှာ ဝီရသူလိုရဟန်းယုတ်​​တွေ​ကြောင့်​ သာသနာပျက်​​တော့မှာပဲ မဟန၊သာဝန်​ မျက်​နှာလွှဲမ​နေကြပါနဲ့။
သတင်း

ဘုရားကု ကုခြင်းပါပဲ

ဘုရားကု ကုခြင်းပါပဲ။ ကောင်းပါတယ်။ ဒီအတွက် ပြည်သူတွေက ဘာတွေပေးဆပ်ရဦးမှာလဲ? အခွင့်ရေးတွေကို ပါတီက မျက်နှာနာလို့လိုက်လျောလိုက်ရတဲ့အခါ နစ်နာမှာက ပြည်သူနော်။ ဘယ်သူမဆို အကျိုးအမြတ်မရှိရင် မလုပ်ဘူး။ သူတို့တတွေပိုဆိုးတယ်။ ဝီရသူ( မစိုးရိမ်) 8.10.2017 pm 7;31 ———————– အလားတူ ဘာသာပေါင်းစုံဆုတောင်းပွဲတွေကို မန္တလေးမြို့မှာလည်း NLD ပါတီက ဦးဆောင်ပြီး လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်သလို အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ https://m.facebook.com/story.php…
ဂျာနယ်သတင်းအင်တာဗျူး

အမျိုးသားရေးဝါဒဘက်ကနေ တစ်ဆံခြည်မျှင်မှ ပြောင်းမသွားဘူး (၁)

မေး – အရှင်ဘုရား မင်္ဂလာပါဘုရား။ ပထမဆုံးအနေနဲ့ အသစ်ထွက်ရှိမယ့် မြန်မာ့ဥဒါန်းဂျာနယ်အတွက် နုတ်ခွန်းဆက် သြ၀ါဒစကားလေး ချီးမြှင့်ပေးပါဦးဘုရား။ ဖြေ – ဥဒါန်းဆိုတာကတော့ ရင်ထဲမှာ သိမ်းဆည်းထားလို့ မရနိုင်တဲ့ ပျော်ရွှင်မှုတွေကိုဖွင့်ထုတ်လိုက်တဲ့ အရာပေါ့နော်။ အဲတော့ မြန်မာ့ဥဒါန်းဟာလည်းပဲ မြန်မာပြည်နဲ့ပတ်သက်တဲ့ မြန်မာ့အရေးတွေကို ရင်ထဲမှာ ချန်လှပ်မထားဘဲနဲ့ တိုင်းသိပြည်သိ ကမ္ဘာသိအောင် ဖွင့်အံပြသမယ့် ဂျာနယ်တစ်စောင်ဖြစ်တယ်။ အဲဒီလို မြန်မာ့ဥဒါန်းဆိုတဲ့အမည်နဲ့လိုက်ဖက်အောင် ပြည်သူလူထုကို အမြဲတမ်း ဖွင့်အံပြသနိုင်တဲ့ ဂျာနယ်တစ်စောင်ဖြစ်ပါစေလို့ ဆုတောင်းပတ္ထနာပြုလိုက်ပါတယ်။ မေး – မိတ္ထီလာက ဘင်္ဂါလီဆန့်ကျင်ရှုတ်ချပွဲမှာ အရှင်ဘုရားရဲ့ ...
သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ် (၁၄)

ဇူလိုင်လ (၂၃)ရက်နေ့ ညနေပိုင်းမှာ မောရဝတီရွာသို့ ရောက်ရှိခဲ့ပါတယ်။ မောရဝတီဆိုတာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တောင်ပိုင်းမှာ တည်ရှိတဲ့ ရခိုင်ရွာလေးပါ။ မူလအိမ်ထောင်စု ၁၁၆ စုရှိပြီး ဘင်္ဂလာဒေ့ရှ်မှ ပြောင်းလာသူ၊ မောင်တောမြို့နယ်အတွင်းမှာပဲ ရပ်တည်လို့မရနိုင်လောက်အောင် အခက်အခဲတွေ့လို့ ပြောင်းလာသူ၊ လုံခြုံရေးစိတ်မချရလို့ ပြောင်းလာသူ အာလုံးပေါင်း အိမ်ထောင်စု ၂၂ စု ရှိပါတယ်။ သူတို့တွေအတွက် အိမ်အကွက်လေးတွေရိုက်ပေးထားတာ တွေ့ရပါတယ်။ ကလေးလည်းပေါ ဆိတ်လည်းပေါတဲ့ရွာပေါ့။ စာသင်ကျောင်းအပြင်ဘက်မှာ ကလေးတွေများသလို စာသင်ကျောင်းခေါင်မိုးပေါ်မှာ ဆိတ်တွေပြေးလွှားနေကြပါတယ်။ ရွာသူရွာသားတွေကတော့ တစ်ပြုံးပြုံး တစ်ပျော်ပျော်ပါပဲ။ ရန်ကုန် မဘသ ဆရာတော် ဦးဇယန္တ က ...
သတင်း

ထိုင်ဝမ်ဆရာတော်များ အလှူတော်

သီတင်းကျွတ်လပြည့်ကျော် (၂)ရက်၊ (7.10.2017)ရက်နေ့၊ မနက် (၉း၀၀)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဟိဒ္ဓိကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှာ ကျင်းပပါတယ်။ ထိုင်ဝမ် ထောင်ယွမ်းလုံထန်ကွမ်ကျောက် ဘုရားကျောင်းဆရာတော်ကြီးနှင့် တပည့် ဒကာ ဒကာမများ စုပေါင်းကုသိုလ်ဖြစ်ပါတယ်။ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ အမှူးပြုသော မစိုးရိမ်တိုက်ကြီး၊ မစိုးရိမ်တိုက်သစ်များမှ နာယကဆရာတော်များ၊ စာချ စာသင်သံဃာတော်များ ကြွရောက်ကြပါတယ်။ ထိုင်ဝမ်ဆရာတော်ကြီးနှင့် မဟာနာယကဆရာတော်တို့က နှုတ်ဆက်စကား မိတ်ဆက်စကား ပြောကြားပြီး ငါးပါးသီလတရား ချီးမြှင့်ကာ ရေစက်ချအမျှဝေပြီးသကာလ နေ့ဆွမ်းကပ် လှူဖွယ်ဝတ္ထုလောင်းလှူကြပါတယ်။ ပင့်သံဃာအားလုံး လှူရံ ခြင်းတစ်ခြင်းနှင့် နဝကမ္မများ အသီးသီး ...