သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ် (၁၄)

ဇူလိုင်လ (၂၃)ရက်နေ့ ညနေပိုင်းမှာ မောရဝတီရွာသို့ ရောက်ရှိခဲ့ပါတယ်။ မောရဝတီဆိုတာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တောင်ပိုင်းမှာ တည်ရှိတဲ့ ရခိုင်ရွာလေးပါ။

မူလအိမ်ထောင်စု ၁၁၆ စုရှိပြီး ဘင်္ဂလာဒေ့ရှ်မှ ပြောင်းလာသူ၊ မောင်တောမြို့နယ်အတွင်းမှာပဲ ရပ်တည်လို့မရနိုင်လောက်အောင် အခက်အခဲတွေ့လို့ ပြောင်းလာသူ၊ လုံခြုံရေးစိတ်မချရလို့ ပြောင်းလာသူ အာလုံးပေါင်း အိမ်ထောင်စု ၂၂ စု ရှိပါတယ်။
သူတို့တွေအတွက် အိမ်အကွက်လေးတွေရိုက်ပေးထားတာ တွေ့ရပါတယ်။

ကလေးလည်းပေါ ဆိတ်လည်းပေါတဲ့ရွာပေါ့။ စာသင်ကျောင်းအပြင်ဘက်မှာ ကလေးတွေများသလို စာသင်ကျောင်းခေါင်မိုးပေါ်မှာ ဆိတ်တွေပြေးလွှားနေကြပါတယ်။

ရွာသူရွာသားတွေကတော့ တစ်ပြုံးပြုံး တစ်ပျော်ပျော်ပါပဲ။ ရန်ကုန် မဘသ ဆရာတော် ဦးဇယန္တ က ကစားစရာလေးတွေ ပြလိုက် ရယ်စရာမောစရာတွေ ပြောလိုက်နှင့် ပွဲကျနေကြသလို ဒေါက်တာအရှင်ဥတ္တမသီရိ အဟောအပြောကောင်းလို့လည်း လက်ခုပ်သံတွေ မြိုင်နေတော့တာပါ။

အခမ်းအနားပြီးလို့ ပြန်အထွက်မှာတော့ ဘင်္ဂလီရွာတွေမှာ တာဝန်ကျတဲ့ ဆရာမတွေပြန်လာတာနဲ့ ကြုံခဲ့ပါတယ်။ ကုလားအန္တရာယ်ကြောင့် အဖွဲ့လိုက်သွား အဖွဲ့လိုက်ပြန်ရတာပါ။