ဂျာနယ်သတင်းအင်တာဗျူး

အမျိုးသားရေးဝါဒဘက်ကနေ တစ်ဆံခြည်မျှင်မှ ပြောင်းမသွားဘူး (၁)

မေး – အရှင်ဘုရား မင်္ဂလာပါဘုရား။ ပထမဆုံးအနေနဲ့ အသစ်ထွက်ရှိမယ့် မြန်မာ့ဥဒါန်းဂျာနယ်အတွက် နုတ်ခွန်းဆက် သြ၀ါဒစကားလေး ချီးမြှင့်ပေးပါဦးဘုရား။
ဖြေ – ဥဒါန်းဆိုတာကတော့ ရင်ထဲမှာ သိမ်းဆည်းထားလို့ မရနိုင်တဲ့ ပျော်ရွှင်မှုတွေကိုဖွင့်ထုတ်လိုက်တဲ့ အရာပေါ့နော်။ အဲတော့ မြန်မာ့ဥဒါန်းဟာလည်းပဲ
မြန်မာပြည်နဲ့ပတ်သက်တဲ့ မြန်မာ့အရေးတွေကို ရင်ထဲမှာ ချန်လှပ်မထားဘဲနဲ့ တိုင်းသိပြည်သိ ကမ္ဘာသိအောင် ဖွင့်အံပြသမယ့် ဂျာနယ်တစ်စောင်ဖြစ်တယ်။
အဲဒီလို မြန်မာ့ဥဒါန်းဆိုတဲ့အမည်နဲ့လိုက်ဖက်အောင် ပြည်သူလူထုကို အမြဲတမ်း ဖွင့်အံပြသနိုင်တဲ့ ဂျာနယ်တစ်စောင်ဖြစ်ပါစေလို့ ဆုတောင်းပတ္ထနာပြုလိုက်ပါတယ်။

မေး – မိတ္ထီလာက ဘင်္ဂါလီဆန့်ကျင်ရှုတ်ချပွဲမှာ အရှင်ဘုရားရဲ့ သ၀ဏ်လွှာကို ဖတ်ကြားတာနဲ့ပတ်သက်ပြီး ပွဲမိန့်ရစဉ်က မပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့
ပွဲစီစဉ်သူကို ထောင်ချဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေဖတ်ရပါတယ်ဘုရား။ အဲဒီအကြောင်းလေး ပြောပြပေးပါဦးဘုရား။
ဖြေ – မိတ္ထီလာမြို့မှာ ဘင်္ဂါလီအကြမ်းဖက်မှု ရှုတ်ချပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့တာပါနော်။ မိတ္ထီလာက ပွဲစီစဉ်သူတွေကလည်း ၀ဏ်လွှာတောင်းတယ်၊
နောက်၊ မန္တလေးကသွားမယ့် မျိုးချစ်ရဟန်းတော်များ သမဂ္ဂကလည်းသ၀ဏ်လွှာဖတ်ဖို့ တစ်ပါတည်း ယူသွားတယ်ပေါ့။ ဒီနေ့ပဲ (အောက်တိုဘာ ၂၉) ဖုန်းသတင်းရတာပေါ့နော်။
ပွဲစီစဉ်တဲ့သူတွေကိုလည်း ရဲစခန်းခေါ်ထားပြီ၊ တာဝန်ခံလျှောက်ထားတဲ့ ဦးမောင်ထွန်းကိုတော့ အချုပ်ခန်းထဲ ထည့်ထားပြီ။ သူတို့ကို ငြိမ်းစုစီဥပဒေအရ ထောင်တစ်လချနိုင်တယ်ဆိုပြီး
လှမ်းအကြောင်းကြားတာပေါ့နော်။ မူလတင်ပြတုန်းက အဲဒီအစီအစဉ်မပါဘူး။ တင်ပြတုန်းကမပါတဲ့အတွက် အခုလို တရားစွဲရခြင်းဖြစ်တယ်လို့ ပြောကြတယ်။ ညနေ ၄ နာရီလောက်မှာတော့
ပြန်လွတ်လာတယ်။ ၁ နာရီကနေ ၃ နာရီခွဲဆိုတော့ နှစ်နာရီခွဲလောက် အချုပ်ထဲမှာ နေလိုက်ရတာပေါ့။ အချုပ်ကလွတ်ပြီး တရားရုံးကို တန်းသွားတဲ့အခါ တရားရုံးက
ချက်ခြင်းပဲ ငွေဒဏ် တစ်သောင်းနဲ့ ပြီးအောင်လုပ်ပေးလိုက်တာပေါ့နော်။ အခုတော့ ငွေဒဏ်ဆောင်ပြီး ကိစ္စအားလုံး ပြီးသွားပြီလို့ သိရပါတယ်။

မေး – နောက်တစ်ခုက အတုမရှိအစား ပြန်လည်ထုတ်ဝေတဲ့ ပြည်ချစ်သားဂျာနယ်ကို အရှင်ဘုရားက ဦးစီးပြီး လမ်းညွှန်မှုတွေပေးမယ်လို့ ကြေညာတာနဲ့ပတ်သက်ပြီး
သာသနာရေးက စစ်ဆေးမေးမြန်းမှုတွေ လုပ်တယ်လို့ သိရပါတယ်ဘုရား။ ဆိုတော့ သူတို့က ဘာတွေ မေးတာလဲဘုရား။ အဲဒီအမေးမှာရော အရှင်ဘုရားဘက်က ဘာတွေများ ပြောစရရှိမလဲဘုရား။
ဖြေ – ဟုတ်ပါတယ်။ တိုင်းသာသနာရေးဒုဦးစီးမှူးက ဖုန်းဆက်တာပါ။ ပထမတော့ လူကိုယ်တိုင်လာလျှောက်ဖို့ သူကလျှောက်ထားတာပါ။ ဒါပေမယ့် ဖုန်းထဲကမေးလို့ရရင်
ဖုန်းထဲကပဲ လျှောက်တော့မယ်လို့ သူကပြောတယ်။ အချက်အလက်တွေ မေးပြီးတော့ သူက အတည်ပြုတာပေါ့နော်။ ဂျာနယ်ရုံးချုပ်က ပြင်ဦးလွင်မှာဆိုတာ ဟုတ်လား၊
မန္တလေးရုံးက သဟာယကျောင်းမှာဆိုတာဟုတ်လား၊ ရန်ကုန် ရုံးက သင်္ဃန်းကျွန်းမှာဆိုတာဟုတ်လား၊ အရှင်ဘုရား အကြံပေးပုဂ္ဂိုလ်လုပ်မယ်ဆိုတာ ဟုတ်လား စသည်ဖြင့်ပေါ့လေ။
ဦးဇင်းက သူ့မေးခွန်းတွေဖြေပြီး မေးခွန်းပြန်မေးတယ်။ ဒကာကြီးက ဒါတွေဘာလို့ သိချင်တာတုန်းဆိုတော့ မဖြေနိုင်ဘူးပေါ့နော်။ ဒါနဲ့ ဒကာကြီးတို့ သာသနာရေးနဲ့ မဆိုင်ဘူး၊
ဒါတွေ မေးစရာမလိုဘူးလို့ ပြောလိုက်တာပေါ့နော်။ ဆိုတော့ အထက်ကမေးခိုင်းတယ်ပဲ ပြောတာပေါ့နော်။ နောက် တိုင်းဒေသကြီးအစိုးရကပါလို့ ပြောလာတယ်။
အဲဒါနဲ့ ဒကာကြီး အစီရင်ခံစာတင်တဲ့အခါ ဘုန်းကြီးလုပ်သမျှ အဲဒီလို ဒုက္ခလိုက်ပေးနေမယ်ဆိုရင် ဒကာကြီးတို့ အစိုးရက သာသနာဖျက် အစိုးရကြီးဖြစ်သွားလိမ့်မယ်လို့ ပြန်မှာလိုက်တယ်။

မေး – ဘားအံမှာ လုပ်ခဲ့တဲ့ပွဲနဲ့ပတ်သက်ပြီး RFAနဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ အင်တာဗျူး ၁၁ မိနစ်ကျော်မှာ အစွန်းရောက်ဗုဒ္ဓဘာသာတွေလို့ သုံးသွားတာတွေ့ပါတယ်ဘုရား။
အဲဒါနဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲဘုရား။
ဖြေ – မေးသွားတဲ့ ဒကာကြီးက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ အမည်ပေးထားတဲ့ ဘင်္ဂါလီတွေဘက်က အမြဲတမ်းဘဲ ထောက်ခံနေတဲ့သူပေါ့နော်။ အခုတော့ သူရဲ့ သဘောထားက
ပိုပြီးပေါ်လွင်သွားတာပေါ့နော်။ ပြောချင်တာက ဗုဒ္ဓဘာသာတရားက အစွန်းမရောက်ဘူး၊ ဘာသာဝင်ကသာ
အစွန်းရောက်ချင် ရောက်လိမ့်မယ်။ ဒါပေမယ့် ဦးခင်မောင်စိုးတို့ လိုလားယုံကြည်တဲ့ ဘာသာထဲက ကျမ်းစာမှာ သို့မဟုတ် သူတို့ရဲ့ ဘာသာတရားကိုယ်တိုင်ကိုယ်က ကာဖိရ်တွေကိုသတ်ဖို့တိုံ၊ ဂျီဟတ်လုပ်ဖို့တို့၊ နည်းမျိုးစုံနဲ့ နယ်မြေတွေ ထူထောင်ဖို့တို့ တိုက်တွန်းထားတာပေါ့နော်။ ဆိုတော့ အဲဒီဘာသာကသာ အစွန်းရောက်တာဖြစ်ပြီး ဗုဒ္ဓဘာသာက အစွန်းမရောက်ဘူးလို့ ပြောချင်ပါတယ်။

မေး – တစ်ဆက်တည်းမေးချင်တာက အရှင်ဘုရားတက်ခဲ့တဲ့ ဘင်္ဂါလီဆန့်ကျင်ရေးပွဲတွေမှာပေါ့ဘုရား ဆူးလေပွဲမှာတုန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြင်းပြင်းထန်ထန်
ဝေဖန်ခဲ့တာတွေ ရှိတယ်ပေါ့ဘုရား။ နောက် ဘားအံပွဲမှာကျတော့ အရှင်ဘုရားရဲ့ သဘောထားက နည်းနည်းလေးပြောင်းသွားပြီးတော့ မန္တလေးပွဲမှာကျတော့ ဒေါ်အောင်ဆန်းစုကြည်ပုံကိုင်ပြီးတော့
We Stand With You ဆိုပြီး တွေ့ရတယ်ပေါ့ဘုရား။ အရှင်ဘုရားရဲ့ သဘောထားတွေအပြောင်းအလဲရှိတဲ့သဘောလားဘုရား။ ဘယ်လိုသုံးသပ်လို့ရမလဲ။
ဖြေ – အဲဒါကတော့ နိုင်ငံရေးစံပေါ်မှာ စကားပြောသွားတာပေါ့။ ဆူးလေမှာလုပ်တုန်းက ရခိုင်မှာ အကြမ်းဖက်မှုတွေက ပြင်းထန်နေတယ်။ ရခိုင်တိုင်းရင်းသားတွေ နေရပ်စွန့်ခွာနေရတယ်။
လွှတ်တော်ကလည်း ဟိုဟာတွေကို မဲခွဲကန့်ကွက်လိုက်၊ ဒီဟာတွေကို မဲခွဲကန့်ကွက်လိုက်နဲ့ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အလေးမထားဘူး။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ
ပုဂ္ဂိုလ်ကြီးကလည်း သတင်းထုတ်ပြန်တာကလွဲလို့ အစီအမံတွေ ဘာမှ ထူးထူးခြားခြားအကောင်အထည်ဖော်မပေးဘူး။ အဲတော့ ရခိုင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တအားကြီးကို စိုးရိမ်မိပြီးတော့ ကရုဏာဒေါသောနှင့်နိုင်ငံတော်အတိုင်ပင်ခံကို ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့တာပေါ့လေ။ အဓိကကတော့ ရခိုင်ပြည် မောင်တောမြို့ မကျဆုံးရေးနဲ့ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးပေါ့နော်။
ဥပမာ-သားအမိချင်းပဲဖြစ်စေကာမူ ပထမတော့ အေးအေးဆေးဆေးဆွေးနွေးကြတယ်၊ နောက်တော့ အရှိန်မြင့်လာတယ်။ နောက်ဆုံးကျတော့ ခွန်းကြီးခွန်းငယ် အော်ဟစ်ပြီးတော့ ငြင်းခုန်ကြတဲ့အဆင့်အထိ၊ တောင်းဆိုကြတဲ့အဆင့်အထိ ရောက်လာတာမျိုးပေါ့နော်။ ဆူးလေအခန်းအနားကတော့ အဲဒီသဘောတရားပါပဲ။
ပထမဦးဆုံး ဆူးလေအခမ်းအနားမတိုင်ခင်ဖြစ်ပေါ်နေတာကတော့ လုံခြုံရေးတပ်တွေနဲ့ ဘင်္ဂါလီတွေနဲ့ပဲဆိုင်တာ။
အစိုးရနဲ့ အကြမ်းဖက်သမားတွေနဲ့ပဲဆိုင်တာ။ ကရင်ပြည်နယ်အခမ်းအနားကျတော့ နိုင်ငံရေးရာသီဥတုပြောင်းလဲသွားပြီ။ မွတ်ဆလင်ကမ္ဘာနဲ့ မြန်မာနဲ့ ဖြစ်တဲ့အခြေအနေမျိုး ရောက်သွားပြီ။
အစိုးရအားရှိမှ ပြည်သူကို အကာအကွယ်ပေးနိုင်မှာ။ အစိုးရအားရှိဖို့အတွက် ပြည်သူလူထုက အစိုးရနဲ့အတူ ရပ်တည်ဖို့လိုတယ်ပေါ့နော်။
အဲဒါကြောင့်မို့လို့ ကရင်ပြည်နယ်မှာ တိုင်းရင်းသားအားလုံးဟာ အစိုးရနဲ့အတူ ရှိသင့်တဲ့အကြောင်းကို ပြောခဲ့တာပေါ့။
မန္တလေးပွဲကျတော့ ဒီထက်ပိုသွားပြီ အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီ။ လုံခြုံရေးကောင်စီတင်မယ်တို့၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်တယ်တို့ အဲဒီအဆင့်ထိကိုရောက်သွားပြီ။
အစိုးရအပေါ်ကျရောက်နေတဲ့ နိုင်ငံတကာဖိအားတွေကို ဖယ်ရှားလိုတဲ့အနေနဲ့ တန We Stand With You ဆိုပြီးတော့ အစိုးရခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တစ်သားတည်းရှိတဲ့အကြောင်းကို
ပြဆိုလိုက်တာပေါ့နော်။ အဲဒီလို ရာသီဥတုအခြေအနေအရ ကစားကွက်ပြောင်းလဲရတဲ့သဘောပါ။ ၀ီရသူရဲ့ရပ်တည်မှုကတော့ အရင်အတိုင်းပါပဲ။
အမျိုးသားရေးဝါဒဘက်ကနေ တစ်ဆံခြည်မျှင်မှ ပြောင်းရွှေ့မသွားပါဘူး။
(ဆက်လက်ဖော်ပြပါမည်)

မြန်မာ့ဥဒါန်းဂျာနယ် အမှတ်(၁)၊ အောက်တိုဘာ (၄)၊ ၂၀၁၇