သတင်း

ဝီရဝံသအဖွဲ့၏ အထူးအစည်းအဝေး အမှတ် – ၂/၂၀၂၀

ဝီရဝံသအဖွဲ့၏ အထူးအစည်းအဝေး အမှတ် – ၂/၂၀၂၀

ထုတ်ပြန်ကြေညာချက်

၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၃ ရက်)

၁။ ဝီရဝံသအဖွဲ့သည် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊

ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒန္တဝိစိတ္တာဘိဝံသ

(ဝီရသူ-မစိုးရိမ်) အကျဉ်းထောင်တွင် အကျဉ်းစံဘဝဖြင့်

သီတင်းသုံးနေစဉ်ကာလအတွင်း ဆွမ်းဝေယျာဝစ္စနှင့်

လိုအပ်ရာရာကိစ္စများအတွက် စီမံဆောင်ရွက်ေ​​ပးရသည့်အဖွဲ့

ဖြစ်ပါသည်။

၂။ ဆရာတော် အကျဉ်းထောင်သို့ ကြွရောက်ပြီးနောက်

ရှေ့နေငှားရမ်းရန်ကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းကြည့်ရာ

ကိုယ်တိုင်ထုချေရှင်းလင်းမည်ဖြစ်ကြောင်း ပြန်လည်ဆက်သွယ်

မိန့်ကြားခဲ့ပါသည်။

၃။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ဆရာတော်က

ရှေ့နေငှားရမ်းမည်ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်မိန့်ကြားပြီး

သင့်လျော်ရာ ရှေ့နေတစ်ဦးဦးကို စီစဉ်ထားရန် ညွှန်ကြားလာ

ပါသည်။

၎။ ဝီရဝံသအဖွဲ့အနေဖြင့် နိုင်ငံတော်သြဝါဒါစရိယ

အင်းစိန်ရွာမဆရာတော်ကြီးထံ​တော်​သို့ သြဝါဒခံလျှောက်

ထားခဲ့ရာ တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်နှင့်

ဆက်သွယ်ဆောင်ရွက်ရန် သြဝါဒချီးမြှင့်ခဲ့ပါသည်။

၅။ ထို့​ကြောင့် ဝီရဝံသအဖွဲ့က တရားလွှတ်တော်ရှေ့နေ

ဦးကျော်ကျော် (စဉ်-၃၉၀၈) ထံ ဆက်သွယ်၍ ၎င်းနှင့်အတူ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် အင်းစိန်အကျဉ်း

ထောင်သို့ သွားရောက်ကာ ဆရာတော်ထံမှ ရှေ့နေလိုက်ပါ

ဆောင်ရွက်ခွင့် ခွင့်ပြုချက်ရယူခဲ့ရာ ဆရာတော်က ခွင့်ပြုခဲ့ပြီး

ဆရာတော်၏ ညွှန်ကြားချက်များ ရယူနိုင်ရန်အတွက်

တွေ့ဆုံခွင့်တောင်းခံခြင်းများ ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

၆။ သို့ဖြစ်ပါ၍ ဆရာတော်နှင့် တွေ့ဆုံပြီးလျှင်​ ဥပဒေ

အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းရန်နှင့် ရန်ကုန်၊ မန္တလေးရှိ

အခြားသောရှေ့နေများကို လိုက်ပါဆောင်ရွက်ခွင့်

ထပ်မံတိုးချဲ့ရန် မိန့်ကြားလာပါက ဆရာတော်၏

မိန့်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်

ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

#ဝီရဝံသအဖွဲ့

ဘဒန္တ​ကေသရ – ၀၉ ၆၈၆၈၂၆၉၀၄

ဦးဝင်းကိုကိုလတ် – ၀၉ ၇၇၂၁၇၇၉၆၉

ဦးလပြည့်ဇင် – ၀၉ ၄၅၀၀၅၉၅၈၂

ဦးကိုကိုဦး – ၀၉ ၆၉၄၅၃၉၉၆၉