သတင္း

ဝီရသူစပြန္ဆာနဲ႔ ေက်ာင္းတက္ေနတဲ့ ဆရာဝန္ေလာင္းလ်ာေလးပါ

မေကြးတုိင္း၊ ေပါက္ၿမဳိ႕နယ္က ေက်ာင္းသားေလး မင္းဘဦး ျဖစ္ပါတယ္။ စာေရးသူႏွင့္အတူထုိင္ေနတဲ့ အရွင္အရိယဝံသ(ေပါက္ကိုယ္ေတာ္)ရဲ႕ ဇာတိၿမဳိ႕နယ္ကပါ။ ေပါက္ကိုယ္ေတာ္က သူ႔ကေလးအတြက္ စပြန္ဆာရွာေပးေနတုန္း အုိးဘိုသို႔ ပါေတာ္မူသြားတာေၾကာင့္ စာေရးသူကပဲ ေထာက္ပံ့ေပးခဲ့ရတာပါ။

အခုေတာ့ ပထမႏွစ္ ေအာင္ျမင္သြားပါၿပီ။ စာေမးပြဲေအာင္တဲ့အေၾကာင္း လာေလွ်ာက္ရင္း ၾသဝါဒခံယူတာပါ။ ေဆးေက်ာင္းသားႀကီးဆိုေပမယ့္ ကေလးအရြယ္ပဲ ရွိပါေသးတယ္။ ပရိတ္ပ႒ာန္းေတြ အလြတ္ရပါသတဲ့ဗ်ာ။ အၿမဲတမ္း ရြတ္ဖတ္ပူေဇာ္ပါသတဲ့ဗ်ာ။

စတင္ေထာက္ပံ့ခါစက တစ္လငါးေသာင္းသာ ေထာက္ပံ့ႏိုင္ပါတယ္။ တစ္ငါးေသာင္းေထာက္ပံ့ခဲ့တဲ့အထဲက သံုးေယာက္ ဆရာဝန္ျဖစ္သြားပါၿပီ။ အခုေနာက္ပိုင္းေတာ့ တစ္လတစ္သိန္း ေထာက္ပံ့ပါတယ္။ တစ္လတစ္သိန္းေထာက္ပံ့တဲ့အထဲက သံုးေယာက္ကိုေတာ့ ဝီရသူေဖာင္ေဒးရွင္းက လြဲယူေထာက္ပံ့ေနပါၿပီ။ ဒီႏွစ္မွ ပညာသင္စရိတ္ေလွ်ာက္ထားသူမ်ားကိုလည္း ဝီရသူေဖာင္ေဒးရွင္းကပဲ တာဝန္ယူေထာက္ပံ့ေနပါတယ္။

ေဆးေက်ာင္းသားေလး မင္းဘဦးႏွင့္အတူ ေက်ာင္းသား/သူမ်ားအားလံုး ဘြဲ႔ရပညာရွိႀကီးေတြ ျဖစ္ၾကသည့္တုိင္ ၿပီးေျမာက္ေအာင္ျမင္ေအာင္ ႀကဳိးစားႏိုင္ၾကပါေစ…။

“ဝီရသူစပွန်ဆာနဲ့ ကျောင်းတက်နေတဲ့ ဆရာဝန်လောင်းလျာလေးပါ”

မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျောင်းသားလေး မင်းဘဦး ဖြစ်ပါတယ်။ စာရေးသူနှင့်အတူထိုင်နေတဲ့ အရှင်အရိယဝံသ(ပေါက်ကိုယ်တော်)ရဲ့ ဇာတိမြို့နယ်ကပါ။ ပေါက်ကိုယ်တော်က သူ့ကလေးအတွက် စပွန်ဆာရှာပေးနေတုန်း အိုးဘိုသို့ ပါတော်မူသွားတာကြောင့် စာရေးသူကပဲ ထောက်ပံ့ပေးခဲ့ရတာပါ။

အခုတော့ ပထမနှစ် အောင်မြင်သွားပါပြီ။ စာမေးပွဲအောင်တဲ့အကြောင်း လာလျှောက်ရင်း သြဝါဒခံယူတာပါ။ ဆေးကျောင်းသားကြီးဆိုပေမယ့် ကလေးအရွယ်ပဲ ရှိပါသေးတယ်။ ပရိတ်ပဋ္ဌာန်းတွေ အလွတ်ရပါသတဲ့ဗျာ။ အမြဲတမ်း ရွတ်ဖတ်ပူဇော်ပါသတဲ့ဗျာ။

စတင်ထောက်ပံ့ခါစက တစ်လငါးသောင်းသာ ထောက်ပံ့နိုင်ပါတယ်။ တစ်ငါးသောင်းထောက်ပံ့ခဲ့တဲ့အထဲက သုံးယောက် ဆရာဝန်ဖြစ်သွားပါပြီ။ အခုနောက်ပိုင်းတော့ တစ်လတစ်သိန်း ထောက်ပံ့ပါတယ်။ တစ်လတစ်သိန်းထောက်ပံ့တဲ့အထဲက သုံးယောက်ကိုတော့ ဝီရသူဖောင်ဒေးရှင်းက လွဲယူထောက်ပံ့နေပါပြီ။ ဒီနှစ်မှ ပညာသင်စရိတ်လျှောက်ထားသူများကိုလည်း ဝီရသူဖောင်ဒေးရှင်းကပဲ တာဝန်ယူထောက်ပံ့နေပါတယ်။

ဆေးကျောင်းသားလေး မင်းဘဦးနှင့်အတူ ကျောင်းသား/သူများအားလုံး ဘွဲ့ရပညာရှိကြီးတွေ ဖြစ်ကြသည့်တိုင် ပြီးမြောက်အောင်မြင်အောင် ကြိုးစားနိုင်ကြပါစေ…။