သတင်း

‘ ဓမ္မသဟာယ တစ်ရက်တာ ဆွမ်းအလှူတော် ’

‘ ဓမ္မသဟာယ တစ်ရက်တာ ဆွမ်းအလှူတော် ’
——————————————————————–—
မန္တလေး၊ မဟာအောင်မြေမြို့ နယ်၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၌ သီတင်းသုံးနေထိုင်တော်မူသော နာယက၊ စာချ၊ စာသင် သံဃာတော်များအား ဧရာဝတီတိုင်း၊ ကြံခင်းမြို့ နေ ဆွမ်းအလှူရှင်များက အရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်ခြင်း ဖြစ်သည်။

၈၄ခု၊ ၀ါဆိုလကွယ် (27.7.2022)ရက်နေ့၌ ဆက်ကပ်ခြင်းဖြစ်ကာ အရုဏ်ဆွမ်းအဖြစ် ပေါက်စီနှင့် အခြား ခဲဖွယ်များ၊ နေ့ဆွမ်းအဖြစ် ကြက်ဆီထမင်းနှင့် အခြားဘောဇဉ်များ ကပ်လှူကြခြင်း ဖြစ်ပါသည်။

ကြံခင်းမြို့ ၊ ငါးသုံးလုံးမုန့်တိုက်၊ ဦးမြင့်စိုးအောင် + ဒေါ်လဲ့လဲ့ မိသားစုက ကပ်လှူခြင်းဖြစ်ကာ ဆွမ်းဒကာ ဦးမြင့်စိုးအောင်၏ အသက် (၅၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ဖြစ်ကြောင်း သိရပါသည်။
ဓမ္မသဟာယကျောင်း၌ ၀ါဆိုသံဃာ သုံးဆယ်ကျော်ရှိရာ ကျောင်းတိုက်တာဝန်များအတိုင်း စာတက်၊ စာကျက်၊ စာပြန်၊ စာဖြေ၊ ဘုရားဝတ်ပြုများ စုပေါင်းပြုလုပ်ရသည့်အပြင် ဓမ္မသဟာယကျောင်း၌ မနက် ၅း၀၀ နာရီ ဘုရားဝတ်တက် ပဋ္ဌာန်းရွက်ကာ ဂုဏ်တော်ပွား (နမော တဿ တရားထိုင်) ရကြောင်း သိရှိရပါသည်။