ဝီရသူဖောင်ဒေးရှင်းသတင်း







ဆက်သွယ်ရန်

“ဝီရသူဖောင်ဒေးရှင်း ကျန်းမာရေးအလှူတော်”

3.2.2020 ရက်နေ့၊ မွန်းလွဲ ၃း၀၀ နာရီ၊ မန္တလေးမြို့၊ အရိုးအထူးကုဆေးကြီးမှာ သွားရောက်လှူဒါန်းခဲ့တာပါ။
ဖောင်ဒေးရှင်းနာယကဆရာတော်လေး အရှင်ကောဝိဒ(မိုးတိမ်-ရွှေကာ)နှင့် တာဝန်ခံ ဦးမိုးကိုတို့ဦးဆောင်တဲ့ အဖွဲ့သားများ လိုက်ပါကြပြီး အလှူငွေ ၁၀၀၀၀ဝိ(တစ်သိန်းကျပ်) လှူဒါန်းခဲ့ပါတယ်။

လူနာက မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြို့ခင်းသာရွာ၊ ဦးချစ်စန်းဖြစ်ပြီး လက်ခိုက်မိဒဏ်ရာဖြစ်ပါတယ်။
ခါတိုင်းမှာ လူနာအတွက် သက်ရှည်ကျန်းမာ စိတ်ချမ်းသာစေရန် ပရိတ်တရားရွတ်ဖတ်ချီးမြှင့်နေကျဖြစ်သော်လည်း လူနာက ခွဲစိတ်ခန်းဝင်နေလို့ အလှူငွေပဲ ပေးအပ်လှူဒါန်းခဲ့ရတာပါ။

ဝီရသူဖောင်ဒေးရှင်းကို
ဆရာတော်ဦးဝီရသူ၏ ကူညီကယ်ဆယ်ရေး၊ ပညာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲမရှိစေရေး ဝန်းရံ ပံ့ပိုး ပါရမီဖြည့်ဆည်းရန်ရည်ရွယ်၍ 9.9.2019နေ့တွင် ဦးမိုးကို +ဒေါ်ခိုင်မာဝင်း (MKကျောက်မျက်ရတနာ)မိသားစုက ဦးစီးတည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

ပညာရေးကဏ္ဍမှာ တက္ကသိုလ်ကျောင်းသား/သူ လေးဦးအတွက် လစဉ် ခြောက်သိန်းကျော် ထောက်ပံ့ပေးလျက်ရှိပါတယ်။

ဝီရသူဖောင်ဒေးရှင်းမှာ အသင်းဝင်ခြင်းဖြင့် အမျိုးဘာသာ သာသနာအကျိုးကို လက်တွေ့သယ်ပိုးနိုင်ပါပြီ။

ဆက်သွယ်ရန်
ဦးကောဝိဒ(မိုးတိမ်-ရွှေကာ) 09 696 776 969